ယေဇကျေလအနာဂတ္တိကျမ်း ၃

၃:၁−၃ ယေဇကျေလကလည်း အမိန့်အတိုင်း စာလိပ်ကို ဝါးမြိုစားချလိုက် သည်။ ဗျာဒိတ်ကျမ်းစီရင်သူ တမန်တော်ယောဟန်သည်လည်း စာလိပ်ကို စားခဲ့ဖူးသည်(ဗျာ၊ ၁၀:၈−၁၀)။ ပရောဖက်နှင့် သွန်သင်သူတိုင်း နှုတ်ကပတ်တော်ကို မိမိဖြစ်ခြင်းထဲ စိမ့်ဝင်ပျံ့နှံ့အောင် နှလုံးသွင်းခြင်းကိုဆိုလိုသည်(၃:၁၀)။

() လူ့သဘောသဘာဝ ရိုင်းပျခြင်းနှင့် စိတ်နှလုံးမာကြောခြင်း (:၁၁)

စိတ်နှလုံးမာကြောခက်ထန်၍ နာခံခြင်းမရှိ၊ မထုံတက်တေးလူမျိုးထံသို့ ယေဇကျေလအား စေလွှတ်မည်ဟု ထပ်မံအတည်ပြုသည်။ (ဤနေရာတွင် ယုဒလူမျိုးကို ဣသရေလဟုသုံးနှုန်းသည်)။ ဘာသာစကားအတားအဆီးကို ကျော်လွှားဖို့ မခက်ခဲပါ။ ကျော်လွှားဖို့ အခက်ခဲဆုံးမှာ မနာခံ၊ ပုန်ကန်တတ်သော စိတ်နှလုံးအတားအဆီးဖြစ်ကြောင်း သာသနာပြုဆရာများက ပြောလေ့ရှိပါသည်။ ယေဇကျေလသည် ထိုသို့ပုန်ကန် ခက်ထန်သည့် စိတ်နှလုံးရှိသော ဇာတိမြေမှယုဒလူများနှင့် ဖမ်းဆီးခံ ယုဒလူများထံ ဟောပြောရန်စေလွတ်ခြင်း ဖြစ်သည်။ ကြောက်ရွံ့ခြင်း မရှိရန် လိုအပ်သည်။

ဘုရားသခင်၏ စစ်မှန်သောအစေခံသည် တည်ကြည်ကြန့်ခိုင်သော စိတ်နှလုံးရှိရန် လိုအပ်သော်လည်း ခက်ထန်မာကြောသော စိတ်နှလုံးမရှိရပါ။

() ပရောဖက်၏ အခန်းကဏ္ဍ ကင်းစောင့်သူ (:၁၂၂၁)

          :၁၂၁၅ ထို့နောက် ဘုရားသခင်သည် ယေဇကျေလအား ခေဗာမြစ်နားသို့ ဆောင်ကြဉ်းသွားပြီး ၇−ရက်ပတ်လုံး ငြိမ်သက်တိတ်ဆိတ်စွာ နေစေ၏။ ထိုအကြောင်းကို Kyle Yates က ဤသို့ဖော်ပြသည်။

ဘုရားသခင်က ယေဇကျေလအား သူ့နေအိမ်မှ ဖမ်းဆီးခံရသူများကို နေရာချထားသော တေလဗိရွာနားသို့ ခေါ်ဆောင်သောအခါ ငြင်းဆိုတင်းခံခြင်းငှါ မတတ်နိုင်တော့ဘဲ စိတ်နှလုံးမသာမယာလိုက်ရ၏။ ဘုရားသခင်ကစိတ်ရှုပ်ထွေးနောက်ကျိနေသော ဖမ်းဆီးခံ ယုဒလူတို့ထံ ချက်ချင်းနှုတ်ကပတ်တော် ထမပြောစေပါ။ ရက်ပတ်လုံး ငြိမ်ဆိတ်စွာ တွေးတော ဆင်ခြင်စေသည်။ ဖမ်းဆီးခံယုဒလူတို့၏ အခက်ခဲပြသနာများနှင့် မရှိမဖြစ် လိုအပ်သောအရာများနှင့် စိတ်ပျက်သိမ်ငယ်နေသော စိတ်ဓါတ်ရေးရာ အခြေအနေအမှန်ကို သိမြင်လာစေသည်။ ဓမ္မဆရာတစ်ဦးသည် အခန်းပြူတင်းမှတဆင့် မိမိလူတို့၏ ဘဝအသက်တာကို နားလည်အောင် ကြည့်ရှုလေ့လာနိုင်လျှင် သူတို့လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း ကောင်းစွာ ဦးဆောင်နိုင်ပေလိမ့်မည်။

