ယောရှုမှတ်စာ ၇

() အဣမြို့စခန်း (::၂၉)

          အခန်း(၇)ကို ခါနန်ပြည်၏ ဒုစရိုက်မေးခွန်းဖြင့် ဖွင့်လှစ်သည်။ ယော်ဒန်မြစ်ကို ကူးမြောက်ပြီး၍ နယ်သစ်ပယ်သစ် ရောက်ကြသော်လည်း အကျင့်ဟောင်းမပျောက်ကြသေး။ အပြစ်ဒုစရိုက်နှင့် ပတ်သက်နေကြဆဲ။ ဣသရေလတို့၏ အာဣမြို့အောင်နိုင်ပုံနှင့် အာခန်၏အပြစ်အား ဖော်ထုတ် အရေးယူပုံကိုလည်း တွေ့ရသည်။

: ယောရှုက အာဣမြို့သို့ထောက်ကင်းစေလွှတ်လိုက်သည်။ ထောက်ကင်းအဖွဲ့ ပြန်ရောက်လာသောအခါ အာဣမြို့သည်ခိုင်ခံသောမြို့ မဟုတ်သဖြင့် လူပေါင်းနှစ်ထောင်သုံးထောင်ခန့် စေလွှတ်လျှင် လုံလောက်သည်ဟု သတင်းပို့ကြသည်။ သို့သော် လူပေါင်းသုံးထောင်ဖြင့် သွားရောက် သုတ်သင်သောအခါ မနိုင်သည့်အပြင် ဖဝါး၊ တင်ပါးတစ်သားတည်း ပြန်ပြေးလာကြသည်။

:၁၀ တိုက်ပွဲအလီလီ ဆင်နွှဲခဲ့၍ တိုက်ပွဲတစ်ရာအောင်ပွဲတစ်ရာ ဆင်နွှဲခဲ့ကြသော်လည်း ယခုတစ်ခေါက်မှာ အရှုံးကြီးရှုံးပြီ။ မိမိကိုယ်ကို အထင်ကြီးလွန်းလျှင် ဆုံးရှုံးတတ်သည်ကို သတိပြုပါ။ ဘုရားသခင်၏စေခိုင်းချက်အတိုင်းမဟုတ်သောကြောင့် ဣသရေလလူအပေါင်းတို့ ကြောက်ဒူးတုန်ခဲ့ရသည်။ ယေရိခေါမြို့သုတ်သင်သကဲ့သို့ မဟုတ်ပါ။ အရာရာသည် တစ်သဘောတည်း၊ တဖြောင့်တည်းအဆင်မပြေနိုင်။ သို့ရာတွင် ခါနန်သားများက စစ်အင်အားကြီးမား၍မဟုတ်ပါ။ ဣသရေလတို့၏ ချို့ယွင်းအားနဲချက်ဖြစ်သည်။ ဣသရေလတို့အထဲတွင် အပြစ်ဒုစရိုက်ကျူးလွန်သောကြောင့် ဖြစ်သည်။ တစ်ဦးတစ်ယောက်၏ အပြစ်ဒုစရိုက်ကြောင့် ရှုံးကြသည်။ ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သကဲ့သို့ ပျက်စီးနိုင်သည် (ငယ်၈)။ ထိုစစ်ရှုံးပွဲတွင် လူ(၃၆)ယောက်ကျဆုံးသည်(ငယ်၅)။ ဘုရားသခင်က ယောရှုအား ယခုအချိန်သည် ဆုတောင်းဥပုသ်စောင့်မည့်အချိန်မဟုတ်၊ ထလုပ်မည့်အချိန်ဖြစ်သည်ဟု မိန့်တော်မူသည်(ငယ်၁၀)။

