ယောရှုမှတ်စာ ၂၂

() ယော်ဒန်မြစ်အရှေ့ဘက်ကမ်းရှိယဇ်ပလ္လင် (အခန်း ၂၂)

          ၂၂: ယော်ဒန်မြစ်အနောက်ဘက်ကမ်းအား လူမျိုးအလိုက် နယ်မြေခွဲပြီးကြသောအခါ စစ်ကူတိုက်ပေးသော ရုဗင်၊ ဂဒ်နှင့် မနာရှေလူတစ်ဝက်တို့အား ယောရှု ကတိပေးထားသည့်အတိုင်း အရှေ့ဘက်ကမ်းသို့ ပြန်ခွင့်ပြုလိုက်သည်။ တိုက်ပွဲတွင် သိမ်းဆည်းရမိသောပစ္စည်းများကို ယူဆောင်ခွင့်ပြုသည်။

ယော်ဒန်မြစ်အနောက်ဘက်ကမ်းအား ငြိမ်ဝပ်ပိပြားသည်တိုင်အောင် အရှေ့ဘက်ကမ်းမှ လူများလည်း ရှိနေကြသည်။ ယုံကြည်သူများ၏ စစ်သူကြီးသည်လည်း ဘုရားသခင်၏နိုင်ငံတော်ငြိမ်ဝပ်ပိပြားသည့်တိုင်အောင် စစ်ကူတိုက်ပေးခဲ့ပါသည် (၁တိ ၆:၁၂၊၂တိ၂:၃)။ ထိုသို့ စစ်ကူတိုက်ခြင်းမျိုးသည် လွယ်ကူသည့်ကိစ္စမဟုတ်။ သို့သော်လည်း ဘုရားသခင်၏ စိတ်တော်နှင့် ထိတွေ့စရာဖြစ်သည်မှာ သေချာသည်။ ယနေ့ခေတ်ကာလတွင်လည်း ယုံကြည်သူများသည် ဝိညာဉ်စစ်တလင်းပြင်တွင် စစ်ကူဆင်နွှဲနေရပေမည်။

တခြားသူများဆိုလက်ဆောင်ရရှိဖို့

သွေးပင်လယ်၌ ရွက်လွှင့်ခိုက်

မိုးမြင့်ယံဆီသို့ လွယ်လင့်တကူ

ပန်းစည်းလက်ဆောင်ယူဆောင်လာမည်။

အောင်မြေပန်းတိုင်သေချာသောကြောင့်

ဘုရားပေးသတ္တိတိုးများတိုးလျက် ရဲစွမ်းပြည့်၏

ချွေးသံလူးလှိမ့်၊ ဒဏ်ရာပြည့်လည်း

နှုတ်တော်စကား ခွန်အားပြည့်စုံပါ၏

Isaac Watts.

၂၂:၁၀၁၁ ထိုသို့ယော်ဒန်မြစ်အရှေ့ဘက်ကမ်းသို့ ပြန်ကူးကြစဉ် ယော်ဒန်မြစ်ကမ်းနဖူးတွင် ယဇ်ပလ္လင်တည်ချင်စိတ်ပေါက်ကြသည်။ အခြားသော လူမျိုး ကိုးမျိုးခွဲက ထိုသတင်းကြားသိကြသောအခါ ရှိလောယဇ်ပလ္လင်အား တန်ခိုးပြိုင်ဆိုင်ခြင်းဟု ယူဆကြသည်။ ဘုရားတုရုပ်တု ဆောင်တည်ခြင်းဟု သဘောထားကြသည်။ ဘုရားသခင်၏ အပြစ်ဒဏ်ခံရမှာအကြီးအကျယ် စိုးရိမ်ကြသည်။

၂၂:၁၂၂၀ စစ်မဖြစ်ကြမီ ဣသရေလသားများက ကိုယ်စားလှယ်တော်များ စေလွှတ်၍ အကျိုးအကြောင်း မေးမြန်းပြောဆိုကြသည်။ အနောက်ဘက်ကမ်းတွင် မစင်ကြယ်သော အမှုအရာမပြုလုပ်ဖို့ ညှိနှိုင်းတိုင်ပင်ကြသည် (ငယ်၁၉)။

ပေဂုရအရပ်တွင် ရုပ်တုပြုလုပ်ခဲ့ကြသောကြောင့် ဣသရေလလူတို့ ခံစားခဲ့သော ခါးသီးအရသာကို မမှတ်မိကြဘူးလား (ငယ် ၁၇နှင့် တော ၂၅ကို ယှဉ်ဖတ်) ဟုဆိုကြသည်။ အာခန်ကျူးလွန်သော အပြစ်ကြောင့် ဣသရေလတစ်မျိုးသားလုံး ဒုက္ခရောက်သည့်အဖြစ်ဆိုးမျိုး ထပ်မံလုပ်ချင်ကြသလား(ငယ်၂၀နှင့် အခန်း၇ ကိုယှဉ်ဖတ်)ဟု ဆိုကြသည်။

ထိုကဲ့သို့ အခြားသောယဇ်ပလ္လင်တည်ခြင်းသည် ဣသရေလလူတို့၏ ယဇ်ပလ္လင်ကို အံတုဖက်ပြိုင်ခြင်း ဖြစ်၍၊ ရုပ်တုပြုလုပ်ခြင်းဖြစ်သည်ဟု လူအများကမြင်ကြသည်။ ကန္တာရတောခရီးလမ်းတလျှောက်တွင် ခါးသီးသော သင်ခန်းစာမြည်းစမ်းခဲ့ကြပြီးဖြစ်သည်။

၂၂:၂၁၂၉ သို့နှင့် ရုဗင်၊ ဂဒ်၊ မနာရှေ လူတစ်ဝက်တို့က သူတို့လုပ်ဆောင်ချက်သည် ယဇ်ပလ္လင်တည်ခြင်း မဟုတ်။ ဣသရေလနောင်လာနောက်သားများက ဘိုးဘေးတို့ ယော်ဒန်မြစ် ဖြတ်ကူးခဲ့ကြပုံကို သတိရဖို့ အမှတ်တရကျောက်တိုင် စိုက်ထူခြင်းဖြစ်သည်ဟု ရွှေပြည်အေးစကား တုန့်ပြန်ရှင်းပြကြသည်။

          ၂၂:၃၀၃၄ ထိုရှင်းပြချက်ကို နားလည်သဘောပေါက်ကြသောကြောင့် အနောက်ဖက်ကမ်းသား ဣသရေလတို့သည် စိတ်ဒုံးဒုံးချနိုင်ကြသည်။ ရန်ပွဲလည်း ငြိမ်းအေးသွားသည်။ အရှေ့ဘက်ကမ်းသားများတည်သည့် သက်သေကျောက်တိုင်၏အဓိပ္ပါယ်မှာ ယော်ဒန်မြစ်တစ်ဘက်တစ်ချက်ရှိ လူများနှင့်အတူ စစ်မှန်သောဘုရားသခင် ရှိတော်မူကြောင်း အထိမ်းအမှတ်မော်ကွန်းကျောက်တိုင် ဖြစ်သည်။

Previous Article
Next Article