ရာဇဝင်ချုပ်ဒုတိယစောင် ၂၇

() ယောသံမင်း (အခန်း၂၇)

၂၇: ယောသံမင်းသည် ခမည်းတော်သြဇိမင်းကဲ့သို့ လက်ရုံးရည်နှလုံးရည်ပြည့်စုံသူဖြစ်သည်။ တိုင်းပြည်ကိုအေးချမ်းသာယာအောင် အုပ်စိုးသည်။ မြို့တော်တခွင်တည်ဆောက်ပြုပြင်၍ မြို့ကြီးပြကြီးများတည်သည်။ ဗိမာန်တော်ထဲသို့ဝင်ခြင်းမှလွဲ၍ ဖခင်ပြုခဲ့သော လုပ်ငန်းကြီးစဉ်အတိုင်း ဆောင်ရွက်သည်။ ဗိမာန်တော်အထက် တံခါးပေါက်ကိုလည်း ပြုပြင်မွမ်းမံသည်။ ပြည်သူများဆင်းရဲပျက်စီးခြင်းမရောက်အောင် ထိန်းသိမ်းစောင့်ရှောက်သည်။

 ၂၇: သြဇိမင်းက အမ္မုန်လူများနှိမ်နှင်းပြီး(၂၆:၈) ဖြစ်သော်လည်း ခေါင်းထောင်ပုန်ကန်လာကြပြန်သည်။ အခွန်အခမဆက်သတော့ဘဲ ၊ ယောသံမင်းက အာခံလာကြသည်။ သို့ဖြင့် ယောသံမင်းက နောက်ထပ်တဖန် စီးနင်းနှိပ်ကွပ်ရပြန်သည်။ ဘုရားသခင်ကို အဓိကထားမှီတည်သောကြောင့် ပြုလေရာတိုင်း၌ တင့်တယ်သည်။ ကံတော်ကုန်သောအခါ ဒါဝိဒ်၏မြို့တော်၌ သဂြိုဟ်ကြ၍ သားတော် အာခတ်မင်းနန်းမွေဆက်ခံသည်။

Previous Article
Next Article