ယေဇကျေလအနာဂတ္တိကျမ်း ၁၄

() ရုပ်တုဆင်းတုနောက်လိုက်သော သက်ကြီးသူများအား ကြိမ်းမောင်းခြင်း (အခန်း ၁၄)

          ၁၄:၁၁ ရုပ်တုဆင်းတုဝါဒီ ဣသရေလသက်ကြီ:သူအချို့သည် ဘုရားသခင်ထံမှ အကြံဉာဏ်ရယူရန် ယေဇကျေလထံ ရောက်ရှိလာကြသည်။ ထိုအခါ ဘုရားသခင်က ပရောဖက်အားဖြင့် မဟုတ်ဘဲ ထိုသက်ကြီးသူရုပ်တုဝါဒီများသို့ တိုက်ရိုက် ပြောဆို ကြိမ်းမောင်းသည်။ အကယ်၍ ပရောဖက်သည် ရုပ်တုပရိသတ်အကြိုက် လိုက်လျောလျှင်လည်း စုံစမ်းသူများနှင့်အတူ အရေးယူ အပြစ်းပေးခံရမည်။

၁၄:၁၂−၂၀ နောဧ၊ ဒံယေလနှင့် ယောဘကဲ့သို့သော ဖြောင့်မတ်သူ သုံ:ဦး ထိုအရပ်၌ ရှိနေလျှင်သော်မှ ငတ်မွတ်ဘေး၊ သားရဲဘေး၊ စစ်မက်ဘေး၊ ရောဂါဘေးဆိုးတို့ကို မဖြစ်ပွားစေဘဲ ရှောင်ကွင်းပေးမည်မဟုတ်ကြောင်း ဘုရားသခင်က ပြောလိုက်သည်။ ဤပရောဖက်ပြုချက်ကို ယေဇကျေလဟောကြားနေချိန်၌ ဒံယေလသည် နေဗုခပ်နေဇာ၏ နန်းတော်ထဲတွင် သက်ရှိထင်ရှား ရှိနေဆဲဖြစ်ရာ၊ သူ့ကို ရှေးဖြောင့်မတ်သူများနှင့် တတန်းတည်းထားရေတွက်ဝင်စေကြောင်း တွေ့ရသည်။ ဤယနေ့ခေတ်တွင် ရှေးခေတ်ကာလကဲ့သို့ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်မှုတံခွန်ထူနိုင်သူမရှိနိုင်ဟု ဆိုခြင်းမှာ မမှန်ကန်ပေ။ ယုံကြည်ခြင်းသစွာအားဖြင့် ဖြောင့်မတ်ခြင်းစံမီသူများ ရှိပါသည်။ စာရှုသူအဆွေ− သင်သည် ထိုသူများလက်ထဲကတစ်ယောက် အဝင်အပါ ဖြစ်ပါသလား။

၁၄:၂၁−၂၃ အကယ်၍ ဘုရားသခင်သည် ကြီးလေးသော ပြစ်ဒဏ်စီရင်ပါက မည့်သည့်အရပ်ဒေသမှ ခံရပ်နိုင်မည်မဟုတ်။ ဘုရားရှင်၏ ဗိမာန်တော်တည်ရှိရာ ယေရုရှလင်မြို့တော်သည်လည်း မည်သို့ခံရပ်နိုင်မည်နည်း။ သို့သော်မည်သို့ စီရင်စေကာမူ ဘုရားသခင်၏ ဖြောင့်မတ်သော စီရင်တော်မူခြင်းအကြောင်းကို သက်သေခံမည့်သူ ကျန်ကြွင်းသူအချို့ကို ခြွင်းချန်ထားရှိမည် သာဖြစ်ပါသည်။ အကျင့်စာရိတ္တချွတ်ခြုံကျမှု၊ ကိုယ်ဝန်ဖျက်ချမှု၊ ရုပ်တုကိုးကွယ်မှု၊ မူးယစ်သောက်စားမှုနှင့် လောကီတပ်မက်မှုတို့ဖြင့် တင်းကြမ်းပြည့်နှက်နေသော ယနေ့ကမ္ဘာကြီးသည် ထိုစီရင်ခြင်းနှင့် ကင်းလွတ်မည်လား။

ယုဒလူများ၏ အပြစ်သည် နောဧ၊ ဒံယေလနှင့် ယောဘကဲ့သို့ ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သူများ ကြားခံဖြေလျှော့့ပေးသည်တိုင်၊ ခွင့်လွတ်နိုင်စရာမရှိအောင် ကြီးမားလှသည်။ ဒုစရိုက်မူ၊ အကြမ်းဖက်မူ၊ အကျင့်စာရိတ္တချွတ်ခြုံကျမူ၊ ကိုယ်ဝန်ဖျက်ချမူ၊ ရုပ်တုကိုးကွယ်မူ၊ မူးယစ်သောက်စားမူ၊ လောကီတပ်မက်မူတို့ဖြင့် တင်းကြပ်ပြည့်နှက်နေသော ယနေ့ကမ္ဘာကြီးသည် ထိုစီရင်ခြင်းနှင့်ကင်းလွတ်မည်လား။

Previous Article
Next Article