ယေရမိအနာဂတ္တိကျမ်း ၈

()ယုဒတို့၏စာနာစိတ်ကင်းမဲ့ခြင်း(အခန်း၈)

          :၇ဗာဗုလုန်သားများက မြေလှန်ကြသဖြင့် ကောင်းကင်နတ်များကို ကိုးကွယ်ခဲ့သော သေလွန်သူများ၏ အရိုးစုများ မြေစုပေါ်တွင်ပြန့်ကြဲနေမည်။ ထိုအရိုးစုများကို ကြည့်၍ အသက်ရှင်သူများလည်း တရားသံ ဝေဂရကာသေချင်စိတ် ပေါက်ကြမည်။ သို့သော် ယုဒများသည် အပြစ်မှပြန် လည်လွတ်မြောက်ခြင်း၊ အပြစ်နောင်တရခြင်း၊ ယေဟောဝါဘုရားထံပြန် လည်ချဉ်းကပ်ခြင်းအား ငြင်းပယ်ကြဆဲ။ ယုဒလူများသည် စစ်တိုက်မြင်းများတဟုန်ထိုး ပြေးသကဲ့သို့ အပြစ်ဒုစရိုက်ထဲသို့ ပြေးမြဲပြေးကြသည်။ မိုးကောင်းကင်ငှက်၊ တောငန်းရိုင်းနှင့် တစ်တီတူးဇရက်များသည် အချိန်တန်လျှင် မိမိတို့သိုက်မြုံယံသို့ ပြန်လာလေ့ရှိကြသော်လည်း ဘုရားရှင်၏လူ များသည် ထိုကဲ့သို့ မဟုတ်ကြ။ အရှင်သခင်ထံသို့ ပြန်လာကောင်းမှန်း မသိကြပါ။

          :၁၂လူများသည် ဘုရားသခင်၏ ပညတ်တရားလိုက်လျှောက်ရအောင်၊ လိမ္မာကြပြီဟု မိမိကိုယ်ကို မိမိယူဆကြသော်လည်း ပရောဖက်နှင့် ယဇ်ပုရောဟိတ်များ၏ ပြုမူဆောင်ရွက်ချက်များသည် ကျမ်းစာနှင့်မညီ အမှားမှားအယွင်းယွင်း ဖြစ်နေကြသည်။ အလိုတော်ကို ငြင်းပယ်ကြသည်။ တခြားစီ ဖြစ်နေကြသည်။ မိမိကိုယ်ကို လိမ်လည်လှည့်စားကြသည်။ လူလုပ်စည်းမျဉ်းဘောင်များအကြားတွင် ပြဿနာရှုပ်နေကြသည်။ သမ္မာတရားကို မမြင်၊ အရှက်အကြောက်မရှိ လုပ်ဆောင်ပြုချက်ကြောင့် အပြစ်တရား စီရင်မည့်နေ့ အမှန်ကျရောက်လာမည်။

:၁၃၁၇အသီးမရှိသောစပျစ်နွယ်ပင်များနှင့်သင်္ဘောသဖန်းပင်များ ခုတ်ထွင်းရှင်းလင်းသကဲ့သို့ ထိုလူယုတ်မာများကို ဘုရားသခင်က အပြောင်အစင် ရှင်းလင်းပစ်မည်။ ထိုသို့ ရှင်းလင်းပစ်ရန် မြွေအလမ္မာယ် ဆရာမနိုင်သည့် မြွေပွေးကဲ့သို့ ဗာဗုလုန်များကိုဘုရားရှင်က အသုံးပြု သည်။

          :၁၈၂၂ ယေရမိက စိတ်နှလုံးကြေကွဲဝမ်းနည်းစွာဖြင့် “အိုဘုရားသခင် အဘယ်မှာရှိတော်မူမည်နည်း” ဟု အော်မြည်တမ်းတသောအခါ ဘုရားသခင်က” သင့်လူများသည်ဘုရားသခင်ကိုမမြတ်နိုး၊ တိုင်းတစ်ပါးလူ မျိုးခြားကို ရှိခိုးကိုးကွယ်ကြသောကြောင့် ငါ့ကို အဘယ်မှာတွေ့နိုင်ကြသနည်း” ဟု ဖြေသည်။ သူ့လူများ ဖောက်ပြန် အကျင့်ပျက်နေသရွေ့ဘုရားသ ခင်ပြန်လာမည့် မျှော်လင့်ချက် မထားကြနှင့်ဟု ဆိုသည်။ အပိုဒ်ငယ်(၂၂)သည် အလေးအနက် ဆင်ခြင်စရာတရားဓမ္မစကားဖြစ်သည်။ ”ဂိလတ်လူ များအတွက်ပရုပ်ဆီ” ဖြစ်သည်။

          တစ်ဆွေလုံးတစ်ကိုယ်လုံး ဖူးရောင်နေသော ဂိလတ်အမျိုး၊

          ဝိညာဉ်အဖူးအယောင်များကို ပပျောက်စေပါသည်။

Previous Article
Next Article