ရှောလမုန်သီချင်း ၃

၆။           အပျိုမ၏ မိုးကောင်းကင်ချစ်အိပ်မက် (၃း၁-၄)

သူငယ်မသည် သူ့ချစ်သူရီးစားသဲဦးဖျားအား အိမ်မက်ထဲမှပင် လိုက်ရှာနေရှာသည်။ တညတသော အခါမိုးအောက်မြေပြင်လိုက်ကြည့်ပါလည်း အရိပ်အယောင်ရှာမတွေ့။ မြို့ပြပန်းခြံ၊ လမ်းခွဆုံနှင့် လမ်းစောင့်ရဲတွေမေးကြည့်ပါသည်။ ထိုစဉ်အခိုက် အနောက်မှ သိုင်းဖက်ပွေ့ချီမလျက် တဲကုပ်ဟော်နန်းသို့ခေါင်ဆောင်သွားပေသည်။ ရွှေရင်ဖိုထဲငြိမ့်ကနဲ။

၇။           ယေရုရှလင်းသမီးပျိုများအား ထပ်မံသတိပေးခြင်း (၂း၅)

သူမ၏ အချစ်ကို အတင်းအဓမ္မနှိုးဆွဖို့၊ ငယ်ချစ်ဦးထံသမင်ဒရယ်များအလျင်ပြေးသို့နှယ် ရောက်ရှိစေဖို့သတိစကားမှာကြားသည်။

၈။           ယေရုရှလင်တွင် ရှောလမုန်တိုင်းခန်းလှည့်လည်ခြင်း (၃း၆-၁၁)

ဤကျမ်းပိုဒ်တွင် ပသာဒမြင်ကွင်းပြောင်းလိုက်သည်။ အချစ်ရေးအချစ်ရာ လွမ်းဆွေးနေခြင်းမှ ဘုန်းတန်ခိုးဂုဏ်အရှိန်ဖြင့် ခမ်းနားထယ်၀ါပုံမြင်ကွင်းချယ်ထားသည်။ ရှောလမုန်မင်းကြီး ယေရုရှလင်မြို့တွင်းတခွင် တိုင်းခန်းလှည့်လည်သည်။ ဤနေရာတွင် မေးစရာမေးခွန်ရှိပါသည်။ ဘုန်းအသရေနှင့် ပြည့်ရှင်မင်းရှောလမုန်၏ အချစ်ကိုလက်မခံ၀ံ့သူ မည်သူရှိသနည်း။ ရှုလမိတ်အပျိုမ ရှိပါသည်။ သူမသည်ချစ်သူသက်ထားငယ်ရည်စားကို သစ္စာမပျက်၊ ချစ်သက်သေတည်သည်။ အခြားဖိုသံများကို နားမကြားလို။

တိုင်းသူပြည်သားလူအများသည် ဘုရင်မင်းကြီးကြွချီလာရာလမ်းတဖက်စီတွင် ရပ်နေလျက် မုရန်နှင့် နံ့သာဆီမွှေးပတ်ဖြန်းကြသည်။ ရှောလမုန်၏ ယာဉ်ပျံတော်ကို ဖူးမြင်ရပြီ။ စစ်သူရဲခြောက် ကျိပ်ခြံရံလျက် ဗိုလ်ရှုသဘင်ကြွချီလာသည်။ ကွန်းစင်တိုင်ကိုငွေဖြင့်၄င်း၊ အောက်ပိုင်းကို ရွှေဖြင့်၄င်း၊ ထိုင်ခုံဆိုဖာကို ကြက်သွေးရောင် ကမ္ဗလာဖြင့်၄င်း တန်ဆာဆင်ချယ်မှုန်းထားသည်။ ကမ္ဗလာ ကော်ဇောသည် ယေရုရှလင်သမီးပျိုတို့၏ လက်ရာတော်ဖြစ်သည်။ ဇိအုန်သမီးများကို ရှောလမုန်မင်းအား ဖူးမျှော်ကန်တော့ဖို့ဆင့်ခေါ်သည်။ မင်္ဂလာဆောင်နေ့တွင် ဂုဏ်ယူစွာ ၀တ်ဆင်ရသော ၀တ်စားတန်ဆာ၊ သရဖူများကို ဆင်မြန်း၍ ဖူးမျှော်ကြသည်။

Previous Article
Next Article