ရာဇဝင်ချုပ်ပထမစောင် ၂၁

() သန်းခေါင်စာရင်း၏ အကျိုးဆက် ကာလနာ ရောဂါ (အခန်း၂၁)

          ဤအခန်းနှင့် ၂ရာ ၂၄ ကို ဖတ်လျှင် ဒါဝိဒ်မင်းက တိုင်းသူပြည်သားများအား သန်းခေါင် စာရင်း ကောက်ယူသောကြောင့် အမျက်တော်ရှသည်ဟု ဆိုသည်။ ထိုသို့ သန်းခေါင်စာရင်းကောက်ခြင်းသည် စာတန်၏လှုံ့ဆော်မှုဖြစ်ကြောင်း ဤကျမ်းပိုဒ်အရ နားလည်ရသည်။ အဖြစ်မှန်မှာ ဘုရားသခင်က စာတန်ကို ဒါဝိဒ်မင်းအား စုံစမ်းရန် ခွင့်ပြုခြင်းဖြစ်သည်။ ဘုရားသခင်သည် အပြစ်ဒုစရိုက်၏ အရှင်သခင်မဟုတ်ပါ။ သို့သော် လူအများ၏ ယုံကြည်သစ္စာရှိမှု ဆန်းစစ်ရန် ခွင့်ပြုတတ်သည်။

ဤကျမ်းပိုဒ်နှင့် ၂ရာ ၂၄ တို့၏ အဓိပ္ပါယ် ရှင်းလင်းချက်ကို မှတ်စုတွင် ရှင်းပြထားသည်။၁၇

၂၁:         ယွာဘစစ်သူကြီးသည် အမိန့်နာခံခြင်းကောင်းသော စစ်သူကြီးဖြစ်သည့်အလျှောက် ဘုရင့်အမိန့် တော်အတိုင်း တသွေမတိမ်း သန်းခေါင်စာရင်းအလိုက် ကောက်သည်။ သန်းခေါင်စာရင်းထဲတွင် လေဝိအမျိုးသားများ စာရင်းမပါရှိပါ။ အဘယ်ကြောင့်ဆိုသော် ဣသရေလနှင့်ယုဒပြည် အနှံ့တွင်ပြန့်ကြဲနေသောကြောင့် ဖြစ်နိုင်သည်။ ဗင်္ယာမိန်အမျိုး လည်းမပါ။ အဘယ်ကြောင့်ဆိုသော် စာရင်းဝင် လောက်သောအရွယ်ရောက်လူလားမြောက်သူများ လည်းမပါ(ထွ ၃၀:၁၂)။ ဒါဝိဒ်မင်း၏ မနာခံမှုနှင့် မာနထောင်လွှားမှုသည် သင်္ချိုင်းသွားရာ လမ်းခင်းခြင်းနှင့်တူသည်။

၂၁:၁၅       ဒါဝိဒ်မင်း သည် အပြစ်ဒုစရိုက် ပြုမိကြောင်း သိလျှင်သိချင်း၊ ဘုရားသခင်ထံ ဝန်ချတောင်းပန်သည်။ ဘုရားသခင်၏အရေးယူဆုံးမခြင်းခံယူဖို့ အသင့်ရှိကြောင်း အပြစ် ဒဏ်ရွေးချယ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကရုဏာတော်နှင့် ပြည့်စုံကြွယ်ဝသူဖြစ်ကြောင်း သိရှိထားသည်။

ဒါဝိဒ်မင်း၏ ဝန်ခံမှုကြောင့် အရေးယူအပြစ်ပေးရန် လက်ရွယ်နေသော တောင်ကုန်းတမန်ကို ဘုရားသခင်က ရပ်ခိုင်းလိုက်သည်။ သို့သော် လူပေါင်း ခုနှစ်ထောင်သည် ကာလနာရောဂါ ဖြင့် သေဆုံးကြပြီ။

