ရာဇဝင်ချုပ်ပထမစောင် ၂၄

၂၄:၁၉ အခန်းကြီး (၂၄) တွင် လေဝိအမျိုး၏ ဖွဲ့စည်းပုံကို မှတ်တမ်းတင်ထားသည်။ မျိုးနွယ်စု သို့မဟုတ် ယဇ်ပုရောဟိတ်အနွယ် (၂၄)ခု (ငယ် ၁-၁၉) ရှိသည်။ တာဝန်ဝတ္တရား (၂၄)ခုကို (အငယ် ၂၀-၃၁) တွင် ပြဌာန်းထားသည်။ ထိုတာဝန် ဝတ္တရားများရှိသည့်အတိုင်း ဗိမာန်တော်တွင် အလှည့်ကျ တာဝန်ထမ်းဆောင်ရသည်။ တာဝန်ကျဇယား အရ တနှစ်လျှင် နှစ်ပတ်ခန့် တာဝန်ယူရသည်။ လု ၁:၅ တွင် တွင် ပါရှိသည့် ဇာခရိသည် () သုတ်မြောက်  တာဝန်ကျသော အဘိယ၏ အနွယ် ဝင်ဖြစ်သည် (ငယ်၁၀)။

အာရုန်တွင် ယဇ်ပူရောဟိတ်အမှုတော်ဆောင် (ဧလျာဇာနှင့် ဣသမာ သားနှစ်ယောက်ရှိသည်။ ယခင်က လူဦးရေ အချိုးအစား သတ်မှတ်ချက်မရှိရောနှော နေကြသော်လည်း နောက်ပိုင်းတွင် (၈) ယောက်စီ သတ်မှတ်ခွဲခန့်ကြသည် (ငယ်၄)။  ဣသရေလအမျိုးသားခေါင်းဆောင် ဒါဝိဒ်မင်း လက်ထက်တွင် ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဟိမလက်တို့သည် မဲနှိုက်၍ ဗိမာန်တော်အမှုဆောင်နေကြသည်။

၂၄:၂၀၃၁     ယဇ်ပုရောဟိတ်များသည် ဗိမာန်တော်အမှုထမ်းဆောင်ရန် ဒါဝိဒ်မင်းနှင့် မူးမတ်ကြီးများရှေ့တွင် မဲနှိုက် ရသည်။ မဲပေါက်သောသူသည် မိမိတို့ အလှည့်ကျသည်အတိုင်း တာဝန်ထမ်းဆောင်ရသည်။

Previous Article
Next Article