ယေရမိအနာဂတ္တိကျမ်း ၁၅

၁၅: ပရောဖက် ယေရမိက ကြားဝင်ဆောင်ရွက်ပေးသော်လည်း ယုဒလူများသည် အလိုက်ကမ်းဆိုး မသိကြ။ ဆိုးသွမ်းမြဲ ဆိုးသွမ်းယုတ်ကမ်းကြသည်။ သို့ကြောင့် စီရင်ပြီးသည့်အတိုင်း ဓါးဘေး၊ ငတ်မွတ်ဘေး ကျရောက်သည့်အပြင် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံကြသည်။ မောရှေနှင့် ရှမွေလကဲ့သို့သော ရွှေပြည်အေးဆရာကြီးများပင်လျှင် ဘုရားရှင်၏ အပြစ်တရား စီရင်ခြင်းကို မပြောင်းလဲစေနိုင်ကြ။ ယေရုရှလင်တွင် မနာရှဲဘုရင်၏ ရုပ်တုဆင်းတု ကိုးကွယ်မှုနှင့် မောလက်ဘုရား ကိုးကွယ်မှု (၄ရာ၂၁:၁-၁၆) တို့ကြောင့် အပြစ်တရားစီရင်ခြင်း ခံကြရမည်။

၁၅: ဘုရားသခင်၏ သတိပေးမှု ပဲ့ပြင်ဆုံးမမှု မနာခံကြသောကြောင့် ယေရုရှလင်မြို့သည် နှမြောဖွယ်ရာ ပြိုလဲပျက်စီးခဲ့သည်။ သားသမီးများနှင့် သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ခဲ့သော မိန်းမကြီးသည် ဥကွဲသိုက်ပျက်ခဲ့ရပြီ။ သားသမီးများ ဖရိုဖရဲ ပျောက်လွှင့်ကုန်သည်။

၁၅:၁၀၁၈ ယုဒလူများက ပရောဖက်ယေရမိကို အကြောင်းမရှိ မုန်းတီးကြသည်။ သို့သော်လည်း ရန်သူများက ယုဒပြည်လာရောက် ချဉ်းနင်းသော အခါအပြစ်မရှိကြောင်း ထင်ရှားမည်ဟု ဘုရားရှင်က ကတိတော်ပေးထားသည်။  ယုဒများသည် မြောက်ပြည်မှ သံချောင်း (ခါလဒဲရှန်)ကို ချိုးနှိမ်နိုင်မည် မဟုတ်။  တွန်းလှန်ချိုးဖျက်ဖို့ နေနေသာသာ ထိုခါလဒဲများက ယုဒတို့၏ စည်းစိမ်ဥစ္စာများကို လူယူသွားမည်။ ပရောဖက်ကြီးသည် ဘုရားသခင်ကို သစ္စာရှိရှိ ယုံကြည်သူ ဖြစ်လျက်နှင့် ညှဉ်းပန်းနှိပ်စက်ခြင်း ဆင်းရဲဒုက္ခ ကြုံတွေ့နေသောကြောင့် နားမလည်နိုင်အောင် ဖြစ်နေသည်။ သို့သော် အဆုံးတွင်မူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်းဖြင့် ပျော်ရွှင်ခြင်း၊ ချမ်းမြေ့ခြင်း ရရှိသည်။

၁၅:၁၉၂၁ ယေရမိ၏ အတွေးသည် ဘုရားသခင်၏ အဖြေစကားနှင့် အံချော်နေသည်။ ယေရမိ၏ အတွေးများသည် အချိန်တိုင်းတွင် စိတ်နာကျင်စရာများသာ ဖြစ်ခဲ့သည်။ ယုဒလူများသည် ဘုရားရှင်ထံတော်ပါး မှထွက်သွားကြသဖြင့် မြတ်သောအရာမှ ယုတ်သောအရာ ဖြစ်ခဲ့ကြသည်။  ရန်သူများ ရောက်လာကြမည်။ သို့သော် ယေရမိသည် ထိုလူများထံသို့ သွားရမည်မဟုတ်။ ထိုအကြောင်းကို G.Campbell Morgan က ဤသို့ဆိုထားသည်။

ယေရမိသည် စိတ်နှလုံးတော်တည်ရာမရ၊ လေလွင့်နေသော အခါ ဘုရားသခင်ထံမှ သမ္မာတရားရရှိဖို့ တစ်ယောက်တည်း အာရုံပြုဆုတောင်းသည်။ ထိုသို့ဖြင့် တဖြည်းဖြည်း တစ်စပြီးတစ်စ ဘုရားသခင်၏ နှုတ်တော်ထွက် စကားများကို ကြားသိလာသည်။ ၁၇ ဘုရားသခင်က ပရောဖက် ယေရမိအား ကြေးဝါမြို့ရိုးသဖွယ် ခိုင်ခံ့စေသဖြင့် တော်လှန်ဖိစီးသူများက မပြိုလဲနိုင်။ ဘုရားသခင်က သူစေတမန်အား အမြဲ ကွယ်ကာ စောင့်ထိန်းပေးသည်။

Previous Article
Next Article