ယောနဝတ္ထု ၄

၄။ ပရောဖက်ကြီ:စိတ်မကျေမချမ်းဖြစ်မှု(အခန်း၄)

(က) ယောန၏စိတ်ကောက်ကောက်နှင့် ဆုတောင်းခြင်း (:)

ဣသရေလတို့၏ရန်သူတပါးအမျိုးသားများ အသက်ချမ်းသာရာရရှိသွားသောအခါ ပရောဖက်ယောနစိတ်ဆိုးသည်။ ထိုတပါးအမျိုးသား အာရှုရိတို့က ဣသရေလတို့အား ဖိနှိပ်လာခြင်းထက် သေချင်သည်ဟု ဆုတောင်းသည်။

ဣသရေတို့၏ရန်သူအများစုသည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ ချစ်ကျွမ်းဝင်ကြသည်။ ဣသရေလတို့သည် ရန်သူများ၏ ကယ်တင်ခြင်းအတွက် ဆုတောင်းခြင်’မပြုကြဘဲ၊ ဘုရားသခင်က ဖျက်ဆီးပစ်ရာသာ ဆုတောင်းကြသည်။ ယောနသည် ဘုရားသခင်အသုံးပြုသောသူဖြစ်သည့် အားလျော်စွာ ဘုရားသခင်၏ ကျေးဇူးတော်နှင်ကရုဏာတော် နားလည်သည်။ အာရှုရိပြည်သားများက ဘုရားသခင်သုတ်သင်မည်ကိုလည်း သိသည်။ (ဓမ္မဟောင်းကျမ်းတွင် ဣသရေလတို့၏ အဆိုးဝါးဆုံးရန်သူတပါးဖြစ်သည်)။ အားလုံးခြုံကြည့်လိုက်လျှင် ဣသရေလတို့၏ အမှားပိုများသည်။

() ဘုရားသခင်၏မေးခွန်း(:)

ဘုရားသခင်က ယောနအားလှံမှိန်းကဲ့သို့ ချွန်ထက်သော မေးခွန်းမေးလိုက်သည်။ “ပရောဖက်တစ်ယောက်စိတ်ဆိုးခြင်းသည် မှန်ပါသလား”။

() ယောနစိတ်ကောက်၍ မြို့ပြင်သို့ထွက်သွားခြင်း(:)

ဘုရားသခင်ထံမှ စကားကြားပြီးသောအခါ ယောနသည် မြို့ပြင်သို့စိတ်ကောက်ကောက်ဖြင့် ထွက်သွားသည်။ မြို့အရှေ့ဘက်တွင် တဲတထိုးထိုင်နေပြီး နိနေဝေမြို့မည်ကဲ့သို့ ဖြစ်ပျက်မည်ကို စောင့်ကြည့်သည်။

() ဘုရားသခင်၏ကရုဏာတော်ဆင်ခြင် နားလည်ခြင်း(:၁၁)

၄:၆-၈ ထာဝရဘုရားကလည်း ကြက်ဆူပင်ကို တဲမိုးစေသဖြင့် ယောနသည် နေရှိန်သက်သာရာရ၏။ ထို့ကြောင့် အားရဝမ်းသာ၏။ နောက်တနေ့တွင် ဘုရားသခင်သည် ပိုးကောင်များကို စေလွှတ်၍ ကြက်ဆူပင်ကို ကိုက်စားစေသည်။ အရှေ့လေတိုက်ခတ်စေပြန်သောအခါ တဲအမိုးများလန်ကျကုန်၍ နေပူသဖြင့် ယောနသည် သေချင်စိတ်ပေါက်၏။

:၁၁ ထို့နောက်ဘုရားသခင်ကယောနအား တစ်ညဉ့်တည်းတွင် ပေါက်၍ တစ်ရက်တည်းတွင် ပျက်စီးသောကြက်ဆူပင်ကိုနှမြောလျှင် ငါသည်လည်း လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှပိုင်းခြား၍ မသိသောသူတစ်သိန်းနှင့် သောင်းမကသော နိနေဝေမြို့သားများကို မနှမြောသင့်ဘူလားဟုမေးလိုက်သည်။

ဤဝတ္ထု၏သင်ခန်းစာမှာ ယုဒလူမျိုးသာမက တပါးအမျိုးသားများအပါအဝင် ကမ္ဘာသူကမ္ဘာသားအားလုံး ဘုရားသခင်ချစ်ခင်မြတ်နိုးသည့်အကြောင်း ဖြ်သည်။

မှတ်စု

၁။ (၁:၃)  Chester Woodring, “Easter Challenge”, Lectures on Jonah, Emmaus Bible School (now college) 1960.

၂။ (၂:၁-၉) J. Sidlow Baxter, Explore the Book, p.169.

၃။ (၃:၁-၄) နိနေဝေသည် အလွန်ကြီးမားကျယ်ပြောသော မဟာမြို့ပြနိုင်ငံဖြစ်၏။ အရပ်လေးမျက်နှာပတ်ပတ်လည်တွင် မြို့ငယ်ရွာငယ်ပေါင်းများစွာ ဝန်းရံထားသည်။ လမ်းဆုံလမ်းခွအချက်အချာကျသော မြို့တော်ကြီးဖြစ်ရာ ခန့်မှန်းခြေမိုင်​ပေါင်း ၅၀/၆၀ ခန့်ကျယ်ပြန့်သည်။ မြို့ဖျက်ခရီးခြေလျင်(၃)ရက်သွားရလောက်အောင် ကျယ်ဝန်းသည်။ Montague S. Mills, The Minor Prophets, A Survey,P.55.

၄။အပိုးမကျိုးသော ပရောဖက်ယောနအား ဘုရားသခင်က(၄)ကြိမ်(၄)ခါ နည်းလမ်း(၄)မျိုးအသုံးပြု၍ ဆုံးမကြောင်းတွေ့ရသည်။ ၎င်းတို့မှာ-(၁) ငါးကြီ: (၁:၁၇)၊ (၂) ကြက်ဆူပင်  (၄:၆)၊ (၃) ပိုးကောင် (၄:၇)၊ (၄) အရှေ့လေပြင်း (၄:၈) တို့အားဖြင့်သည်။

Next Article