ယေရမိအနာဂတ္တိကျမ်း ၉

() ပရောဖက်ယေရမိငိုခြင်း(အခန်း၉)

          :၁၁ ပထမအခန်းငယ် (၂)ခုတွင် ယေရမိ၏ စကားကိုကြားရသည်။ သူ့နာမည်ကိုလည်း” ပုရောဖက်ငိုကြီး” ဟု အခန်းငယ်(၁)တွင် သမုသ်ထားသည်။

          ငါ၏လူမျိုး၊သတို့သမီးနှင့်ဆိုင်သောအသေကောင်များအတွက် ငါသည် နေ့ညဉ့်မပြတ် ငိုရမည့်အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့သည် မျက်ရည်ထွက်သောစမ်း ဖြစ်ပါစေသော်” ဟုစာကဗျာ သီထားသည်။

တရားဟောဆရာကြီးများနှင့်ဒေသနာတော်ဆရာကြီးများသည်လည်းပ ရောဖက်ယေရမိ၏ ဝမ်းနည်းမျက်ရည်ကို မျှဝေခံစားနိုင်ကြမည် ထင်ပါသည်။ အပိုဒ်ငယ် (၂)ကို Kyle Yates က ဤသို့ဆိုထားသည်။

ဤကျမ်းပိုဒ်တွင် ပရောဖက်ယေရမိ၏ မောပန်းနုံးချိမှု၊ နွမ်းနယ်ပင် ပန်းမှုနှင့် အားငယ်မှုများကို တွေ့ရမည်။ စိတ်နှလုံးအနိမ့်ဆုံး ခံစားချက်ဖြစ်သည်။ “မဟာဝိညာဉ်အတွက် လွှင့်စင်သွားသောတိမ်ရိပ်” ဟု တင်စားချင်သည်။ ထိုအချိန်ပိုင်းကာလတွင် ယေရမိသည် လူသူကင်းဝေးရာနေရာတွင် အထီးကျန်ကောင်း ကျန်နေမည်။ ထိုပရောဖက်၏ စိတ်နှလုံးနာကျင်မှုသည် အဘယ်မျှ လူ့ဘဝအဓိပ္ပာယ် ရသ မြောက်သနည်း။ လူ့ဘဝတစ်ခုလုံး အချည်းနှီး သုညအဖြစ် ခံယူထားသည်။ ခိုးကိုးစရာဘုရားမရှိ။ အားထားစရာမရှိ။ နေ့ရက်စဉ်ဆက် တစ်နေကုန်တစ်နေခန်း ဒူးထောက်ဆုတောင်းသည်။  သူ့လူများကို ချစ်သည်။ သွန်သင်သည်။ သတိပေးသည်။ တုန့်ပြန်ခြင်းမပြု ကြသော်လည်း သူ့လူများ၏ ဝိညာဉ်များကို တန်ဖိုးထားချစ်ခင်သည်။

သူလူ့များ၏ အပြစ်ဒုစရိုက်ဆိုးသွမ်းပုံနှင့် အပြစ်တရား စီရင်မည့်အကြောင်း စဉ်းစားသောအခါ ပရောဖက်ကြီးသည် ဝမ်းနည်းပက်လက်မျက်ရည် ကြသည်။ ကျူးလွန်သော အပြစ်ဒုစရိုက်များကြောင့် ခံစားရမည့်အပြစ်ဒဏ် ရေတွက်သောအခါ ဖြေမဆည်နိုင်အောင် ဝမ်းနည်းသည်။ မြေခွေးများ ခိုအောင်းရာ ဖြစ်သွားမည့် ယေရုရှလင်နှင့် လူခြေတိတ်ဆိတ်သွားမည့် ယုဒပြည်အတွက် တစိမ့်စိမ့် တသိမ့်သိမ့် ဝမ်းနည်းကြေကွဲသည်။

          :၁၂၂၂ ယုဒသားများ၏ ရုပ်တုဆင်းတု ကိုးကွယ်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်က ထပ်ချပ်လိုက်လာသည်။ ဘေးဒုက္ခအထပ်လိုက် အလွှာလိုက် လိုက်လာသည်။ ငိုခြင်းသည်မ (အလွမ်းဇာတ်မင်းသမီး)များကို ခေါ်၍ ထိုယိုယွင်းပျက်စီးခြင်းအတွက် ဧယဇ်ကျူးခိုင်းမည်။ ထိုသူများ၏ ကြွယ်ဝချမ်းသာခြင်း၊ ဘုန်းတန်ခိုးနှင့် ဉာဏ်ပညာများသည် ဘုရားသခင်အား သိကျွမ်းဖို့ အထောက်အကူမပြု။ အသုံးချစရာမရှိပါ။

          :၂၃၂၄ ဤကျမ်းပိုဒ်နှစ်ခုသည် ယေရမိအနာဂတ္တိကျမ်းတွင် လူများ ထင်ရှားသောကျမ်းပိုဒ်များ ဖြစ်သည်။ G.Herbert Living Store က ဤသို့ မှတ်ချက်ပြုထားသည်။

ထိုသူများ၏ ချမ်းသာမှုသည် မှတ်သားလောက်ပေသည်။ ဘုရားသခင်က ချစ်ခင်ကြင်နာခြင်း၊ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်း နှစ်သက်ချိန်တွင် လူများသည် ဉာဏ်ပညာအစွမ်းအစနှင့် ဥစ္စာဓန ရှာဖွေမက်မောကြသည်။ ဘုရားသခင်ကို သိကျွမ်းသူဤဘုရားသခင် မျက်နှာတော် ဖူးမျှော်ခွင့် ရရှိသူများသည် ပါရမီ ကုသိုလ်ကံထူးသူများ ဖြစ်သည်။၁၀

          :၂၅၂၆ ယုဒတို့၏ ခွက်ဖလားများကိုလည်း တပါးအမျိုးသားများကဲ့သို့ ခမ်းခြောက်စေမည်။ အဘယ်ကြောင့်ဆိုသော် ယုဒများသည် ပင် ကိုယ်လက္ခဏာအားဖြင့် အရေဖျားလှီးကြသော်လည်း စိတ်နှလုံးခံယူချက် အရေဖျားမလှီးကြ။ (ပါးမုန်းရိတ်ခြင်း) ဗိမာန်တော်၌ အမွှေးရိတ်ခြင်း (RV နှင့် NASB)၁၁ကို ယုဒများကြပ်တည်းစွာ တားမြစ်သည်(ဝတ်၁၉:၂၇)။

Previous Article
Next Article