ရာဇဝင်ချုပ်ပထမစောင် ၂၂

() ဗိမာန်တော် ဆောက်လုပ်ဖို့ ပြင်ဆင်ခြင်း (အခန်း ၂၂၂၆)

၁။လူပစ္စည်းနှင့် လှုပ်ရှားမှု (အခန်း၂၂)

          ၂၂:                   ဒါဝိဒ်မင်းက အရောန၏ ကောက်တလင်းပြင်အား မီးရှို့ရာယဇ်      ပလ္လင်တည်ဖို့ (၂၁:၂၈) သတ်မှတ်သည်။ သူ့သားသာလျှင် ဗိမာန်တော်ဆောက်လုပ်ဖို့ ဘုရားသခင်က အထူးအခွင့်အရေးပေးကြောင်း သိသောအခါ ဒါဝိဒ်မင်းသည် ဗိမာန်တော်ဆောက်လုပ်ဖို့ လိုအပ်သော ပစ္စည်းများကို ကြိုတင်ရှာဖွေပြင်ဆင်ထားသည်။ အပိုဒ်ငယ် (၂) တွင်ပါရှိသည် တိုင်းတပါးသားများ သည် ထိုအရပ်ဒေသရှိ ခါနာန်လူများ (၃ရာ ၉:၂၀-၂၁) ဖြစ်သည်။ ထိုလူများကို ယခင်က သတ်ဖြတ်ကွက်မျက်လေ့ရှိသော်လည်း ယခုအခါ ထိုသို့မရက်စက်ကြပါ။ အလုပ် သမားများအဖြစ် စေခိုင်းသည်။

၂၂:၂၆၁၃     ဒါဝိဒ်၏လက်သည် သွေးစွန်းသောကြောင့် ဘုရားသခင်၏ ဗိမာန်တော်တည်ဆောက်ရန် အခွင့်မရှိ။ သားတော်ရှောလမုန်မင်း လက်ထက်၌ ဆောက်လုပ်ခွင့် ရှိကြောင်း ဘုရားသခင်က အမိန့်ချမှတ်ထားသည်။ ထိုတရားတော်ကို နာခံ၍ ဒါဝိဒ်မင်းသည် သားတော်ရှောလမုန်နှင့်အတူ ဘုရားသခင်စိုးစံဖို့၊ ရှောလမုန်အား ဉာဏ်ပညာပေးသနားဖို့၊ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းလိုက်နာသော နှလုံးသားရှိဖို့ ဆုတောင်းသည်။

၂၂:၁၄၁၆     ဒါဝိဒ်မင်းသည်  ဗိမာန်တော် ဆောက်လုပ်ဖို့ ပစ္စည်းကရိယာများ ပင်ပန်းကြီးစွာ ဒုက္ခခံ၍ ရှာဖွေသိုလှောင်ထားပုံကို ရှောလမုန်အား ပြောပြသည်။ ကြိုးစားပမ်းစား လုပ်ကိုင်သောသူကို ဘုရားသခင်က ပံ့ပိုးစောင့်ရှောက်သည့် အကြောင်း ကိုလည်း ထပ်လောင်းမှာကြားသည်။

၂၂:၁၇၁၉     ထို့အပြင် ဣသရေလအမျိုးသားခေါင်းဆောင်များ ကိုလည်း စုစည်း၍ ရှောလမုန်အား ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့ မှာထားခဲ့သည်။ ဗိမာန်တော် ဆောက်လုပ်ဖို့ စီမံကိန်းကို ဆင်ခြင်ကြည့်ပါ။ ပထမဦးစွာ ဆောက်လုပ်လိုသော စိတ်နှလုံးစီမံကိန်းရှိရသည်။ ထို့နောက်လက်တွေ့ လုပ်ဆောင်ရသည်။ ကိုယ်စိတ်နှလုံးကို နှိုးဆော်ကြလော့.. ဘုရားသခင်၏ သန့်ရှင်းရာ ဌာနတော်ကို တည်ဆောက်ကြလော့ဟုမိန့်မှာခဲ့သည်။

Previous Article
Next Article