ရှောလမုန်သီချင်း ၁

၁။           ခေါင်းစဉ်

ဤသီချင်းကို “သီချင်းတကာ့သီချင်း”ဟုအမည်ပေးထားသည်။ ရှောလမုန်၏ အချစ်အတ္ထုပ္ပတ္တိ တပုဒ်ဖြစ်သည်။

၂။            ချစ်သူသိုးထိန်းနှင့်ကင်းေ၀းသော ရှောလမုန်ထံရောက် ရှုလမိတ်အားနန်းတွင်းသူများက ဖျောင်းဖျပုံ (၁း၂-၈)

၁း၂-၄ ရှုလမိတ်မိန်းမလှသည် သူ့ချစ်သူသိုးကျောင်းသား၏  အနမ်းအပွေ့များကို သတိရလွမ်းဆွတ် နေသည်။ သူ့အချစ်သည် ၀ိုင်ထက်ချိုမြကြောင်းပတ်ချွဲပုံများကို ကြားယောင်သည်။ သူ၏တန်ဖိုးသည် ဘိသိက်ပေးရာနံ့သာဆီမွှေးနှင့်ညီသည်။ ထို့ကြောင့် ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ဖြစ်သည်။ သို့သော်လည်း အခြားသူများကို မချစ်စေချင်။ သူ့ကိုသာချစ်စေချင်သည်။ ယေရုရှလင်သမီး များကိုလည်း သတိပေးလိုက်မည်။ သူသာလျှင် မောင့်မူပိုင်ရှင် အချစ်ဖြစ်ရမည်။ သူ့အချစ်မောင်တော်ကို ပိုးပန်းဖို့မကြိုးစားကြနှင့်။ မောသွားမည်။ ရှောလမုန်ဘုရင်က ရှုလမိတ်အား သလွန်ဆောင်တော်သို့ပင့်ဆောင် ပိုးပန်းခဲ့သော်လည်း တုန့်ပြန်ခြင်းမပြု။ ယေရုရှလင်သမီးပျိုးများက ရှောလမုန်အား အသဲစွဲချစ်ကြိုက်ကြသည် ဖြစ်လောက်ပါပေသည်။

၁း၅-၆   ရှုလမိတ်၏အသားအရောင်သည် နန်းတော်နှင့်အထိုက်တန်၊ စပျစ်ဥယျာဉ်တောတွင် အနေများသဖြင့် ညိုပြာညက်သည်။ သို့သော် မဆိုးလှ။ ပို၍ပင်ချစ်စရာကောင်းသေးသည်။

၁း၇-၈   ချစ်သူသက်ထားငယ်ရီးစားကိုသာ အတွေးစွဲညှိသည်။ သိုးများကို ဘယ်တော အုပ်ပျိုနားမှာ ထိန်းကျောင်း၍ အဘယ်တောရိပ်ခိုပါလိမ့်။ တွေးရင်းတောရင်း မိမိကိုယ်ကို ဖြေသိမ့်ရပြန်သည်။ ယခုမှု ကုလားကာခြားလို့ တပါးဆီသို့ရောက်ရပြီ။ အဘယ်သူလာ ချော့လှည့်ပါမည်လဲ။

သိုးခြေရာရောက်လျှင် တွေ့နိုင်မှာပေါ့ဟု ယေရုရှလင်သမီးပျိုများက သူ့အချစ်ကို မနာလို စောင်းချိတ်စကားဆိုကြသည်။

၃။           ရှေလမုန်ကရှုလမိတ်အား ပိုးပန်းသော်လည်း ခွန်းတု့ပြန်ရန် ဆွံ့အခြင်း (၁း၉-၂း၆)

၁း၉-၁၀ ရှောလမုန်က ရှုလမိတ်အား အချစ်ခုံရုံးတင်ထားသည်။ ရှုလမိတ်အား ကကြိုးတန်ဆာဆင်ထားသော ဖာရော့မြင်းရထားနှင့် ယှဉ်သည်။ လှသထက်လှ၊ ယဉ်သထက်ယှဉ်အောင် နှစ်သက်ရာလက်၀တ်တန်ဆာဆင်ပေးမည်။ ရွှေလည်တိုင်မှာ ပုလဲအသွယ် သွယ်သီပေးမည်။

၁း၁၁     ဒယ်ဒီတာ့စကားအရ ရွှေငွေလက်၀တ်လက်စား၊ ရတနာစည်းစိမ်များဖြင့် ပိုးပန်းသည်။ ငွေဖြင့် အချစ်၀ယ်ဖို့ကြိုးပမ်းသည်။

၁း၁၂-၁၄ ရှုလမိတ်သည် ရှောလမုန်၏ချစ်သွေးစကားများကို နားမ၀င်။ ဆွဲဆောင်မှုမရှိ။ ရန်ခုန်ခြင်းမပြုနိုင်။ ငယ်ချစ်ဦးကိုသာ လွမ်းတသသ ဆွေးမြေ့သည်။ ဘုရင်မင်းစားပွဲမှာ ထိုင်သော အခါ နံ့သာဆီမွှေးပျံ့ပျံ့ထုံပါ၏။ ချစ်သူရည်းစားသိုးကျောင်းသားမှာ ရင်အုံနှစ်မွှာကြား မုရန်ရနံ့သင်းလေးမွေး၏ အ‌‌ဂ်ေစပျစ် ဥယျာဉ်မှ ပွင့်ဦးရနဲ့သင်းမြမြဖြစ်ပါ၏။

၁း၁၅     အလို၊ မိန်းကလေး သင့်မျက်လုံးဆန်များသည် ၀င်းပပညှို့အားကောင်းလေစွ။  ချိုးမျက်လုံး အလှပြည့်စုံ၏ ။ အဆင်းတန်ဆာတင့်ပေ၏။

၁း၁၆-၁၇ သို့သော် ရှုလမိတ်၏နှလုံးသားကို မထိုးဖောက်နိုင်။ သူ့ချစ်သဲသည်လည်း သူ့အမြင်မှာလှပပေသည်။ ပြေပါပေသည်။ ဟင်းလင်းပြင်သည် သူတို့စုံတွဲပျော်စံရာ ဂေဟာ၊ မြက်ခင်းလွင်ပြင်သည် ကတ္ထီပါမွေ့ယာ၊ ဆီဒါကိုင်းနှင့် ထင်းရှူးရွက်များသည် နှစ်ကိုယ်တူချစ်သူ နှစ်ဦး တဲခေါင်မိုးများဖြစ်သည်။ နှစ်ကိုယ်တူတဲအိုပျက်မှာနေရနေရ မမှု၊ အချစ်ဗိမာန်သာလျှင် ဘ၀ဘုံနန်းဖြစ် သည်။

Previous Article
Next Article