ယေရမိအနာဂတ္တိကျမ်း ၆

() ယေရုရှလင်မြို့ပျက်သုဉ်းမည့်အကြောင်းနိမိတ်ပေးခြင်း (အခန်း )

: ဗင်္ယာမိန်အမျိုးအစား ယေရုရှလင်မှ ထွက်ပြေးတိမ်းရှောင် ကြဖို့ သတိပေးတံပိုးမှုတ်သံနှင့် မီးလန့်သံချောင်းခေါက်သံကြမည်။  အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်သိုးထိန်းများနှင့် သိုးအုပ်များ စစ်သူကြီးများနှင့် စစ်သားများ) စစ်ပြင်ဆင်နေကြပြီ။  ခါဒလဲသားများသည် စစ်ရေးစစ်ရာနည်းဗျူးဟာ ကြွယ်ဝသူများ ဖြစ်သည်။  သို့ကြောင့် ယုဒလူများသည် ညဉ်းပန်းနှိပ်စက်ခြင်း၊ ဖိနှိပ်ချူပ်ချယ်ခြင်း၊ တိုက်ခိုက်လုယက်ခြင်း ခံစားကြပြီး၊ တိုင်းတပါးပြည်သို့ ကျွန်ပြုခံကြရမည်။   သို့သော်လည်း ဘဝပျောင်းခြင်းသို့ မရောက်ရဘုရားရှင်က နောက်ဆုံးအချိန်နာရီ ပြင်ဆင်ပေးထားပါသည်။

          :၁၅ အကြွင်းအကျန် စပျစ်သီးနှံများ ကောက်သင်းကောက်ရသကဲ့သို့ နယ်မြေတခွင်လုံးတွင် ဗာဗုလုန်သားများ လိုက်ကောက်ကြမည်ဟု ထာဝရဘုရားသခင်က သတိပေးထားသည်။  ယုဒလူမျိုးကို မည်သူကမှ သနားညှာတာမည်မဟုတ်။  စကားထဲထည့်ပြောကြမည်မဟုတ်။ သို့သော် လည်း ယေရမိကမူ ပစ်ပယ်မထားနိုင်။  ယုဒလူမျိုး၏ လောဘတပ်မက်မှု၊ မိစ္ဆာပရောဖက်များနှင့် ယုဇ်ပရောဟိတ်၏ အရှက်​အကြောက်မရှိလုပ်ဆောင်မှုများကို ဘုရားသခင်က ယေရမိအားသတိ ပေးခိုင်းသည်။  မိစ္ဆာပရောဖက်များ၏ ပရောဖက်ပြု ချက်များသည် လူမျိုးရေးအကျင့်လက္ခဏာဖျက်ဆီးပပျောက်စေသည်။  ထိုပရောဖက် မှားများ၏ ဟောပြောချက်ကို ဝိညာဉ်ရေးရာကြွယ်ဝခြင်းဟု မှားယွင်း ခံယူခဲ့ကြပြီ။

:၁၆၂၁ ဘုရားသခင်၏ လူများသည် ဘုရားသခင်ပြသ သောဖြောင့်မတ်ခြင်း ရှေးဟောင်းကို စွန့်လွှတ်ကြသည်။  သတိ ပေးချက်များကိုလည်း ဂရုမစိုက်ကြ။   ကပ်ဆိုးရောဂါကျရောက် သော်လည်း ရောဂါဟုမထင်။  မွှေးကြိုင်သော ပူဇော်ရနံ့သာ ဟု ထင်ကြ သည် ။  ပျက်စီးခြင်းတွင်းနက်နေကြသည်။

          :၂၂၂၆ သို့ကြောင့် မြောက်ဘက်နိုင်ငံ နယ်ချဲ့ကျူးကျော်သူများ အလုံးအရင်းဖြင့် ဝင်ရောက်လာကြသည်။ ထိုသူများ၏ လက်ချက် ကြောင့် ကြောက်ရွံ့ထိတ်လန့်ခြင်း။  ပူဆွေးဝမ်းနည်းခြင်း ကြုံတွေ့၍ မျက်ရည်ပေါက်ကြီးငယ်ကျကြသည်။

          :၂၇၃၀ ဘုရားသခင်က ယေရမိ အား သတ္တုအရည်အသွေးစစ် ဆေးသူအဖြစ် ခန့်အပ်သည်။  ယုဒလူမျိုး၏ ခေါင်းမာမှုကို ကြေးဝါခဲနှင့် သတ္တုအဖြစ် ပုံနှိုင်း၍ ပန်းဘဲဖိုတွင် စစ်ဆေးခိုင်းသည်။  မည်ကဲ့သို့ပင် သတ္တုချသော်လည်း အရည်အသွေ:တောက်ပြောင်ခြင်းမရှိလာသဖြင့် စွန့်ပစ်ငွေသားအဖြစ် ဖယ်ရှားရမည်။

          လူများ၏ အပြစ်ဒုစရိုက်များပြားပုံ ၊ အပျင်းထူပုံ စိတ်ပါဝင်စားမ ရှိပုံတို့သည် သန့်ရှင်းသောဘုရားသခင်၏ အလိုတော်နှင့် လုံးဝခြား နားပုံကို တစ်နေ့တွေ့မြင်ရသည်။  ထိုအကျင့် လက္ခဏာများသည် ရည်ရွယ်ချက်ဦးတည်ရာမဲ့သော အချည်းနှီးဘဝဖြစ်သည်။  ထိုသို့တွေး မြင်နိုင်မှသာလျှင် ဘုရားမှန်ကိုလည်း ဖူးမြင်နိုင်ကြမည်။  အပယ်ခံ ၊စွန့်ပစ်ငွေသားကဲ့သို့ မဖြစ်စေချင်အပယ်ခံပစ္စည်းသည် အချည်းနှီး ဘဝကိုသိမြင်ခံယူသူအား ဘုရားသခင်က တန်ဖိုးထားချစ်ခင် မြတ်နိုးသည်။

Previous Article
Next Article