ယေရမိမြည်တမ်းစကား ၃

၄။ ပရောဖက်၏ ဝမ်းနည်းစကားနှင့် ကြွင်းကျန်သူများ အပြစ်ဝန်ခံခြင်း(အခန်း၃)

(က) ဘုရားသခင်၏ တရားစီရင်ခြင်း (:၁၈)

          ပရောဖက်ယေရမိက သူနှင့် သူ့လူများအကြား နီးစပ်ပုံကို ပုံဖော်ထားသည်။ သူ၏ဆင်းရဲ ဝေဒနာခံစားချက်များသည် သူ့လူများ၏ ခံစားချက်ကို သရုပ်ဖော်ထားသည်။ ဘုရားသခင်၏ အမျက်ဒေါသသင့်ကြသဖြင့် ယုဒလူမျိုးများသည် မှောင်မိုက် ထဲ၌ရှိနေကြသည်။ လက်တော်သည် အလင်းသို့ မခေါ်ဆောင်။ အမှောင်သို့ ပို့ဆောင်၍ တနေ့လုံးအထပ်ထပ် ဒဏ်ခတ်သည်(အငယ်၁−၃)။ ယုဒတို့၏ အရိုးများကိုကျိုးစေတော်မူပြီ။ ဘဝခါးသီး၊ ပင်ပန်းစရာ အမင်္ဂလာများနှင့် သေချင်စော်နံဟောင်စေသည်(အငယ်၄−၆)။ လွတ်မြောက်ရာလမ်းမရှိသော အကျဉ်သားဘဝ ရောက်ချေပြီ။ ဆုတောင်းသံများကိုလည်း အဖြေစကားမကြား(အငယ်၇−၉) သားသတ်ရုံပို့ထားသော နွား၊ ချိန်ရွယ်ချင်းခံရသော ပစ်မှတ်(အငယ်၁၀−၁၂)၊ နက်ရှိုင်းစွာ ထိုးဖောက်ထိခိုက်သော ဒဏ်ရာဒဏ်ချက်၊ ခါးသောဆေး သိပ်ထားသည့် ဒဏ်ရာဒဏ်ချက် (အငယ်၁၃−၁၅)ခံစားရသည်။ သွားများလည်း ကျိုးကုန်ပြီ။ အဝတ်ပြာဖုံးဖြစ်ကုန်ပြီ(အငယ်၁၆)။ ဝိညာဉ်ချမ်းသာမျော်လင့်ချက်၊ လောကချမ်းသာ လာဘ်လာဘနှင့် ဘုရားသခင်ထံတော်ပါးမှ မျှော်လင့်စရာများလည်း ဝေးလွင့်ပပျောက်ကုန်ပြီ(အငယ်၁၇−၁၈)။

() သခင်ဘုရား၏ကရုဏာတော် (:၁၉၃၉)

          ခါးသီးစွာခံစားရသော ဆင်းရဲဒုက္ခ ဝေဒနာများကို ပြန်လည်သတိရလျက် စိတ်နှလုံး အကြွင်းမဲ့ဖြင့် ယေရမိသည် ဘုရားသခင်ထံသို့ ဆုတောင်းသည်။ ပရောဖက်ကြီးသည် ကရုဏာ​တော်ခံစားဖို့ရန် မျက်စိစုံမှိတ်၍ ဘုရားသခင်ထံ ဆုတောင်းသည် (အငယ်၁၉−၂၀)။ မျှော်လင့်ချက်သည် လူ့ဘဝကို ရှင်သန်နိုးကြား စေသည့်အတိုင်း ဘုရားသခင်ထံတော်ပါးမှ ကရုဏာတော် ခံစားရမည်အကြောင်း မျှော်လင့်ချက်ဖြင့် နံနက်တိုင်းသည် နေ့ရက်သစ်ဖြစ်လာသည်။ ယုံကြည်ခြင်းသည်လည်း ပိုမိုကြီးမြတ်လာသည်(အငယ်၂၁−၂၄)။ ဤနေရာတွင် သင်ခန်းစာကောင်း တစ်ခုပေးထားသည်။ ကိုယ်တော်တပါးမှ မျော်လင့်ချက်ထားသူများသည် ငြိမ်၀ပ်စိတ်ရှည်စွာ စောင့်မျှော်ရသည်(အငယ် ၂၅−၂၇)။ဘုရားသခင်သည် ပြုတော်မူခဲ့သော ကောင်းကြီးမင်္ဂလာများကို ပြန်လည်ရေတွက်ရှုမှတ် ရသည်(၂၅−၂၇)။ ဘုရားသခင်၏ ထမ်းပိုး ထမ်းရခြင်းကို ဂုဏ်ယူတတ်ရမည်။ လူ့အရေးအရာများကို မေ့ပစ်ရမည်(အငယ်၂၈−၃၀)။ ဘုရားသခင်က ယုဒများငြင်းပယ်ခြင်းသည် အပြီးသတ်မဟုတ်သကဲ့သို့ မရပ်မနားအစဉ်ထာဝရလည်းမဟုတ်ပါ။ ကရုဏာတော်က နောက်ကအမြဲ လိုက်လံနေပါသည်(အငယ်၃၁−၃၃)။ ဘုရားသခင်သည် ဖိစီးနှိပ်စက်ခြင်း၊ မတော်မတရားခြင်းနှင့် မမှန်မကန်လုပ်ဆောင်ခြင်းကို မနှစ်သက်(အငယ်၃၄−၃၆)။ အချုပ်အချာအာဏာပိုင်ရှင်၊ နှုတ်ကပတ်တော်အတိုင်းဖြစ်စေသူ၊ အရာခပ်သိမ်းကို အလိုတော်အတိုင်း ထိန်းချုပ်သူ၊ ဆင်ခြင်ပေးစရာမရှိအောင် တရားစီရင်သူဖြစ်သည်(အငယ်၃၇−၃၉)။

