ယေရမိအနာဂတ္တိကျမ်း ၂၅

() ဗာဗုလုန်တွင် နှစ်ပေါင်း(၇၀) ကျွန်ခံမည့်အကြောင်း နိမိတ်(၂၅:၁၁)

ယေရမိသည် ယုဒပြည်သူများအား နှစ်ပေါင်း၂၃တိုင်တိုင် ဆုံးမသတိပေးသော်လည်း ဘုရားသခင်၏ လူများသည် နားမဝင်၊ နောင်တမရကြ။ ထိုသို့ နာခံမှုမရှိသောကြောင့် ဘုရားသခင်စေလွှတ်သော နေဗုခ်နေဇာမင်း လက်အောက်တွင် နှစ်ပေါင်း(၇၀)တိုင်တိုင် ဖမ်းဆီးခြင်းခံကြရသည်။ ကျွန်ပြုခံကြရသည်။

ထိုသို့နှစ်ပေါင်း(၇၀)တိုင်တိုင် ဖမ်းဆီးကျွန်ပြုမည့်ခံရမည့်အကြောင်းကို ရှေးပဝေသဏီကတည်းက သတိပေးထားပြီးဖြစ်သည်။ ၆ရာ ၃၆:၂၀-၂၁တွင် ဤသို့ သတိပေးထားသည်။

ဓါးဘေးနှင့် လွတ်သောသူတို့ကို ဗာဗုလုန်သို့ သိမ်းသွား၍ သူတို့သည် ပေရသိနိုင်ငံ မတည်မှီတိုင်အောင် ရှင်ဘုရင်ထံသားတော် မြေးတော်ထံ၌ ကျွန်ခံလျက်နေကြ၏။ ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိ ဆင့်ဆိုသော ထာဝရဘုရား အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည် လူဆိတ်ညံလျက် နေသောကာလ အနှစ်(၇၀)စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့် ရှိသတည်း။

ဝတ် ၂၅:၃-၅တွင် လယ်ယာမြေအား သတ္တမနှစ်တွင် အနားပေးရမည်ဟု သွန်သင်ထားသည်။ ထိုသို့သွန်သင်ခြင်းမှာ ပညတ်တရားများကို မနာခံကြသောကြောင့် မှတ်မိကြစေရန်ဖြစ်သည်။

() ကျွန်ပြုသူ ဗာဗုလုန်သခင်များ တရားစီရင်ခြင်း ခံရမည်(၂၅:၁၂၃၈)

၂၅:၁၂၂၉ ဘဝမျှော်လင့်ချက် တဖန်ပြန်ပေါ်လာမည်။ နှစ်ပေါင်း(၇၀) လွန်သောအခါ ခါလဒဲ (ဗာဗုလုန်)များအပေါ်သို့ ဘုရားသခင်၏ အမျက်တော် တဖန်ကျရောက်မည်။ စပျစ်ဝိုင် အပြည့်ထည့်ထားသော အမျက်တော်ဖလား ဆိုသည်မှာ နေဗုခ်နေဇာမင်းက ယုဒပြည်အား သိမ်းပိုက်ကျွန်ပြုခြင်း ဖြစ်သည်။ ထိုအမျက်တော် ခွက်ဖလားကို နေဗုခ်နေဇာမင်း ကိုယ်တိုင် (KING OF SHE SHACH) ပြန်လည် သောက်သုံး ခံစားရမည်။ ထိုအကြောင်းကို ယေရမိက ပြည်သူပြည်သားများသည် အမျက်တော်ဖလားရည်ကို သောက်သုံးကြမည်ဟု ဆိုသည်။ အကယ်၍ ယေရုရှလင်မြို့ကို ဦးစွာ အပြစ်စီရင်လျှင် ပြည်သူပြည်သား များသည် သင်ခန်းစာယူ၍ နောင်ကြဉ်နိုင်သည်။ တိုင်းနိုင်ငံသားများ လွတ်မြောက်နိုင်သည်။

၂၅:၃၀၃၈ ဤကျမ်းပိုဒ်များတွင် ဘုရားသခင်၏ အမျက်ဒေါသ ကြောက်လန့်စရာကောင်းပုံကို တင်ပြထားသည်။ အော်ဟစ်သံ၊ ကြုံးဝါးသံ၊ ဆူညံသံများ ပေါ်ထွက်လာမည်ဟု စာကဗျာဆန်ဆန် ရေးထားသည်။ သိုးထိန်းများသည်လည်း ထွက်ပြေး၍ ပပျောက်ကုန်မည်။ အဘယ်ကြောင့်ဆိုသော် စားကျက်မြက်ခင်းလွင်ပြင်များကို အရှင်ဘုရားက ဖျက်ဆီးပစ်မည်။

Previous Article
Next Article