၃:၁၆−၂၁ ယေဇကျေလသည် ဘုရားသခင်၏ စကားတော်အား ကြားပြောသူ၊ အလိုတော်နှင့်မညီသည်များ မလုပ်မိအောင် သတိပေးသူ၊ ကင်းစောင့်သူ ဖြစ်သည်။ အသွေးနှင့်ဆိုင်သော ဒုစရိုက်အပြစ်များကို ဓမ္မဟောင်း(ငယ် ၁၈−၂၀)၌ သာမက ဓမ္မသစ်ကျမ်း သွန်သင်ချက်တွင်လည်း (တမန်၊၂၀:၂၆) တွေ့ရှိရသည်။ ဘုရားသခင်ထံတော်မှ သတင်းစကား သယ်ဆောင်ထားသူသည် အလွန်တာဝန်ကြီး လှပေသည်။ သို့သော် တွေ့လေရာကြုံသမျှ အလေနတော လိုက်လံဟောပြော အပ်သည်မဟုတ်။ ယေဇကျေလကို ဘုရားသခင်က နှုတ်ပိတ်ထားသည်။ ဘုရားသခင်လမ်းဖွင့်ပေးသည့် အချိန်အခါနှင့် အခွင့်အရေးကို စောင့်စေသည်။ ယနေ့ယုံကြည်သူများသည်လညည်း သက်သေခံခြင်းအမှု၌ ဘုရားဦးဆောင်မှုကို အကင်းပါးစွာ နားစ္င့င်အပ်သည်။ တခါတရံ နှုတ်ဆိတ်နေဖို့ လိုသည်။ သို့သော်လည်း သက်သေခံရမည့် အချိန်၌ ရေငုံနှုတ်ပိတ်နေတတ်သူများစွာထဲ၌ မပါဝင်ဖို့လည်းလိုအပ်ပါသည်။

 

၂။ ယုဒတရားစီရင်ခြင်းနှင့် ယေရုရှလင်၏ သရုပ်သကန် (:၂၂၂၄:၂၇)

(က) ကျရောက်လာမည့် စီရင်ခြင်းကို သရုပ်ဖော် မည့်အထောက်အကူ (:၂၂:၁၇)

          ပေတရုက ဘုရားသခင်အိမ်တော်သားများသည် စစ်ကြောစီရင်ခြင်း ဦးဆုံ:ခံရမည်ဟု ဆိုသည်(၁ပေ၄:၁၇)။ ထို့ကြေင့်ဘာသာ ရေ:ဗဟိုချက်မဖြစ်သည့် ယေရုရှလင် ဗိမာန်တော်မှ အစပြုပါမည်။

 

() ဘုရားသခင်ခွင့်မပြုမချင်း ဆွံ့အဟန်ဆောင်စေခြင်း (:၂၂၂၇)

ယေဇကျေလသည် ဘုရားသခင်စေခိုင်းတော်မူသည့်အတိုင်း ခေဗာမြစ်အနီး လွင်ပြင်သို့ ဦးစွာ သွားသည်။ ထို့နောက်ဝိညာဉ်တော်သည် ယေဇကျေလထဲ သို့ဝင်၍ စကားဆွံ့အလျက် မိမိအိမ်၌သာ အနှောင်အဖွဲ ခံရသည့်အလား ပုန်းအောင်း နေစေသည်။

Previous Article
Next Article