ယောရှုမှတ်စာ ၁၆

၃။ ယောသပ်လူများ (အခန်း ၁၆၊၁၇)

          ၁၆: ယုဒလူများနောက်တွင် ယောသပ်အမျိုးလိုက်သည်။ ယောသပ်သည် မွေးရာပါအခွင့်အရေးရရှိသူ ဖြစ်သည်။ (နှစ်ထပ်ကွမ်းဝေစုရရှိသူ ၆ရာ၅:၁ကိုကြည့်) ရုဗင်၏ ဝေစုကိုလည်း ခံစားသည်။ ယောသပ်လူတို့၏ နယ်နိမိတ်များကို အငယ်၁-၄တွင် မှတ်တမ်းတင်ထားသည်။ ဧဖရိမ်အမျိုးနှင့် မနာရှေလူတစ်ဝက်များဖြစ်သည်။

၁၆:၁၀ ဧဖရိမ်လူများ၏ နယ်နိမိတ်ကို အငယ်၅-၁၀တွင်တွေ့ရသည်။ အပိုဒ်ငယ်(၁၀)ကို သတိချပ်ပါ။ ဒေသခံခါနန်လူများကို အကုန်အစင်မောင်းထုတ်ခြင်းမပြုဘဲ ရောနှောနေထိုင်ကြသည်။ ကြာလာသောအခါ ဣသရေလလူထဲသို့ ပပျောက်သွားကြသည်။

Previous Article
Next Article