ယေဇကျေလအနာဂတ္တိကျမ်း ၂၂

() ယေရုရှလင်ညစ်ညမ်းခြင်း ဗျာဒိတ်တော်()ပါး (အခန်း၂၂)

၂၂:၁−၁၂ ယေရုရှလင်၏ အပြစ်ဒုစရိုက်များကို ဖော်ပြသည်။ သွေးချောင်းစီးခြင်း(ငယ်၉) (လူ့အသက်ဖြင့် ယဇ်ပူဇော်ခြင်းလည်းပါနိုင်သည်)။ ရုပ်တုဆင်းတုကိုးကွယ်ခြင်း(ငယ် ၃−၄)၊ လူသတ်ခြင်း၊ သူစိမ်းဧည့်သည်များ၊ မိဘမဲ့ကလေးသူငယ်များနှင့် မုဆိုးမများကိုနှိပ်စက်ခြင်း (ငယ်၇)၊ ဗိမာန်တော်ညစ်ညူးစေခြင်း၊ ဥပုသ်နေ့ပညတ်ချက် ချိုးဖောက်ခြင်း(ငယ်၈)၊ ယုတ်ညံ့သိမ်ဖျင်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း(ငယ်၉) ၊ အကျင့်စာရိတ္တညံ့ဖျင်းခြင်း (ငယ်၁၀)၊ သူများအိမ်ယာပြစ်များခြင်း၊ သွေးသားနိးစပ်သူနှင့် ကာမေသုမိစ္ဆာပြုခြင်း (ငယ်၁၁)၊ လာဘ်ပေးလာဘ်ယူပြုခြင်း၊ ငွေတိုးချေးခြင်း၊ နိုင်လိုမင်းထက်ငွေရခြင်း၊ ဘုရားတရားမေ့ခြင်းများ(ငယ်၁၂) ပြုမှားလျက်ရှိ ကြသည်။

၂၂:၁၃−၂၂ ဤသို့မရိုးမသားစီးပွားရှာခြင်း၊ သွေးချောင်းစီးခြင်း ဒုစရိုက်များကြောင့် ဣသရေလလူမျိုးသည် တပါးအမျိုးသားများအကြားတွင် ပြန့်ကြဲကွဲလွင့် ကြမည် (ငယ်၁၃−၁၆)။ ယေရုရှလင်မြို့သည် ကြေးနီကြေးဖြူများ အရည်အသွေးစစ်မိုက် ကဲ့သို့ဖြစ်သည်။ ဣသရေလအမျိုးသည် ရွှေအရည် ကျိုစစ် သကဲ့သို့ စစ်ဆေးခံရကြမည် (ငယ်၁၇−၂၂)။

၂၂:၂၃−၂၄ တဖန် ဘုရားရှင်က ယေဇကျေလအား သင့်ပြည်သည် မိုးရေမခံရသောပြည် ဖြစ်မည် ဟုမိန့်ကြားသည်။ Taylor ကဤသို့ရှင်းပြထားသည်။

ဗျာဒိတ်တော်တွင် ပါရှိသည့်အတိုင်း ထိုပြည်သည် မိုးခေါင်ရေရှားသော အရပ်ဒေသဖြစ်သည်။ ကျမ်းစာပညာရှင်အများစုက Septuagint ၂၄တွင် မိုးရွာသွန်းစေခြင်းကိုစင်ကြယ်စေခြင်းဟု ဆိုသည်။ ထို့ကြောင့်မိုးရေမခံသောမြေမှာ မစင်ကြယ်သောမြေဟု နားလည်သင့်သည်။၂၀

၂၂:၂၅−၃၁ အုပ်စိုးသူမင်းမှစ၍ လူအဖွဲ့အစည်းလူထု လူတန်းစားတိုင်းသည် ထာဝရဘုရားသခင်ရှေ့၌ အပြစ်သားများ ဖြစ်သည်(ငယ်၂၅)။ Septuagint၂၁တွင် မင်းများ “Princes” ဟူသော စကားလုံးကို KJV နှင့် NKJV ကျမ်းမူများ၌ ပရောဖက်များနှင့် ငယ်၂၆တွင် ပါရှိသည့် ယဇ်ပရောဟိတ်များလည်း ပါဝင်သည်။ တရားသူကြီးများ(ငယ် ၂၇)၊ ပ​ရောဖက်များ(ငယ် ၂၈)၊ လူအပေါင်း(ငယ် ၂၉)၊ သည်လည်း အပြစ်သားများ ဖြစ်သည်။ ဘုရားသခင်ရှေ့၌ ရပ်တည်နိုင်အောင် သန့်ရှင်းသူ တစ်ဦးမျှ မရှိ။ ထိုပြည်၌ ယခင်ကလည်းမရှိ၊ ယခုလည်းမရှိ(ငယ် ၃၀−၃၁)။

ဘုရားသခင်သည် လူနှင့်ဘုရားသခင်အကြား ကွာဟမှုကို အခြားနည်းလမ်းကိုသာ မရှာကြံဘဲ ဆက်စပ်ဖြည့်ဆည်းခြင်း နည်းလမ်းကိုသာ ကြံဆသည်။ တစ်စုံတစ်ဦး၏ ပယောဂကြောင့် လူနှင့်ဘုရားသခင်ဝေးကွာ၍ ကွဲပြားခြားခဲ့ပြီ။

Previous Article
Next Article