ရှောလမုန်သီချင်း ၆

၆း၁ ထိုစကားကြောင့် ယေရုရှလင်သမီးပျိုအပေါင်းသည် ထိုလှပဂေးသိုးထိန်းလေးအားမြင် ချင်စမ်းလှသည်။ အဘယ်မှလိုက်ကြည့်ရမည်ပဆိုကြသည်။

၆း၂-၃ သူမ၏အဖြေစကားသည် ချစ်သ၀န်တိုစကားဖုံးဖိထားသည်။ “ဥယျာဉ်တောသို့သွား ချေပြီ” အော်သို့နှယ်။ အဘယ်ကြောင့်ပြောမိလိုက်ပါလိမ့်။ သူမပိုင်ဆိုင်ချင်သည်။ သူ့ရီးစားကလည်း သူ့ကို ပိုင်ဆိုင်ချင်သည်။ ထိုစကားကိုသာ ရပ်သိရွာသိအော်ပြောလိုက်ချင်ပါ၏။

၁၃။        ရှောလမုန်အချစ်အတွက် တဖန်မွေးဖွားခြင်း (၆း၄-၁၀)

ရောလမုန်သည် မလျှော့သောဇွဲဖြင့် အသစ်တဖန်ကြိုးစား ပိုးပန်းနေရပြန်သည်။ အရှေ့တိုင်းသားများ မိန်းမပိုးနည်းဟန်တိုင်း မျက်နှာအလှကို အသားပေးချီးမွမ်းသည်။ ၄း၁-၃ တွင်ဖော်ပြသည်။ အလှဖွဲ့စကားမျိုးထပ်ဆိုသည်။ သူ့စိတ်ထဲတွင် ဤသူငယ်မသည် မိဖုရားခြောက်ဆယ်၊ မောင်းမမိဿံရှစ်ဆယ်၊ မရေတွက်နိုင်သော လှပျိုဖြူကညာများထက်သာ ပါဘိခြင်း။ မယ်တော်သာမက အခြားဘုရင်မများ၊ မောင်မမိဿံများနှင့် မိန်းမသားများကလည်း ချီးမွမ်းကြတန်သည်။ “လကဲ့သို့တင့်တယ်လျက်နေကဲ့သို့ ထွန်းလင်းသူ၊ အောင်ပွဲထံသူစစ်သူရဲကဲ့သို့ မျက်နှာတင့်တယ် သူသည် သူမမှလွဲ၍ အဘယ်မှ ရှာတွေ့မည်နည်း။”

၁၄။        သူ့အချစ်အား နန်းတော်က မဆွဲဆောင်နိုင်ကြောင်းတုန့်ပြန်ခြင်း (၆း၁၁-၁၃)

၆း၁၁-၁၂ ရှောလမုန်မင်းနှင့် မျက်လုံးချင်း အဝေ့တွေ့ဆုံခဲ့ပုံကို စားမြုံ့ပြန်ပြောပြသည်။ ဥယျာဉ်ခြံထဲတွင် သစ်သီးပင်များ လိုက်ကြည့်နေခိုက်၊ ရှောလမုန်မင်း၏ စစ်ရထားကြီးအနားဆီသို့ ရောက်လာသည်။ ဘုရင်မင်းလှည့်အကြည့်မှာ စိတ်လှုပ်ရှား၍ တောသူမအား ယေရုရှလင်နန်းတော်ဆီသို့ တမဟုတ် ချင်းခေါ်ဆောင်လာသည်။ သို့သော်နန်းတွင်းသူဖြစ်ဖို့ စိတ်ကူးမယဉ်၊ မမျှော်မှန်းခဲ့။ မတမ်းတစဘူးသဖြင့် မပျော်မွေ့နိုင်။

၆း၁၃ ယေရုရှလင်ပြန်လည်ထွက်ခွာမည်ပြုစဉ် ရှောလမုန်နှင့် ယေရုရှလင်သမီးပျိုတို့က ဟန့်တားကြသည်။ အလှကို လူမြင်နည်းရာမှ မကွယ်ထားဖို့၊ ၀ါးလုံးခေါင်းထဲ လမသာဖို့စည်းရုံးကြသည်။ သူ့အလှသည် တော်၀င်နန်းနှင့်သာ ထိုက်တန်သည်။ အဘယ်ကြောင့်သူ့ ကိုအခြားသာမန်မိန်များကဲ့သို့ သဘောထားကြပါလိမ့်။ ဤကျမ်းစာပိုဒ်၏ ဒုတိယပိုဒ်သည် အလွန်လေးနက်သောကြောင့် နားလည်ရခက်သည်။ (ဟေဗြဲ Mahanaim) စစ်တပ်နှစ်တပ်ဆိုသည်မှာ ရှုလမိတ်အား ကချေသည်နှစ်ဖွဲ့က တလှည့်စီ ကပြအသုံးတော် ခံသည့်အကြောင်းဖြစ်ဟန်တူသည်။

Previous Article
Next Article