ယုံကြည်သူများသည်လည်း မိမိပြုသည့်အမှုအတိုင်း အရေးယူခြင်းခံရမည့်အကြောင်း နားလည်ကြသည်။ လူတိုင်းသည် အပြစ်ဒုစရိုက်လောကတွင် ကျင်လည်နေသူများဖြစ်သည်။ ဒါဝိဒ်သည် အောက်ကျို့နှိမ့်ချသူဖြစ်သည်။ မာနထောင်လွှားခြင်းတည်းဟူသော အပြစ်ဒုစရိုက်ကျူးလွန်နေသည်။ ထိုအကြောင်းကို Matthew Henry က ဤသို့ သင်ခန်းစာထုတ်ယူပါသည်။

တိုင်းသူပြည်သားလူများ၏ လူဦးရေပမာဏ အပေါ်တွင် ဂုဏ်ယူမာနထောင်လွှားသည်။ လူ့အမြင်တွင် များပြားသော်လည်း ဘုရားသခင်အမြင်တွင် လက်ချိုးရေရလောက်စရာမရှိ။ မရှိဆင်းရဲသားများသည် အားနည်းချက်ရှိလူများဖြစ်သည်။ ဆန်တပြည်ရှိရာမှ တတင်းရှိလာလျှင် မိမိကိုယ်ကို အဟုတ်ကြီးထင်တတ်ကြသည်။ ထိုအတွေးအမြင်သည် မာနထောင်လွှားခြင်း အပြစ်ဖြစ်သည်။

၂၁:၁၆၁၇ ဒါဝိဒ်မင်း မျက်လုံးစုံဖွင့် ကြည့်သောအခါ တုန်လှုပ်ခြောက်ခြားဖွယ်ရာ မြင်ကွင်းမြင်ရသည်။ ဘုရားသခင်၏ကောင်းကင်တမန်သည် ယေရုရှလင်မြို့ အား ခုတ်ပိုင်းရန် ဓါးရွယ်နေကြောင်း တွေ့မြင်ရသည်။ ဒါဝိဒ်မင်း၏ ပြုမူဆောင်ရွက်ပုံသည် ယုံကြည်သူများ သင်ခန်းစာယူဖို့ကောင်းသည်။ Henry က  သင်ခန်းစာ(၄)ခု ထုတ်နှုတ်ပေးထားသည်။ မိမိတို့ဘဝတွင် အပြစ်ဒုစရိုက်ကျူးလွန်မိသည်နှင့် တပြိုင်နက် လိုက်လုပ်သင့်သည်။ အထူးသဖြင့် ခေါင်းဆောင်ပိုင်းတွင် လိုအပ်သည်။

(၁) သူ၏ပြုမှားခဲ့သော အပြစ်ဒုစရိုက်အတွက် ကြီးစွာနောင်တရ၍ အပြစ်ဝန်ချတောင်းပန်သည် (ငယ် ၈)။ မိုက်မဲစွာကျူးလွန်ခဲ့မှုအတွက် အာပတ်ဖြေသည်။ အမှားပြင်ဆင်ခြင်းဖြင့် မိုက်မဲမှုများကို သန့်စင်ခဲ့သည်။

(၂) မိုက်မဲမှုအတွက် အရေးယူအပြစ်ပေးခြင်း ခံယူဖို့အသင့်ရှိသည်။ ဒဏ်ခတ်ခြင်းငှါ လက်တော်ကို ပြည်သူတို့အပေါ် မရောက်ပါစေနှင့်၊ အကျွန်ုပ်နှင့် အဆွေအမျိုး အပေါ်သို့ ရောက်စေတော်မူပါဟုဝန်ခံသည်။

