ယေရမိအနာဂတ္တိကျမ်း ၅၁

၅၁:၁၉ ဗာဗုလုန် ဖျက်ဆီးမည့်သူများကို ဘုရားသခင်က စေလွှတ်မည်။  (Leb Kamiai သည် လျှို့ဝှက် အဓိပ္ပာယ်ရှိသည်။ ငါ့ကို ဆန့်ကျင်သူများ၏ စိတ်နှလုံးဟု အနက်ရသည်။) ငါ့ကို မပစ်ပယ်မည့်သူများ ဟု ဆိုသည်မှာ ဣသရေလနှင့် ယုဒလူမျိုးများကို ဆိုလိုသည်။ ဘုရားသခင်က ဗာဗုလုန်သားများအား တရားစီရင်ခြင်း ခွက်ဖလားတော်အဖြစ် အသုံးပြုခဲ့သည်။ ယခုတဖန် ထိုအမျက်တော်ဖလားအား တရားစီရင်မည်။ အပိုဒ်ငယ်၉၊၁၀တွင် လူမျိုးတကာကို တိုက်ခိုက်အနိုင်ယူသော ဗာဗုလုန်သို့ ဂျူးလူမျိုးများ ရောက်ရှိသည့်အကြောင်း ဖြစ်သည်။ ဘုရားသခင်၏ ကြီးမြတ်မှုသည် ရုပ်တုဆင်းတုများ၏ ယုတ်နိမ့်မှု၏ ဆန့်ကျင်ဘက်ဖြစ်သည်။ စစ်မှန်သော ဘုရားဆိုသည်မှာ ယုဒနှင့် ဣသရေလလူမျိုးတို့၏ ဘုရားသခင်ဖြစ်သည်။

၅၁:၂၀၃၇ အပိုဒ်ငယ်၂၀-၂၃သည် မေဒိလူမျိုးသို့ လိပ်မူပြောဆိုသည်။ အပိုဒ်ငယ် ၂၄သည် အထူးသဖြင့် ယုဒလူမျိုးနှင့် သက်ဆိုင်သည်။ အပိုဒ်ငယ်၂၅ သည် (ပျက်စီးနေသောတောင်များ) ဗာဗုလုန်သားများအတွက် ဖြစ်သည်။ ထာဝရပျက်စီးခြင်း ဖြစ်သည်။ အမှီအခို မရှိတောင်ပုံယာပုံ ပျက်စီးသည်။ တောရိုင်းတိရစ္ဆာန်များကဲ့သို့ လေလွင့်ကြမည်။ အပိုဒ်ငယ်၃၄နှင့် ၃၅သည်ယုဒနှင့် ယေရုရှလင်ပြည် အမွေခံကြမည်။

၅၁:၃၈၄၄ ဤကျမ်းပိုဒ်များမှ ပရောဖက်ပြုချက်များသည် ဘီစီ၅၃၉ခုနှစ်တွင် တချို့တစ်ဝက် ပြည့်စုံခဲ့သည်။ ဗာဗုလုန်ဘုရင် ဗေရှာဇာပွဲတော် တည်ခင်းရွှင်မြူးနေစဉ် မေဒိများက ဝင်ရောက်တိုက်ခိုက် ဖမ်းဆီးခဲ့ကြသည် (ဒံ၅)။ သို့သော်ထို အချိန်တွင် မြို့တော်ပျက်စီးခြင်း မရှိ။ ပင်လယ်ဆိုသည်မှာ နောင်တွင် ကျူးကျော်ဝင်ရောက်သူများကို ရည်ညွှန်းသည်။

၅၁:၄၅၅၁ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသောဂျူးသည် ရန်သူများက ဗာဗုလုန်မြို့လာရောက် မတိုက်ခိုက်မှီ ယေရုရှလင်မြို့သို့ ပြန်ခွင့် ရကြမည့်အကြောင်း ဖြစ်သည်။

၅၁:၅၂၅၈ မာနထောင်လွှားသော ထိုမြို့တော်သည် ပြိုလဲပျက်စီးမည်။  ပန်းပု ထုလုပ်ထားသော ဘုရားရုပ်တုများ ပျက်စီးကြမည်။ ခေါင်းဆောင် အကြီးအကဲများ သတ်ဖြတ်ခြင်း ခံရမည်။ မြို့ရိုးပြရိုးများသည်လည်း မြေကြီး နှင့်အညီ ပြိုလဲပုံကျသွားမည်။

၅၁:၅၉၆၄ ဗာဗုလုန်မြို့အတွက် မနှစ်မြို့ဖွယ် ရာရေးထားသော ပရောဖက် ပြုချက်များကို ယေရမိက နန်းတွင်းဝန် စရာယကို ယူဆောင်ခိုင်းသည်။ ဖတ်ရှုပြီးကြသောအခါ စာလိပ်အား ကျောက်ခဲနှင့် တွဲချီ၍ ဥဖရတ်မြစ်သို့ ပစ်ချခိုင်းသည်။ ဆိုလိုသည်မှာ ဗာဗုလုန်မြို့ စုန်းစုန်းမြှုပ်မည့်အကြောင်း အတိတ်တဘောင် ဖြစ်သည်။ ဤအဖြစ်အပျက်သည် အခန်းကြီး၂၉နှင့် ဆက်စပ်သည်။

Previous Article
Next Article