ရာဇဝင်ချုပ်ဒုတိယစောင် ၁

၁။ရှောလမုန်ဘုရင်၏နိုင်ငံတော်(အခန်း၁)

(က)ရှောလမုန်၏ ယုံကြည်ကိုးကွယ်မှု၊ ဉာဏ်ပညာနှင့်ကြွယ်ဝချမ်းသာမှု (အခန်း )

 : ဒါဝိဒ်မင်း ကွယ်လွန်ရသည့်အကြောင်းကို ၁ရာ ၁-၃ တွင် ရှင်းပြပြီး၊ ရှောလမုန်မင်း နန်းဆက်ခံပုံကို ၅ရာ ၂၉တွင် ရှင်းပြထားသည်။ ရှောလမုန်နန်းတက်ဖို့ အရေးအခင်းတွင် အခေါနိယနှင့်စစ်သူကြီး ယွာဘတို့ အဓိကဂိုဏ်း ဖြစ်ခဲ့ကြပြီး (၅ရာ ၂၂:၉-၁ဝ) ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ရှောလမုန်က နန်းမွေဆက်ခံသည်။

ရှောလမုန်မင်းသည် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ငြိမ်ဝပ်ပိပြားဖို့ အကြီးအကဲများကို တဲတော်ရှိရာ ဂိဗောင်တွင် ကတိသစ္စာ ပြုစေသည်။

: ဒါဝိဒ် ပဋိညာဉ်သေတ္တာတော်အား ယေရုရှလင်သို့ ပင့်ဆောင်ပြီး ဖြစ်သော်လည်း (၅ရာ ၁၃-၁၅) အဓိကအသုံးအဆောင် တန်ဆာပလာများသည် ဂိဗောင်တွင် ကျန်ရှိနေသေးသည်။ ကြေးယဇ်ပလ္လင်မှစ၍ ပရိဘောဂများ ကျန်ရှိသည်။ ထိုယဇ်ပလ္လင်အား သွားရောက်ပင့်ဆောင်ရာတွင် ရှောလမုန်မင်းသည် ခမည်းတော် ဒါဝိဒ်မင်းနည်းတူ ယဇ်ကောင်တစ်ထောင်ဖြင့် ယေဟောဝါဘုရားသခင်အား ပူဇော်သည်။

:၁၂ ထိုနေ့ညတွင် ဘုရားသခင်သည် ရှောလမုန်ထံ မနိုးတဝက်နိုး တဝက်အိပ်မက်ပုံစံဖြင့် ရှောလမုန်မင်းထံ ကိုယ်ထင်ပြ၍ အလိုအပ်ဆုံးသော လက်ဆောင်ကို တောင်းခိုင်းသည်(ငယ်၇၊၃ရာ ၃:၅) ရှောလမုန်မင်းက တိုင်းသူပြည်သားများကို တရားတော်နှင့်အညီ အုပ်စိုးနိုင်မည့် ဉာဏ်ပညာ အမြော်အမြင် တောင်းဆိုသည်။ ဘုရားသခင်သည် ရှောလမုန်မင်း၏ တောင်းဆိုချက်အား ရွှေဘဝင်ကျတော်မူသောကြောင့် တောင်းဆိုသော ဆုလက်ဆောင်သာမက၊ ချမ်းသာကြွယ်ဝခြင်းနှင့် ဘုန်းတန်ခိုးပါ အပို ဆောင်းပေး လိုက်သည်။

:၁၃ ရှောလမုန်ဘုရင်သည် ယေရုရှလင်နန်းတော်သို့ ပြန်လာ၍ ဘုန်းတန်ခိုး ပြည့်စုံကြွယ်ဝ စွာစိုးစံသည်။ ဤကျမ်းချက်သည် ရှောလမုန်ဘုရင်၏ စီးသောရထား၊ မြင်းစစ်သည်တော်၊ ရွှေ၊ငွေ ကြွယ်ဝချမ်းသာပုံ  ဟိမဝန္တာချီးမွမ်းခန်း ဖြစ်သည်။ သို့သော် အလွန်အမင်းချမ်းသာ ကြွယ်ဝမှုသည် အသုံးမပြု တတ်လျှင် လမ်းမှားခဏခဏ ရောက်စေသည်။ ရှောလမုန်မင်းသည် လည်း ထိုလမ်းစဉ် အတိုင်းဖြစ်သည်။ လူသည် ဆင်းရဲခြင်းဒဏ်ကိုခံနိုင်ကြသော်လည်း ချမ်းသာခြင်း ဒဏ်ကို မခံစား တတ်ကြ။

Previous Article
Next Article