ယေရမိအနာဂတ္တိကျမ်း ၂၄

၅။ ယေရုရှလင်မြို့ပျက်သုဉ်း၍ဗာဗုလုန်ကကျွန်ပြုမည့်ပရောဖက်ပြုချက် (အခန်း၂၄၂၉)

(က) သင်္ဘောသဖန်းပင်အတိတ်နိမိတ်(အခန်း၂၄)

၂၄: ဘုရားသခင်က ယေရမိအား ဗိမာန်တော်ရှေ့တွင် သင်္ဘောသဖန်းပင် အပြည့်ထည့်ထားသော ခြင်းတောင်း(၂)တောင်းကို ရူပါရုံ ပြသည်။ တစ်တောင်းသည် ကောင်းသောအသီးများ ဖြစ်၍ အခြားတစ်တောင်းသည် ပုပ်ပွသော အသီးများ ဖြစ်သည်။

ကောင်းသောအသီးသည် ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသော်လည်း ဘုရားသခင်ကို အောက်မေ့သောကြောင့် မိမိတို့နေရပ်ဌာနေသို့ ပြန်လာကြ သူများကို အဓိပ္ပာယ်ဖေါ်ဆောင်သည်။

၂၄:၁၀ ပုပ်ပွသော အသီးများမှာမူ ယုဒဘုရင်ဇေဒကိနှင့် နန်းမျိုးနန်းနွယ်များနှင့် ထိုမင်းယုတ်လက်ထက်တွင် ပြည်နှင်ဒဏ်ခံကြသူများကို သရုပ်ဖော်သည်။ ထိုပြည်နှင်ဒဏ် ခံရသူများအနက် အချို့သည် မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိကြသော်လည်း အချို့သည်ဓားစာ၊ အငတ်ဘေးနှင့် ရောဂါဘယဆိုးကြောင့် ဘဝပျက်ကြသည်။

Previous Article
Next Article