ယောရှုမှတ်စာ ၁၉

၁၉: ရှိမောင်အမျိုး၏ အမွေခွဲတမ်းသည် ယုဒမြေအလယ်၌ ဖြစ်နေသည်။ ယုဒလူတို့ပိုင်မြေသည် ကျယ်ဝန်းလှသောကြောင့် ရှိမောင်အမျိုးတို့ ဝင်ရောက်နေရာယူကြသည်။ ထိုသို့ နေရာရယူခြင်းသည် ယာကုပ်သို့ ပရောဖက်ပြုထားသည်။ “ယာကုပ်အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပြန့်လွှင့်စေမည်” (က၄၉:၇) ပြည့်စုံရာဖြစ်သည်။

အပိုဒ်ငယ် ၂တွင် ပါရှိသည့် ရေရှေဘမြို့နှင့် ရှေဘမြို့သည် အတူတူဖြစ်သည်။ စုစုပေါင်းတစ်ဆယ့် သုံးမြို့ ရှိကြောင်း အငယ်၆တွင် မှတ်တမ်းတင်ထားသည်။ အချို့မြို့များသည် နယ်စပ်ဒေသတွင် ရှိသည်။ တစ်ခါတရံ အရေအတွက် စာရင်းနှင့် မြို့နာမည်စာရင်း မကိုက်ညီသည်လည်းရှိသည် (ဥပမာ အငယ် ၁၅၊ ၃၀၊ ၃၈)။

၁၉:၁၀၃၉ တခြားလူမျိုး ငါးမျိုး၏ နယ်နိမိတ်များကို ဖော်ပြထားသည်။ ဇေဗုလုန် (ငယ် ၁၀-၁၆)၊ ဣသခါ(ငယ်၁၇-၂၃)၊ အာရှာ(ငယ် ၂၄-၃၁) နဿလိ(ငယ်၃၂-၃၉)၊ ဒန်(ငယ် ၄၀-၄၈) တို့တွင် အသီးသီးရေးထားသည်။ ဒန်လူမျိုးသည် ယုဒမြို့အချို့ကိုလည်းရရှိကြသည် (ငယ် ၄၀နှင့် ၁၅:၃၃ ယှဥ်ဖတ်ပါ)။

၁၉:၄၀၄၈ ဒန်လူမျိုးအတွက် မူလခွဲတမ်းသည် အနောက်တောင်ဘက်ရှိ မြေထဲပင်လယ် ဒေသဖြစ်သည်။ Joppa မြို့နှင့် Ekron မြို့များလည်း ပါသည် (ငယ် ၄၀-၄၆)။ နယ်မြေကျဉ်းမြောင်းလွန်းသောကြောင့် နောင်တွင် အရှေ့မြောက်ဒေသရှိ လဲရှမြို့ကို တိုက်ခိုက်သိမ်းပိုက်၍ ဒန်အမျိုး၏ မြို့အဖြစ်စိုးပိုင်ကြသည် (ငယ်၄၇၊ ၄၈၊ သူကြီး၁၈)။

Previous Article
Next Article