ယေဇကျေလအနာဂတ္တိကျမ်း ၄၂

(၁၄) ယဇ်ပုရောဟိတ်များ၏နေရာတိုင်ခင်း(၄၂:၁၄)

ဗိမာန်တော်၏ မြောက်ဘက်နှင့် တောင်ဘက်နှစ်ခုစလုံးတွင် ယဇ်ပုရောဟိတ်များအတွက် နေရာထိုင်ခင်းပြင်ဆင်ထားသည်။ ထိုနေရာများသည် ယဇ်ပုရောဟိတ်တို့ သန့်ရှင်းသောယဇ်ပူဇော်သက္ကာကို စားသုံးရာနှင့် ယဇ်ပူဇော်ရာ၌ ဆင်မြန်းရသောဝတ်ရုံများ သိမ်းဆည်းရာ နေရာဖြစ်သည်။

(၁၅) အပြင်ခန်း၏အတိုင်းအတာပမာဏ (၄၂:၁၅၂၀)

အတွင်းပိုင်းတိုင်းတာရာ ကျူလုံးအပြန်ငါးရာစီ ရှိ၍ စတုရန်းပုံဖြစ်သည်။ အပိုဒ်ငယ်(၂၀)၌ ပါရှိသည့် သန့်ရှင်းသော အရပ်၊ မသန့်ရှင်းသောအရပ်ဟူသော စကားသည်နားလည်ရခက်သည်။ ဘုရားတရားနှင့်ဆိုင်သော အခန်းနှင့်လူဝတ်ကြောင်နှင့် ဆိုင်သောအခန်းဟု ဆိုရမည်။ ဘုရားတရားဝတ်ပြုရာနှင့် နေ့စဉ်အသက်တာ ကွဲပြားသကဲ့သို့ ခြားနားသည်။

Previous Article
Next Article