() ဝိညာဉ်သစ် နှိုးထကြရန် ဖိတ်ခေါ်ခြင်း(:၄၀၄၂

ကောင်းကြီးမင်္ဂလာခံစားရန် နည်းလမ်းမှာ မိမိကိုယ်ကို ပြန်လည်စစ်ဆေး သုံးသပ်ပြီးနောက် ဘုရားသခင်ထံတော်သို့ ပြန်လည်ချဉ်းကပ်ခြင်းဖြစ်သည်။ အပြစ်ဝန်ချတောင်းပန်ခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းလည်း မရှိနိုင်။

() ယေရုရှလင်မြို့အတွက် ယေရမိ၏ဝမ်းနည်းမျက်ရည် (:၄၃-၅၁)

          ဤကျမ်းပိုဒ်တွင် ပရောဖက်ယေရမိနှင့် သူ့လူများ၏ အတိတ်လွင်ပြင်ကို ပြန်လည် စားမြုံ့ပြန်သည်။ ထိုသူများ၏ ဆုတောင်းသံများဘုရားသခင် နားမညောင်းနိုင်ပုံ၊ သနားညှာတာခြင်း မရှိရက်စက်စွာ ဆက်ဆံခဲ့ပုံ၊ ကမ္ဘာမြေသားတို့၏ သားကောင် ဖြစ်စေခဲ့ပုံများကို ပြန် လည်အောက်မေ့စေသည် (အငယ်၃၄−၃၅)။ ရန်သူများ၏ လှောင်ပြောင်သရော်မထင်မဲ့မြင်ပြုမှု များကြောင့် ဘုရားသခင်လူများ ကြောက်လန့် အသဲထိတ်ကြပုံ၊ သိမ်ငယ်မျက်နှာပျက်ကြပုံကျီးလန့်စာစားကြပုံများကို ပြန်လည်စဉ်းစားတိုင်း ပရောဖက်ယေရမိ၏ မျက်ရည်များသည် အတားအဆီးမရှိ တောင်ကျ စမ်းရေပမာ တသွင်သွင် စီးဆင်းသည်။

() ရန်သူများလက်မှ ကယ်နှုတ်ရန် ပရောဖက်၏ ဆုတောင်းချက်(:၅၂၆၆)

          အပြစ်မဲ့ဒဏ် မြှားသင့်သကဲ့သို့ ပစ်ချခံရသည်။ တွင်းထဲသို့ အရှင်လတ်လတ် မြေဖို့ခံရပြီ။ ရေနစ်၍ ဘဝစုန်းစုန်းမြှုပ်ရတော့မည်ဟု ပရောဖက်ကြီးကဆိုသည်(ငယ်၅၂)။ အနက်ဆုံးသောတွင်းနက်ကြီးဆုံးမှ ယေရမိဆုတောင်းသံကို ဘုရားသခင်က အဖြေပေးသည်။ စိုးရိမ်ခြင်းမရှိနှင့် (ငယ်၅၅−၅၇)ဟုဆိုသည်။ သူတပါက ရက်စက်စွာ ဆက်ဆံခဲ့ကြပုံ၊ ရိုင်းစိုင်းစွာပြုမူကြပုံတို့ကို တရားမျှတစွာ စီရင်ပေးရန် တောင်းလျှောက်သည်။ တရားမျှတစွာ စီရင်ခြင်းသည် သူ့ရန်သူများအား အရေးယူအပြစ်ပေးရန် ဖြစ်သည်။ ဖျက်ဆီးပေးရန်ဖြစ်သည် (ငယ်၅၈−၆၆)။ စိတ်နှလုံးခိုင်မာခြင်း (ငယ်၆၅)ကို “မောရှေ၏ ကျမ်းကို ဖတ်ကြသောအခါ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိ၏”ဟု (၂ကော၃:၁၅)တွင် သုံးထားသည်။ စင်စစ်စိတ်နှလုံးခိုင်မာခြင်း ဆိုသည်မှာ စိတ်နှလုံးအသိတရားကင်းမဲ့ခြင်း၊ ဘုရားသခင်၏ ပျက်ဆီးခြင်းကို မယုံကြည်ခြင်း ဖြစ်သည်။

Previous Article
Next Article