ယေရမိအနာဂတ္တိကျမ်း ၄၁

()ဂေဒလိမမင်းလုပ်ကြံသတ်ဖြတ်ခံရခြင်း(အခန်း၄၁)

၄၁:-၉ နန်းမျိုးနန်းနွယ် ဣရှမေလနှင့် အပါးတော်မြဲတတစ်ကျိပ်တို့သည် မိဇပါမြို့သို့လာ၍ စားသောက်ပျော်ပါးကြသည်။ ဣရှမေလသည် ဗာဗုလုန်သားများနှင့် ဆက်ဆံရေးအဆင်ပြေသူများ၊ ဗာဗုလုန်အုပ်ချုပ်မှု  လိုလားသူ၊ နန်းမျိုးနန်းနွယ် ဖြစ်သောကြောင့် ထိုသို့ လွပ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရှိဟန်တူသည်။ ဣရှမေလသည် စိတ်ကောင်းစေတနာ ရှိဟန်ဆောင်လျက် ဗိမာန်တော်ထဲသို့ ဝင်ရောက်ပြီး၊ ဝတ်ပြုကိုးကွယ်ရန် ရောက်လာကြသော ရှေခင်အရပ်သူ အရပ်သားလူ (၇၀)ကို သတ်ဖြတ်သည်။ အလောင်းများကို ကျင်းတစ်ခုထဲသို့ ပစ်ချလိုက်သည်။ တွေ့သမျှလူကို တွေ့ရာသင်္ချိုင်းဓားမဆိုင်း ခုတ်ပိုင်းလိုက်သည်။ လူဆယ်ယောက်ကမူ ယူဆောင်လာသော စားနပ်ရိက္ခာများ ပေးကမ်းကြသောကြောင့် အသက်ချမ်းသာရာ ရကြသည်။

၄၁:၁၀၁၈ ဘုရင်သမီးတော်များကိုမူ ယောဟနန် စစ်သားများက ဗက်သလင်သို့ ကယ်ထုတ် ခေါ်ဆောင်သွားကြသည်။ ခါလခဲတို့၏ ဘေးရန်ကို စိတ်မချကြသောကြောင့် အဲဂုတ္တုပြည်သို့ ထွက်ပြေးကြရန် စီစဉ်ကြသည်။ ခါလဒဲတို့၏ တန်ပြန်တိုက်စစ်ကြောင့် ဣသမေလနှင့် အပေါင်းပါ (၈)ယောက်တို့သည် အမ္မုန်အရပ်သို့ ထွက်ပြေးသွားကြသည်။

Previous Article
Next Article