(၃)ကရုဏာတော်ကြီးမားသည့်အတိုင်း ပြည်သူများကို ချမ်းသာပေးပါ။ သူ့ဘဝကိုသာ စီရင်ပါဟု အပ်နှံသည်။ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီ။ ထာဝရဘုရား၏ လက်တော်သို့ ရောက်ပါစေ။ ကရုဏာတော်ကြီးမားလှ၏ ဟု ဝန်ခံသည် (ငယ် ၁၃)။ ဘုရားသခင်၏ လူများသည် ဘုရားသခင်၏ အရေးယူခြင်း ကြုံတွေ့သည့် အခါတွင် ပဲ့ပြင်ဆုံးမခြင်းဟု ကျေနပ်စွာခံယူလေ့ရှိသည်။ သေဘေးထိုက်လျှင်လည်း ဘုရားသခင်ကို မပြစ်မှား။

(၄)သူ့လူများအတွက် ခေါင်းခံပေးသည်။ ကာလနာဘေးဒဏ်ခံသင့် ရလောက်အောင် ဤလူများ၌ အပြစ် ဒုစရိုက်မရှိပါဟုဆိုသည်။ ပြည်သားတို့အရေတွက်ခြင်းငှါ စီရင်သောသူအား အကျွန်ုပ်ဖြစ်ပါသည် ဤသို့ကား အဘယ်သို့ ပြုမိကြသနည်း။ ၁၉

၂၁:၁၈၂၆     ဘုရားသခင်သည် ဒါဝိဒ်၏ ပရောဖက်ဂဒ် ကိုခေါ်၍ ဒါဝိဒ်မင်းအား အရောန၏ ကောက်သလင်းတွင် ယဇ်ပလ္လင်တည် ခိုင်း သည်။ အရောနက သူ့လယ်ကွင်းအား ဒါဝိဒ်မင်းသို့ ပေးလှူသော်လည်း  ဒါဝိဒ်မင်းက အဖိုးစားနားမပေးဘဲ အလကားမယူလိုသဖြင့် တန်ရာတန်ကြေးပေးသည်။ အပိုဒ်ငယ် ၂၄ သည် အရေးပါသော ဝိညာဉ်ရေးရာ သင်ခန်းစာဖြစ်သည်။ ဝတ်ပြု ပူဇော်ခြင်းကို ထိုက်ထိုက်တန်တန် သန့်ရှင်းစင်ကြယ်စွာ ပြုရသည်။ ထိုကောက်တလင်းပြင်သည် နောင်တွင် ဝတ္တကမြေဗိမာန်တော်ပရဝုဏ် ဖြစ်လာသည် (၆ရာ ၃:၁)။

          ၂၁:၂၇၃၀     ထိုနေရာသည် အာဗြဟံက ဣဇက်အား ယဇ်ပူဇော်ရာ မောရိယတောင်ဒေသ ဖြစ်သည်(က ၂၂)။ ဘုရားသခင်က ဘုရားသခင်၏ ကောင်းကင်တမန်တော်အား ဓါးပြန်သွင်းခိုင်းသောအခါ ကာလနာရောဂါလည်း ရပ်တန့်သွားသည်။ ထိုနေရာတွင် ဗိမာန်တော်တည်မည်ဖြစ်ကြောင်း အကုန်အစင်မတူသော်လည်း ထိုနည်းနှင့် သခင်ယေရှု၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းဖြင့် လူသားများ၏ အပြစ် ဒုစရိုက်များသည်လည်း ဆေးကြောသန့်စင် ခဲ့ပြီ။

ထိုကောက်တလင်းပြင်တွင် ဝတ်ပြုကိုးကွယ်ရာ ဌာနတော် အသစ်ဖြစ်လာသည်။ ထာဝရဘုရား ၏ တဲတော်နှင့်မီးရှို့ရာ ယဇ်ပုလ္လင်များသည် ရှိနေဆဲ။ သို့သော်လည်း ဒါဝိဒ်သည် လိပ်ပြာမသန့်သဖြင့် ထိုကောက်တလင်းပြင် သို့နောက်ထပ် မသွားဝံ့။

Previous Article
Next Article