ယေရမိအနာဂတ္တိကျမ်း ၃

: တရား ၂၄:၁-၄တွင် ကွာရှင်းသော မိန်းမသည် အခြားယောက်ျား နှင့် အိမ်ထောင်ပြုပြီးလျှင် ပထမ အိမ်ထောင်နှင့် တဖန်ပြန်လည် ပေါင်းဖော်ခြင်း မပြုရဟု ပြဌာန်းထားသည်။ ယုဒလူမျိုးတို့သည် ရည်းစားအများအပြား ရှိသည်။ ထိုသို့များပြားသည့်တိုင်အောင် ဘုရားသခင်က အထံတော်သို့ ပြန်လာဖို့ ဖိတ်ခေါ်နေသည်။ အရှက်မရှိ ပြည့်တန်ဆာမကဲ့သို့ သူ့မြေကို ညစ်ညမ်းခြင်းမျိုးစုံဖြင့် ညစ်ပေစေခဲ့မှုများအတွက် နောင်တရပါပြီဟု နှုတ်ဖျားဖြင့် ဟန်ဆောင်စကား ပြောသော်လည်း သူ့စကားနှင့် သူ့အပြုအမူကို ဘုရားရှင် သိနေသည်။

() ယုဒတို့ အနာဂတ်သည် နောင်တတရားပေါ်တွင် တည်ခြင်း(::၃၀)

()အတိတ်အပြစ်နှင့်အနာဂတ်ကောင်းကြီးမင်္ဂလာ(:၁၈)

          :၁၄ ဣသရေလ မြောက်ဘုရင်သည် ဘုရားသခင်ထံတော်တွင် မွေ့လျော်ခြင်းကို အလိုမရှိ၊ ငြင်းဆန်လျက် ပြည့်တန်ဆာအကျင့်စရိုက်၌သာ ပျော်ပိုက်သည်။ အာရှုရိများ၏ ဖမ်းဆီးကျွန်ပြုခြင်းကို ခံနေရမှန်း ယုဒများကြုံ​တွေ့နေကြသော်လည်း ဘုရားသခင်ထံလာဖို့ ခေါင်းမာနေကြဆဲ။ ဖောက်ပြန်သော ဣသရေလအမျိုး ဆယ်မျိုးသည် ကတိသစ္စာမတည်သော ယုဒလူမျိုးထက် ဖြောင့်မတ်သေးသည်။ နောင်တရ၍ အထံတော်သို့ ပြန်လည်တိုးဝင်ရန် ဘုရားသခင်က ဖိတ်ခေါ်သည်။ ဘုရားသခင်ကို ဝန်ခံကိုးစားစေချင်သည်။ ထိုသို့ကျိုးနွံကြလျှင် ဘုရားသခင်က ဇိအုန်တောင် သို့ပြန်ခေါ်ဆောင်မည်။

ဣသရေတို့သည် အကျင့်ယုတ်မာ ဖောက်ပြန်ကြသောကြောင့် ဘုရားသခင် ကမျက်နှာလွှဲကြောင်း အပိုဒ်ငယ်(၈)တွင် တွေ့ရသည်။ မ ၁၉:၉ပါ ယုံကြည်သူများ သို့ ခရစ်တော်ပြောသော စကားသည်လည်း ထိုယုဒများပုံစံ မချိုးကြရန် သတိပေးခြင်း ဖြစ်သည်။ အိမ်ထောင်ဖက်သည် အကျင့်စာရိတ္တ ဖောက်လွဲဖောက်ပြန်ပြု၍ ယုတ်ညံ့လျှင် လင်မယား ကွာရှင်းနိုင်သည်ဟု ဆိုလိုရာ ရောက်ပါသည်။  မာလ ၂:၁၆တွင် လင်မယားကွာရှင်းခြင်း မပြုရန်  တားမြစ်ပြဌာန်းသော်လည်း လင်မယားကွာရှင်းမှု အားလုံးနှင့် မသက်ဆိုင် ။  ကျမ်းနှင့်မညီသော လင်မယားကွာရှင်းခြင်းကိုသာ တားမြစ်ပါသည်။

:၁၅၁၈ ဤကျမ်းပိုဒ်များသည် အနှစ် တစ်ထောင်ကာလအတွက် ဖြစ်ပါသည်။ ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ၌ ခန့်ထား၍သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံမည်။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် တည်၍ နောက်တဖန် မပြောမဆိုရ။ အဘယ့်ကြောင့်ဆိုသော် မေရှိယသခင်ကိုယ်တော်တိုင် ထိုသူများနှင့် အတူတကွစိုးစံမည်။ ယေရုရှလင်မြို့တော်သည် ကမ္ဘာအချက်အချာ နေရာဖြစ်၍ဘုရားသခင်၏ ပလ္လင်တော်စိုးစံရာ မြို့တော်ဟု ခေါ်ဆိုကြမည်။ ကမ္ဘာအနှံ့သို့ ပြန့်ကြဲနေသော ယုဒလူမျိုးနှင့် ဣသရေလလူမျိုးသည်လည်း ပြန်လည် စုစည်းတလုံးတဝတည်း ပြန်ဖြစ်ကြမည်။

() နောင်တရရန် လိုအပ်ခြင်း(:၁၉:)

အနာဂတ်ကာလတွင် ယေဟောဝါဘုရားရှင်နှင့် သူ့လူများအကြား အနာဂတ်ဆက်ဆံရေးကို တွေ့ရသည်။ ဘုရားသခင်သည် သူ့လူများကို ကောင်းစားစေချင်သည်။ သို့သော် ကျူးလွန်ခဲ့သော အပြစ်ဒုစရိုက်များက ကောင်းကြီးမင်္ဂလာမခံစားနိုင်အောင် ပိတ်ဆို့ဟန့်တားနေသည်။ ယခုမျက်ရည်ကျနေပြီ။ ဘုရားသခင်က သနားသောကြောင့် တဖန်အခွင့်အရေးပေးသည်။ အထံတော်သို့ ပြန်လာဖို့ ဖိတ်ခေါ်သည်။ ရုပ်တုဆင်းတု ကိုးကွယ်ခြင်းကို ပစ်ခွာ၍ ဘုရားသခင်၏ ကယ်တင်ခြင်း ခံစားရနိုင်မည်။ ဘုရားတရားကို နောက်ကြောခိုင်းခြင်းကြောင့် အရှက်အကြောက်ရရှိခဲ့ကြသည်။ ရွံရှာဖွယ်ဖြစ်ခဲ့ကြသည်။

Previous Article
Next Article