ရာဇဝင်ချုပ်ပထမစောင် ၁၃

() ယေရုရှလင်သို့ ပဋိညာဉ် သေတ္တာသယ်ဆောင်ခြင်း (အခန်း ၁၃၁၆)

          ၁၃:                  ဒါဝိဒ်မင်း ပထမဆုံးအကြိမ် ပဋိညာဉ်သတ္တောသယ်ဆောင်ရန် ကြိုးပမ်းချက်ဖြစ်သည်။ လောလောလတ်လတ် နန်းတော်သစ် သို့ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော် စိုးစံစေချင်သည်။

ရှောလုမင်း လက်ထက်တွင် ပဋိညာဉ်သေတ္တာ ကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟု မအောက်မေ့ခဲ့။ ဖိလိတ္တိတို့ လက်ထဲသို့ ကျရောက်ခဲ့ပြီး (၇)လ အကြာတွင် ကိရယတ်ယာရိမ်သို့ ပြောင်းရွှေ့ထားရှိကြသည်။ ထို့နောက်လေဝိအမျိုးသား အဘိနာဒပ်နေအိမ် သို့ (၁ရာ၄-၇) သို့ရောက်ရှိသည်။ ယခုဒါဝိဒ်မင်းက အဘိနာဒပ်နေအိမ်မှ သယ်ဆောင်လာသည်။ လှည်းသစ်ပေါ်သို့တင်၍ သြဇနှင့် အဟိသြကို လှည်းနှင်စေ သည်။ အဲဂုတ္တပြည် ဂိဟောရေမြစ် ဆိုသည်မှာ အဲဂုတ္တုချောင်း ဖြစ်သည်။

၁၃:၉-၁၂ နွားများရုန်း၍ လှည်းလှုပ်ခါသောအခါ ပဋိညာဉ်သေတ္တာ လိမ့်ကျမည်စိုးသောကြောင့် သြဇက သေတ္တာတော်ကို လှမ်းဖိသည်။ မထိုက်တန်ဘဲ ကိုင်တွယ်ရသောကြောင့် ဘုရားသခင်ကရိုက်ချ၍ သြဇသည် ပွဲချင်းပြီး သေဆုံး သည်။ ယဇ်ပုရောဟိတ်မှ တပါး ပဋိညာဉ်သေတ္တာ ထိပါးကိုင်တွယ်ခြင်းမပြုရန် ပညတ်ချက်ထားရှိထားသည် (တော ၄:၁၅)။ ကောဟတ်အမျိုးတို့ ပဋိညာဉ်ထမ်းသယ်ကြစဉ်ကလည်း သေတ္တာကို မထိကြ။ ထမ်းပိုးလှန်၍ ခပ်လှန်းလှန်းမှ ပုခုံးဖြင့်ထမ်းကြခြင်းဖြစ်သည်။ ထို့ပြင် လဲကျသေဆုံးသည့်နေရာကို ပေရဇောဇ (သြဇသင်္ချိုင်းကုန်း )  ဟုခေါ်စမှတ်ပြုကြသည်။ ထိုနေအိမ်တွင် (၃)လကြာ စိုးစံရာ ထိုနေအိမ်မိသားစုသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ကြွယ်ဝသထက် ကြွယ်ဝလာသည်။

Previous Article
Next Article