ရာဇဝင်ချုပ်ဒုတိယစောင် ၃၁

 ၃၁: အခန်းငယ်(၁)သည် အခန်း(၃၀)၏ အဆက်ဖြစ်သည်။ ဣသရေလလူများ ယေရုရှလင်မှ ပြန်လည်မထွက်ခွာမီ ယုဒပြည်ဗင်္ယာမိန်၊ဧဖရိမ်၊ မနာရှေလူတို့အရပ်ရှိ ရုပ်တုဘုရားတုများကို ရိုက်ချိုးဖျက်ဆီးပြီးမှ အိမ်ပြန်ကြသည်။

 ၃၁:၁၀ ဟေဇကိမင်းသည် ယဇ်ပုရောဟိတ်များနှင့် လေဝိသားတို့၏ လုပ်ဆောင်ချက်များကို အားရကျေနပ်သဖြင့် ရသင့်ရထိုက်သော ဆယ်ဘို့တဘို့ကို ပေးလှူခဲ့ကြသည်။ ပွဲတော်ကာလတွင် စားသောက်ဖွယ်ရာများသည် အလျှံပယ်သည်။

၃၁:၁၁၁၉ ဗိမာန်တော်နံရံတွင် ပစ္စည်းပစ္စယများ သိမ်းဆည်းဖို့ သီးသန့်ကျက်သရေဆောင်များရှိသည်။ ထိုနေရာတွင် ဗိမာန်တော်ဘဏ္ဍာများ သိမ်းဆည်း၍ အစောင့်အထိန်း ချမှတ်ထားသည်။ ထိုအဆောင်ကို စောင့်ထိန်းရသောဘဏ္ဍာထိန်း ဂေါပကများ၏ နာမည်စားရင်းများကို မှတ်တမ်းတင်ထားသည်။

ဓမ္မသစ်ကျမ်းတွင် ဆယ်ဘို့တဘို့ ပေးလှူရမည့်အကြောင်း ကန့်သတ်ပြဌာန်းချက်မရှိပါ။ စနစ်တကျပေးလှူရန်နှင့် စိတ်ရင်းစေတနာသဒ္ဒါထက်သန်စွာ ပေးလှူရန် သွန်သင်ထားပါသည်။

 ၃၁:၂၀၂၁ အခန်းကြီး(၃)တွင် ဟေဇကိမင်းက ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ဆက်ကပ်ပုံ ရှင်းပြထားသည်။ ထိုကြောင့် ဟေဇကိမင်း၏ ချမ်းသာကြွယ်ဝမှုသည် အံ့သြစရာမဟုတ်ပါ။

Previous Article
Next Article