ယေဇကျေလအနာဂတ္တိကျမ်း ၅

() လူတို့၏ ကံကြမ္မာအား သင်ဓုန်းဓားနှင့် ဆံပင်မုတ်ဆိတ်တို့ဖြင့်  ပုံရိပ်ဖော်ခြင်း (အခန်း ၅)

          : မြို့တော်လူဦးရေ၏ သုံးပုံတစ်ပုံသည် ငတ်မွတ်မှု သို့မဟုတ် မီးဖြင့်၎င်း၊ သုံးပုံတစ်ပုံသည် ဓါးလက်နက်ဖြင့်၎င်း၊ သေဆုံးကြ၍ ကျန်သုံးပုံတစ်ပုံမှာ ဘေးကင်းသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ (ငယ် ၂၊ ၁၂တို့နှင့်ယှဉ်ဖတ်ပါ)။ အနည်းငယ်သာ ကြွင်းကျန်လွတ်မြောက်သည်။ သို့သော် ထိုသူများသည်လည်း မကြာမီကာလတွင် ပျက်စီးကြမည်(ငယ်၃၊၄)။ ယေရုရှလင်မြို့တော်သားများသည် ဘုရားသခင်ထံမှ အခွင့်ထူးရရှိထားသော်လည်း အကျိုးရှိစွာ အသုံးမပြုတတ်။ မြို့တော်ကို ဝန်းရံသော ရန်သူထက် သာ၍ အကျင့်စာရိတ္တဆိုးသွမ်း ယုတ်ညံ့ကြသည်။

ခရစ်ယာန်တို့သည် ဂျူး(ယုဒ) တို့ထက်သာ၍ အခွင့်ထူးရကြပေသည် ထာဝရအနာဂတ်တွင် ခံယူရရှိမည့် ဆုလာဘ်ကို ဆုံးရှုံးစေမည့် အခွင့်ထူးအလွဲသုံးစားခြင်း မပြုမိစေဖို့ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ကျေးဇူးပြုပါစေသော။

၅:၁၀−၁၇ ဇာတ်တူလူ့အသားစားသည့် အဖြစ်ပေါ်လာမည်(ငယ်၁၀) ။ အကြောင်းမှာ ဗိမာန်တော် ပျက်သုဉ်းပြီးသကာလ ဘုရားရှင်၏ ကရုဏာတော် တရားလည်းဝေးလွှင့်လေပြီ(ငယ် ၁၁−၁၃)။ ယုဒလူမျိုးသည် တပါးအမျိုးသားများအလယ်တွင် မျက်စိသူငယ် နားသူငယ်ဖြင့် လုယက်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ စော်ကားခြင်း၊ အနိုင်အထက်ပြုခြင်းတို့ကို ဖျက်စီးခံရမည်(ငယ်၁၄−၁၇)။

Previous Article
Next Article