ရာဇဝင်ချုပ်ပထမစောင် ၁၂

၂။ ဒါဝိဒ်၏ သစ္စာခံနောက်လိုက်များ (အခန်း၁၂)

          အခန်း၁၁ မှ သူရဲကောင်းများသည် ဒါဝိဒ်မင်းသို့ ပုဂ္ဂိုလ်ရေးအရ သစ္စာစောင့်သိ အကျိုးပြုသူများဖြစ်သည်။ အခန်း(၁၂) ပုဂ္ဂိုလ်များသည် တိုင်းပြည်နှင့် လူမျိုးအကျိုးဆောင်သူများဖြစ်သည်။ ဒါဝိဒ်မင်းတောခိုပုန်းရှောင်စဉ်တွင် ပတ်သက်ရာပတ်သက်ခဲ့သော လူမျိုးများအမည်စာရင်းကို အခန်း(၁၂) တွင် ရေးမှတ်ထားသည် (ငယ် ၁-၂၂)။ ဣရှဗောရှက်သေဆုံးပြီး ဟေဗြုန်သို့ ပြန်လာချိန်တွင် ပတ်သက်သူများကို (ငယ်၂၃-၄၀)တွင် ဖော်ပြထားသည်။ အငယ် ၃၈ တွင် “….လူအပေါင်းတို့သည် ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ကြည်ညို သောစိတ်အားကြီး၍ ဟေဗြုန်သို့လာကြ၏” ဟုဆိုထားသည်။

ဘေးဒုက္ခရောက်သူ လူအပေါင်းသည် ဒါဝိဒ်မင်းထံသို့ ရောက်ရှိခိုလှုံရာ ရှာကြသည်(၁ရာ ၂၂:၁-၂)။ ထိုသူများသည် ဒါဝိဒ်မင်းအား အလုပ်အကျွေးပြုကြသည်။ ချီးမြှောက်ကြသည်။ ခိုလှုံကိုးစားကြသည်။ ယနေ့ခေတ်ကာလတွင်လည်း ဘဝရင်လေးသူများ စိုးရိမ်သောက ဝန်ထုပ်ဝန်ပိုးပိပြားသူများအား နိုင်ငံတော်ထဲ့သို့ တိုးဝင်လာကြဖို့ ဖိတ်ခေါ်နေပါသည် (ငယ်၂)။ လေ့ကျင့်သားပြည့်ဝဖို့ (ငယ်၈)၊ ယုံကြည်ခြင်းခိုင်မာ၍ တောက်တိုမယ်ရအသေးအဖွဲ ရန်သူများကို တိုက်ဖျက်ဖို့ (ငယ်၁၄၊၁၅)၊ သန့်ရှင်းဝိညာဉ်တော် ပြည့်ဝလျှက် သခင်ယေရှုထံသို့ ဆက်ကပ်ကြဖို့ (ငယ်၂၃) စိတ်နှလုံးကွဲပြားခြင်းမရှိကြဖို့ (ငယ်၃၃) သွန်သင်ပါသည်။

ဒါဝိဒ်မင်းက ဗင်္ယာမိန်နှင့် ယုဒလူများကို ဖြူသလား၊ မဲသလားဟု သဲကွဲအောင် မေးခွန်းထုတ်သည်(ငယ်၁၇)။ အဘယ်ကြောင့်ဆိုသော် အစောပိုင်းတွင် ချစ်ဟန်ဆောင်သူများက သစ္စာဖောက်ကြသည့် ခါးသီးသော အတွေ့အကြုံခံစားခဲ့သည် (၁ရာ ၂၃)။

အပိုဒ်ငယ် ၁၉-၂၂ တွင် ရှိသည့် အချက်အလက်အဖြစ်အပျက်သမိုင်းကြောင်းဆိုင်ရာများကို ၁ရာ ၂၉နှင့် ၃၀ တွင်ပါရှိပြီးဖြစ်သည်။  ဖိလိတ္တိလူတို့နှင့် အတူ ဒါဝိဒ်ရှိနေစဉ် ဣသရေလလူများအား တိုက်ခိုက်ခြင်းမပြုရန် ဘုရားသခင်က တားမြစ်ခဲ့သည်။ ဒါဝိဒ်၏မိသားစုကို တိုက်ခိုက်သိမ်းပိုက်သွားသော အာမလက်လူများကိုလည်း ဇိကလပ် တွင်ပြန်လည် အောင်နိုင်ခွင့်ရရှိသည်။

အရှေ့ဘက်ကမ်းရှိလူများသည်လည်း အင်အားတောင့်တင်းလာသည် (ငယ်၃၇)။ ဟေဗြုန်အင်အား နည်းသထက်နည်းလာသည်။ ယုဒ၊ ရှိမောင် လူဦးရေကိုကြည့်။ (ငယ် ၂၄၊ ၂၅ နောက်ပိုင်း)။

ဘုရင့်ဦးဆောင်မှုအောက်တွင် ဣသရေလလူများစည်းရုံးညီညွတ်လာကြသည်။ ပျော်ရွှင်လာကြသည်။ ပွဲတော်အတူတူကျင်းပလာကြသည်။ ကောင်းကြီးမင်္ဂလာခံစား လာကြသည် (ငယ်၄၀)။  ရှောလု၏ မနာခံမှုကြောင့် စိတ်ဝမ်းကွဲပြားခြင်းနှင့် နာကျည်းမှုများ အတိတ်သမိုင်းတွင် ပြည်ဖုံးကားချခဲ့ပြီ။ ဘုရားသခင်စေလွှတ်သော သိုးထိန်း၊ ဣသရေလဘုရင်အောက်တွင် စည်ပင်သာယာ တိုးတက်ဖွံဖြိုးလာကြသည်။

Previous Article
Next Article