ယေဇကျေလအနာဂတ္တိကျမ်း ၆

() ရုပ်တုဆင်းတုများကို ပယ်ရှင်း၍ ကျန်ကြွင်းသူများရှိစေမည် (အခန်း၆)

          : တောင်ကုန်းများပေါ်တွင် ရုပ်တုဆင်းတု တည်ထားသောကြောင့် ဣသရေလတောင်ကုန်းများကို ရုပ်တုဆင်းတု တောင်များဟု ဆိုထားသည်။ ထိုသို့ ရုပ်တုဆင်းတု  တည်ထားရာဖြစ်ကြောင့် တောင်ကုန်းတောင်ပူစာ များကိုလည်း ဘုရားသခင်က စီရင်ပြစ်ဒဏ်ပေးလိမ့်မည်။

၆:၈−၁၄ ထိုဘေးအန္တရာယ် ရန်စွယ်များကြားမှ လွတ်မြောက်သော သူအချို့ကို ကြွင်းကျန်အောင် စီရင်ထားသည်။ ထိုသို့ခြွင်းချန်ရခြင်းမှာ အတိတ်က ဆိုးညစ်မှုများကို ပြန်လည်အောက်မေ့ နောင်တရစေဖို့ ဖြစ်သည်။(ငယ် ၈−၁၀)။ ရုပ်တုဆင်းတုသမားများမှာ စစ်ဘေး၊ အငတ်ဘေးတို့ဖြင့် အပြစ်ပေး စီရင်ခြင်း ခံရမည်။ ကပ်ဆိုးသင့်ကြမည်။

ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်၌ ဘုရားသခင်က အပြစ်ပေးအရေးယူရာတွင် လက်ရွေးစင် လူအနည်းငယ်ကို ခြွင်းချန်လေ့ရှိကြသည်။ ထိုသူများမှာ အကျင့်သီလ ကောင်းခြင်းကြောင့်မဟုတ် ဘုရားသခင်၏ သက်သေခံမျးာဖြစ်ဖို့ ဖြစ်သည်။

Previous Article
Next Article