ရာဇဝင်ချုပ်ပထမစောင် ၂၇

() စစ်ဘက်နယ်ဘက်ခေါင်းဆောင်များ (အခန်း၂၇)

          ၂၇:၁၅       စစ်ဘက်ခေါင်းဆောင်များကိုလည်း လေဝိအမျိုးသားများ ကဲ့သို့ အတန်းအစား ခွဲခြားသတ်မှတ်သည်။ လူပေါင်းနှစ်သောင်းလေးထောင်သည် တလစီအလှည့်ကျတာဝန် ထမ်းဆောင်ရသည်။ စစ်သူကြီးများအမည်စာရင်းကို အခန်း၁၁ နှင့် ၂ရာ ၂၃ တွင် သီးသန့် မော်ကွန်းတင်ထာသည်။

၂၇:၁၆၂၂     လူမျိုးနွယ်စုများ၏ စာရင်းကိုလည်း သီးသန့်မှတ်တမ်းတင်ထားသည်။ ပထမဆုံးတွင် လေအာ နှင့် ရသောသားများဖြစ်သည့် ရုဘင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့် ဇာဗုလုန်တို့ ဖြစ်သည်။ ရာခေလနှင့် ရသော သားများမှာ ယောသပ် (ယောသပ်၏သား ဧဖရိမ်နှင့် မနာရှေ ကိုလည်း သားအဖြစ်သတ်မှတ်သည်) နှင့် ဗင်္ယာမိန်တို့ ဖြစ်သည်။ ဗိလဟာနှင့် ရသောသား များမှာ နသာလိနှင့် ဒန် (ရာဇဝင်ချုပ်တွင် မော်ကွန်းမဝင်) ဖြစ်သည်။ ဇိလဖနှင့် ရသောဂဒ်နှင့် အာရှာကိုလည်း ထည့်သွင်းရေတွက်ခြင်းမပြု။

၂၇:၂၃၂၄     ဒါဝိဒ်မင်းသန်းခေါင်စာရင်း ကောက်ယူခိုင်းစဉ် အသက် (၂၀) အောက် လူများ စာရင်းမဝင်။ ယွာဘ စစ်သူကြီးသန်းခေါင်စာရင်း မကောက်ယူမီကပင် ဘုရားသခင်အမျက်သင့် သောကြောင့် ထိုသန်းခေါင်စာရင်းသည် ပြည့်စုံခြင်းမရှိ။ ဒါဝိဒ်မင်းသည် သူ့အပြစ်ဒုစရိုက်အတွက် အရှက်ကွဲသောကြောင့် ပြည်သူများ၏ အာရုံလွှဲ သွားဟန်ရသည်။

၂၇:၂၅၃၄     ပြည်တွင်းရေရာအမှုအရာ ကိုင်တွယ်ဖို့ အရာရှိမင်း (၁၂) ဦးကို ခန့်အပ်ထားသည်။ အတိုင်ပင်ခံ၊ အခါတော်ပေးများအဖြစ်လည်း တိုင်ပင်သည်။ အဟိသောဖေလ ၏ ရင်နင့်ဖွယ်ဇာတ်လမ်းကို ၂ရာ၁၅ နှင့် ၁၇ တို့တွင် ဖတ်ရှုခဲ့ကြပြီဖြစ်သည်။ ယွာဘ ကဲ့သို့ အခွင့်အရေးထူး၊ ရာထူးကြီးသော်လည်း နှလုံးရည် မပြည့်ဝသူဖြစ်သည်။ ဟရှဲသည် မိတ်ကောင်းဆွေမွန် ဖြစ်သည်။ အဟိသောဖေလသည် တထောင်ကိုမြင်လျှင် ရာစွန့်တတ်သူဖြစ်သော်လည်း ဟရှဲသည် ကိုယ်ကျိုးစွန့်သူတပါးအကျိုး လိုလားသူဖြစ်သည်။ (တဦးစီ၏ ရလဒ်ကို ၂ရာ၁၅-၁၇ တွင်ကြည့်ပါ) မင်းခစားများဖြစ်ကြသော်လည်း ရည်မှန်းချက်အသီးသီးရှိကြပါသည်။ အခွင့်အရေးသမားများသည် မိမိရည်မှန်းချက်ကို အကောင်အထည်ဖော်၍ အစေခံတောင်းသည်။ သခင့်ကောင်းစားရေးကို ရှေးရှုသည်။

Previous Article
Next Article