ယေရမိအနာဂတ္တိကျမ်း ၃၈

၃၈:၁၃ ရပ်သူရွာသားများအား မြို့ထဲမှ ထွက်ပြေး၍ ဗာဗုလုန်များထံသို့ ခိုလှုံကြရန်  အကြံအဉာဏ် ပေးသောကြောင့် ယေရမိကို မြေတွင်းထဲ၌ အကျဉ်းချထားသည်။  ဇေဒကိမင်းသည် ပျော့ညံ့သူဖြစ်သည်။  မင်းညီမင်းသားများ၏ စကားကို အနိုင်မယူနိုင်။  မင်းညီမင်းသားများ၏ အလိုလိုက်ရသည်။  ဧဗဒမလက်အမတ်ကြီး၏ လျှောက်လဲချက်အတိုင်း ယေရမိအား မြေတွင်းထဲမှ ပြန်ထုတ်ကြသည်။  အဝတ်စုတ်ကြိုးအများဖြင့် ပြန်လည်ဆွဲထုတ်ပြီ: မြေပေါ်တွင် အကျဉ်းပြန်ချကြသည်။

၃၈:၁၄၂၀ ဇေဒကိမင်းသည် တိုင်းရေးပြည်ဝါ စစ်မတ်ရေးရာ စိုးရိမ်သောကြောင့် ဗျာဒိတ်တော် ကြားသိရန် ပရောဖက်ယေရမိအား နှစ်ကိုယ်ချင်း တွေ့ဆုံသည်။ ယေရမိကလည်း ဗာဗုလုန်သားများအား လက်မြောက်  အညံ့ခံရန်နှင့် ထိုသို့ အညံ့ခံပါက ဘုရင်ကြီးနှင့်တကွ မိသားစုများ အသက်ချမ်းသာရာ ရကြမည်။  ယုဒများ၏ ငြိုငြင်ခြင်းအတင်း အဖျင်း စကားကိုမမှုနှင့် ဟု အကြံပေးလိုက်သည်။

၃၈:၂၁၂၃  အကယ်၍ အကြံပေးချက်အား လက်မခံလျှင် ကျူးကျော်ရေးသမားများက  နန်းတွင်းသူများအား သိမ်းပိုက် ခေါ်ဆောင်သွားကြမည်။  ဘုရင်မိဖုရား မောင်းမမိဿံများနှင့် သားတော် သမီးတော် များကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးကြမည်။  ဘုရင်ကြီး၏ အသက် အန္တရယ်ကိုလည်း အာမခံချက်မရှိ။  ယေရုရှလင်မြို့ကိုလည်း မီးရှို့ဖျက်စီး ကြသည်။

၃၈:၂၄၂၈ ရှင်ဘုရင် ဆွေးနွေးချက်များအား မပေါက်ကြစေ ရန်နှင့်အကယ်၍ ပေါက်ကြားလျှင် ယေရမိသည်လည်း မြေကြီးထဲတွင် တဖန်ချုပ်နှောင်ခံရမည်ဟု သတိပေးလိုက်သည်။  အခြားမင်းညီမင်းသား များကလည်း ယေရမိအားလာရောက် မေးမြန်းခြင်းမရှိသကဲ့သို့ ယေရမိ လည်း ဖာသိဖာသာနေသည်။  ဤနေရာတွင်စဉ်းစားစရာရှိသည်မှာ ယေရမိ ၏ တုန့်ပြန်စကားဖြစ်သည်။  မှန်သောစကားလား၊ တစ်ဝတ်တပြတ်စကားမှန် ခြင်းလား၊အမှားမှားအယွင်းယွင်းလား။ မှန်သောစကားဖြစ်ပါသည်။  သိသမျှကို မထိန်ချန် ပြောပြသည်။  သို့သော် ယေရုရှလင်မြို့ ပျက်သုဉ်းသည့်တိုင်အောင် ယေရမိသည် ထောင်နန်းစံနေသည်။

Previous Article
Next Article