:၁၁၂၆ စစ်ပွဲရှုံးနိမ့်ရခြင်းအကြောင်းရင်းကို ယောရှုက မိမိတပ်စခန်းထဲတွင် အဖြေရှာတွေ့သည်။ ယေရိခေါတိုက်ပွဲနှင့်ပတ်သက်၍ အချို့လူများက ဘုရားသခင်၏စကားတော်ကို မနာခံ ချိုးဖောက်ကြသည်။ ပြဿနာအဖြေရှာပုံကိုလည်း သင်ခန်းစာယူဖွယ်ရာတွေ့ရသည်။ မယုံသင်္ကာသောနေရာအား ဝကွက်၍ တဖြည်းဖြည်းဘောင်ကျဉ်း၍ လိုက်ရှာသည်။ လူမျိုးနွယ်စု၊ အိမ်သူအိမ်သားများမှ တစ်ဦးတစ်ယောက်ချင်းသို့ ဘောင်ကျဉ်း၍ လိုက်ရှာသည်။ တရားခံတွေ့ရပြီ အာခန်။ ဗာဗုလုန်ဝတ်ရုံ၊ ရှေအကျပ်သားနှစ်ရာနှင့် ငွေနှစ်ပိဿာ ဝှက်ယူထားသည်ဟု ဝန်ခံသည်။ သူတဲထဲမြေအောက်တွင် မြှုပ်နှံထားသည်ဟု လိုက်ပြသည်။

ထိုရွှေငွေရတနာများတွေ့မြင်သောအခါ တပ်မက်စိတ်ပေါက်ဖွားလာသဖြင့် ခိုးယူသိမ်းဆည်းပါသည်ဟု ဖြောင့်ချက်ပေးသည်(ငယ်၂၁)။ အာခန်၏ ဇာတ်လမ်းသည် “မိမိတပ်မက်သောစိတ်ဆွဲငင်ဖျားယောင်းခြင်းကို ခံရသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ တပ်မက်သော စိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကို ဖွားတတ်၏” (ယာ၁:၁၄-၁၅)ဟူသော ကျမ်းစကားအတိုင်း ကွက်တိဖြစ်သည်။

အာခန်၏ လုပ်ဆောင်မှားချက်သည် မိမိကိုယ်ကို ကြိုးကွင်းစွပ်ရာရောက်သည် (တရား၇:၂၆)။ မိမိကိုယ်ကိုသာမက မိသားစုကိုလည်း ဒုစရိုက်မျှဝေရာရောက်သည်။ ဒုစရိုက်သည် မီးခိုးကြွက်လျှောက် လိုက်သည်။ ရာခပ်၏ယုံကြည်ခြင်းက တစ်မိသားစုလုံးကယ်တင်ခြင်းပေးသကဲ့သို့ အာခန်၏ အပြစ်ဒုစရိုက်ကြောင့် တစ်ဆွေလုံးတစ်မျိုးလုံး အကုသိုလ်သင့်သည်။ ခိုးရာပါပစ္စည်းများ အိမ်အောက်တွင် ဝှက်ထားသောကြောင့် မိသားစုများကလည်း အလိုတူအလိုပါ ဖြစ်ကြသည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဘုရားသခင်ပေးသော သင်ခန်းစာသည် ထင်ရှားပါသည်။ အပြစ်ဒုစရိုက်တစ်ခုကြောင့် တစ်မိသားစုလုံး ညစ်ညမ်းပျက်စီးကြရသည်။ ဆင့်ကဲဆင့်ကဲ အကုသိုလ်ဝင်ကြသည်။

ထိုပြစ်ဒဏ်ကြောင့် အာခန်နှင့် တစ်မိသားစုလုံး ကျောက်ခဲဖြင့် ပေါက်သတ်၍ မီးရှို့ခြင်းခံကြရသည်။ ခိုးရာပါပစ္စည်းနှင့်တကွ မိသားစုပိုင်အားလုံး မီးရှို့ပစ်ကြသည်။ H.J.Blair က ဤသို့ရှင်းပြသည်။

အာခန်၏သေခြင်းဖြင့် မထီမဲ့မြင်ပြုမှု၏ နောက်ဆက်တွဲရလဒ်သိရှိသွားကြသည်။ အာခန်ချိုင့်ဝှမ်းဟု ဆိုသည်နှင့် နောက်ထပ်လိုချင်တပ်မက်စိတ် တံခါးအလိုလိုပိတ်သွားသည်။

Previous Article
Next Article