ယောနဝတ္ထု ၁

၁။ ပရောဖက်ယောန၏မနာခံမှု (အခန်း၁)

(က) အမှုတော်အတွက်ယောနအားခေါ်ယူခြင်း(:)

ဣသရေလတို့၏မဟာရန်သူ အာရှုရိမြို့တော် နိနေဝေသို့ အမှုတော်ပြုရန်ဘုရားရှင်က ယောနစေခိုင်းသည်။ ထိုအရပ်ဒေသသို့ယောန မသွားချင်။ နိုင်ငံရေးအခြေအနေအရ မသွားရဲ။ ကြောက်လန့်နေသည်။ (နောက်ခံသမိုင်းကြောင်းကို အထက်တွင် ကြည့်ပါ။)

() ယောနတာရှုသို့ထွက်ပြေးခြင်း(:)

နိနေဝေသို့ မသွားလိုသောကြောင့် ယောနသည် သင်္ဘောဖြင့် တာရှုသို့ထွက်ပြေးတိမ်းရှောင်သည်။ (စပိန်တောင်ပိုင်းဖြစ်ဟန်ရှိသည်) ယောန၏မနာခံ အာခံခြင်းအကြောင်းကို H.C.. Woodring ကဤသို့ဖော်ပြထားသည်။

ဘုရားသခင်က ယောနအား ပါလက်စတိုင်းအရှေ့မြောက်ဘက်ရှိ မိုင်ပေါင်း ငါးရာခန့်ဝေးသော နိနေဝေမြို့သို့သွားခိုင်းသည်။ အရှေ့ဘက်မိုင်ငါးရာခရီးအစား အနောက်ဘက် မိုင်နှစ်ထောင်ခရီးကို ရွေးချယ်သည်။ ဘုရားသခင်က ယောနအားကုန်းပေါ်မှာ လှမ်းသွားစေချင်သည်။ ယောနကရေလမ်းခရီးဖြင့် သွားသည်။(ယုဒတို့သည် ပင်လယ်ခရီးသွားလိုသူများမဟုတ်) ထိုခေတ်ကာလအကြီ:ကျယ်ဆုံးမြို့တော်သို့ ဘုရားစေလွှတ်သည်။ ယောနက နိမ့်ကျသော ပျံကျစျေးမြို့သို သွားသည်။ ဘုရားသခင်က ပရောဖက်ပြုစေလိုသည်။ ယောနကမူဘုရားသခင်ထံမှဝေးရာ ထွက်ပြေးဖို့ ကြိုးပမ်းသည်။

() ပင်လယ်ထဲကလေမုန်တိုင်း(:၁၀)

ဘုရားသခင်က ပြင်းစွာသော လေမုန်တိုင်းကို ပင်လယ်သို့စေလွှတ်တော်မူသဖြင့် ပင်လယ်၌ မိုးသက်မုန်တိုင်းဖြစ်ကာ ယောနစီးသော သင်္ဘောသည်ပျက်လုခမန်းဖြစ်သွားသည်။ သင်္ဘောသားများထိတ်လန့်စွာဘုရားတကြသည်။ သင်္ဘောဝန်ပေါ့စေရန် ဝန်စည်စလယ်များကိုရေထဲ ပစ်ချကြသည်။ ထိုမုန်တိုင်းကိုဖြစ်စေသည့်တရားခံမှာ ဟေဗြဲလူမျိုး ယောနသည်ဖြစ်သည်။ ဘုရားသခင်ထံတော်မှ ထွက်‌ပြေးသောအမှု ကျူးလွန်၍ဖြစ်သည်။

() ယောနကိုရေထဲသို့ပစ်ချခြင်းနှင့် ငါးကြီ:ကမျိုချခြင်း(:၁၁၁၇)

:၁၁၁၆ “ငါတို့၌ လှိုင်းတံပိုးငြိမ်စေခြင်းငှါ၊ သင့်ကို အဘယ်သို့ပြုရပါမည်နည်း”ဟု မေးကြသည်။ လူတစ်ဦးတစ်ယောက်၏ အသက်ဝိညာဉ်ကို တန်ဖိုးထား၍ ဤနေရာတွင် တွေ့နိုင်သည်။ ရုပ်တုဆင်းတု ကိုးကွယ်သော အငံဓါတ် ပျောက်သည့်လူများအတွက် မှန်ကန်သောလုပ်ရပ်ဖြစ်ကောင်းဖြစ်နိုင်သည်။ ယောနက သူ့အားပင်လယ်သို့ချပစ်ဖို့ အကြံပေးသည်။ ချက်ချင်းမလုပ်ရက်။ ကမ်းကပ်ရန် လည်းမဖြစ်နိုင်။ ထို့ကြောင့်ယောနအကြံပေးသည့်အတိုင်း ပင်လယ်ထဲသို့ချပစ်ကြသည်။ ထိုအခါပင်လယ်လှိုင်းတံပိုးသည် ငြိမ်လေသည်။

          :၁၇ ယောနအားမျိုချရန် ဘုရားသခင်ကငါးကြီ:ကြိုတင် ပြင်ဆင်ထားသည်နှင့်အညီ ပင်လယ်ထဲသို့ကျလာသော ယောနအားငါးကြီးက ပါးစပ်ဟမြိုချလိုက်သည်။ယောနသည် ငါးကြီးဝမ်းဗိုက်ထဲတွင် (၃)ရက် လုံးလုံးနေရသည်။

Previous Article
Next Article