ယေရမိအနာဂတ္တိကျမ်း ၃၆

() ယေဟောကိမ်မင်းက ယေရမိ၏ စာချွန်တော်မီးရှို့ခြင်း(အခန်း၃၆)

၃၆:၁၀ ယေဟောက်ကိမ်မင်း နန်းစံစတုတ္ထနှစ်မြောက်တွင် ဘုရားသခင်က ယေရမိအား ဖွင့်ပြထားသည့် ပရောဖက်ပြုချက်များကို ရေးခိုင်းထားသည်။ ယေရမိသည် ဘုရားသခင် ဖွင့်ပြချက်များကို နှုတ်တိုက်ရွတ်ဆို၍ ဗာရုတ်အား လိုက်ရေးမှတ်ခိုင်းသည်။ နောက်တစ်နှစ်ကြာသောအခါ ဗိမာန်တော်ထဲ၌ ပရိသတ်ရှေ့တွင် ထိုစာကို ရွတ်ဆို၍ ဗာရုတ်အား လိုက်ရေးမှတ်ခိုင်းသည်။ နောက်တစ်နှစ်ကြာသောအခါ ဗိမာန်တော်ထဲ၌ ပရိသတ်ရှေ့တွင် ထိုစာကို ရွတ်ဆိုဖတ်ပြသည်။ ယေရမိ အဘယ်ကြောင့် ထိုနေရာမှမထွက်ခွာကြောင်းကို မရှင်းပြပါ။ ထိုအချိန်ကာလ ယေရမိထောင်မကျသေး။ သို့သော် ယောယကိမ်မင်း၏ သားကောင် ဖြစ်နေပြီ။

၃၆:၁၁၁၉ ဂေမရိ၏ သားမိက္ခာယသည် ယေရမိ၏ ပရောဖက်ပြု ချက်များကို ကြားလျှင်ကြားချင်း နန်းတော်သို့ သွားရောက်သတင်းပေးသည်။ ဗာရုတ်ကို လာရောက်ခေါ်ဆောင်ပြီ။ တဖန် ရွတ်ဖတ်ခိုင်းသည်။ မူးကြီးမတ်ကြီးများသည် ဗာရုတ်၏ စာကို ကြားသိသောအခါ ကြောက်လန့်ကြသည်။ ရှင်ဘုရင်ကို သွားရောက် တိုင်ကြားကြသည်။ တစ်ဘက်တွင်လည်း ဗာရုတ်နှင့် ယေရမိအား လူသူနီးရာ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်ခိုင်းသည်။

၃၆:၂၀၂၆ ထိုစာချွန်တော်၊ စာလိပ်အကြောင်းအား ယေဟောကိမ်မင်းထံသို့ သံတော်ဦး တင်ကြသောအခါ ဘုရင်ကြီးက ထိုစာလိပ်ကို တောင်းယူသည်။  ယေဟူဒီက ဘုရင်မင်းအား ရွတ်ဖတ်ပြသည်။ ဘုရင်ကြီးသည် ထိုစာလိပ်အားအစိပ်စိပ်အမွှာမွှာ ဆုတ်ဖြဲပြစ်ပြီး မီးပုံထဲသို့ ထည့်လိုက်သည်။ ယုဒလူမျိုးများ လွတ်မြောက်ရေး ချမ်းသာရေးအတွက် ဘုရားသခင်၏ အစီအမံတော် စာလိပ်သည်လုံးဝ ပျက်စီးသွားသည်။ ဘုရင့်သားတော်(၃)ပါးက မီးမရှို့ပစ်ရန် တောင်းလျှောက်  ကြသော်လည်း ဘုရင်ကြီး ဂရုမစိုက်။ စာလိပ်တစ်ခုလုံး မီးရှို့ပြာကြစေသည်။ ဗာရုတ်နှင့် ယေရမိကိုလည်း လိုက်လံ ဖမ်းဆီးခိုင်းသည်။ သို့သော် ဘုရားရှင်က ဝှက်ထားသောကြောင့် ရှာမတွေ့ကြ။

၃၆:၂၇၃၂ ယေဟောကိမ်မင်းက စာလိပ်အား မီးရှို့ပြီးသောအခါ ယေရမိသည် ပရောဖက်ပြုချက်များကို တဖန်ပြန်ရေးသည်။ ယေဟောကိမ်မင်း ကံကြမ္မာဆိုး သက်ရောက်မည့်အကြောင်းကိုလည်း ထပ်ဖြည့်သည်။ ယေဟောကိမ်မင်း၏ သားတော် ယေဟောချိန် နန်းတက်ခြင်း (၄ရာ၂၄:၆)သည် အပိုဒ်ငယ်(၃၀)   ကျိန်စာသင့်ခြင်း ဖြစ်ပေမည်။ ယေဟောချိန်မင်းသည်လည်း နန်းသက်မရှည်။ (၃)လသာ ခံသည်။ ပေါ်လွင်ထင်ရှားခြင်းလည်း မရှိ။

Previous Article
Next Article