ယေဇကျေလအနာဂတ္တိကျမ်း ၃၉

၃၉:၁−၆ ဂေါဂ၏ အပေါင်းပါ လူအစုအဝေးသည် ဣသရေလတောင်ပေါ်မှာ အလုံးစုံသေကြေ ပျက်စီးကြလိမ့်မည်။ အပိုဒ်ငယ်-၃၌ ပါရှိသော လေးနှင့်မြှားတို့ကို မလိုတော့ဟူသည်မှာ အနာဂတ်ကာလစစ် ပွဲတွင် ကျောက်ခေတ်လက်နက်ကို ပြန်လည်စွဲကိုင်သည့် ဒုံရင်းဘဝသို့ ပြန်ရောက်မည်ဟု ဆိုလိုခြင်းဖြစ်သည်။၃၇ အဘယ်ကြောင့် ဤသို့ဖြစ်နိုင်ပါ့မည်နည်း။ ဖြစ်နိုင်ဖွယ်အဖြေတခုမှာ ကမ္ဘာ့စစ်အင်အားလွန်ကြီးများက အသန်အပြိုင်ကြိုးပမ်းတီထွင်နေသော စစ်ရေးရ ချိုင့်ဝှမ်းအနှံ့အပြားတွင် ဂေါဂလူတို့၏ အလောင်းများကို မြှုပ်နှံသင်္ဂြိုလ်ရသည်။ ထိုအလုပ်ကို ၇−လတိုင်တိုင်လုပ်ဆောင်ရသည်။

၃၉း ၁၇ -၂၀ မြင်းများနှင့် မြင်းသည်တော်တို့၏‌အလောင်းကောင်များသည် လင်းတနှင့်အသားစား ငှက်များအတွက် ပွဲ‌တော်ကြီးဖြစ်မည်။

၃၉:၂၁−၂၄ ထိုနေ့ရက်ရောက်သောအခါ တပါးအမျိုးသားတို့က ဣသရေလတို့အား ဖမ်းဆီးကျွန်ပြုနိုင်ခြင်းမှာ ဘုရားသခင်က ဣသရေလတို့ကို မကာကွယ်နိုင်၍ မဟုတ်ကြောင်း၊ သူတို့၏မစင်ကြယ်မှု၊ ဆိုးညစ်ဖောက်ပြန်မှုက သူတို့အား ထိုအဖြစ်ဆိုးကို ကြုံတွေ့စေခြင်းဖြစ်ကြောင်း သိနားလည်လာကြမည်။

၃၉:၂၅−၂၉ ဣသရေလလူမျိုးတို့၏ ပြန်လည်ထူထောင်ခြင်းသည် ပြီးမြောက်အောင်မြင်မည်။ သူတို့၏ ရှက်ရွံ့ဖွယ်ဖြစ်ရပ်ဟောင်းများကို မေ့ပျောက်လျက် ဣသရေလအိမ်တော်အပေါ် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းတော်မူသော ဘုရားသခင်ကို သိကျွမ်းလာကြမည်။

Previous Article
Next Article