ဝတ်ပြုရာကျမ်း ၁၃

() နူနာရောဂါ (အခန်း ၁၃)

အခမ်းကြီး(၁၃)တွင် ကုဋ္ဌနူလာရောဂါအကြောင်းနှင့် အခန်း(၁၄)တွင် ထိုရောဂါစင်ကြယ်ခြင်း အကြောင်း ရေးသားထားသည်။ သမ္မာကျမ်းစာတွင် နူနာရောဂါကို ခွဲခြားပြဆိုထားသည်။ လှုပ်ရှားသွားလာ လုပ်ကိုင်နိုင်သည်။ လုံးဝပစ်ပယ်မထား။ ကူဖော်လောင်ဖက်မရှိ။ လုံးဝဘဝ ရှုံးနိမ့်သွားသကဲ့သို့ ပြန်လည် ကျန်းမာလာသည်လည်းရှိသည်။

တခါတရံ ယဇ်ပုရောဟိတ်သည် သမားတော် အမှုလည်းဆောင်ရွက်ရသည်။ ဝိညာဉ်ရေးရာနှင့် ခန္ဓာကိုယ်သုံးပါးဖြင့် ဖွဲ့စည်းသောကြောင့် တစ်ခုခု ချို့ယွင်းလျှင် သုံးခုစလုံးသို့ ကူးစက်ထိပါးနိုင်သည်။

အခန်း ၁၃တွင် နူနာရောဂါရှင်နှင့် သာမန်လူတို့ တစ်အိမ်တည်းတွင် နေထိုင်ပေါင်းသင်း ဆက်ဆံရေးသည် ခက်ခဲသည်ဟု ဆိုထားသည်။ ဟေဗြဲကျမ်းစာ ပညာရှင် Dr.R.K.Harrison က “ဟေဗြဲဝေါဟာရတွင် ပါရှိသည့် စကားလုံးကို အခြားအယူလွဲ ဘာသာပြန်စရာမရှိပါ။ သို့သော် Hansen ရောဂါဟုဆိုလျှင် လူတိုင်းနားလည် သဘောပေါက်ကြသည်”၁၅ ဟုဆိုသည်။

ဟေဗြဲဘာသာနှင့်ဂရိဘာသာစကားတွင် ပါရှိသည့်စကားလုံးကို အင်္ဂလိပ်ဘာသာဖြင့် Leprosy, Leper, Leprous ဟုခေါ်ဆိုကြပုံကို အကျဉ်းချုံး၍ ဤသို့ဆက်လက်ရှင်းပြသည်။

ဟေဗြဲဘာသာစကားတွင် Sàrà ဟုအရေပြားရောဂါမှ ဖြစ်ပေါ်လာသောရောဂါဟု အနက်ရသည်။ ရောဂါအတိအကျမဟုတ်ဘဲ ခြုံငုံခေါ်ယူခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင်မူ မျက်နှာစာရှိအဖု၊ အခွက်များ၊ အုတ်နံရံချိုင့်ခွက်များ၊ မျက်နှာပြင်ရှိ အဖုအချိုင့်များကိုလည်း ခေါ်ဝေါ်သုံးစွဲသည်။ Hebrew LXX ကျမ်းမူတွင် ဂရိဝေါဟာရ Lepra ကိုယူ၍ သီးသန့်အတိအကျ အဓိပ္ပါယ်ရှိသည်။ ဂရိဆေးဆရာကြီးက လူ့အရေပြားပေါ်တွင် ဖြစ်ပေါ်သော အနာ၊ အရိ၊ အချွဲများဖြစ်သည်ဟု ဆိုသည်။ Herodotus များက Leuke ဟုဆို၍ ဂရိဝေါဟာရ elephantiasis နှင့်အဓိပ္ပါယ်အတူတူဖြစ်သည်။ ခေတ်စကားအရ Leprosy (Hawen ရေဂါ)နှင့် ဆင်တူရိုးမှားဖြစ်သည်။၁၆

၁၃: ယဇ်ပုရောဟိတ်သည် ထိုသူ၏သမ္မာကျမ်းစာအခေါ် နူနာရောဂါရရှိပုံအကြောင်းကို စစ်ဆေးရသည်မှာ ကျမ်းစာဖွင့်ဆိုထားသည်။

၁၃: နောက် ထိုရောဂါရှင် ကိုင်တွယ်ပုံအသေးစိပ် ရှင်းပြသည်။ ထိုလူနာအား ()ရက်လုံးလုံး စောင့်ကြည့်ရသည်။ အနာရောဂါ ပြန့်ပွားခြင်း ဆိုးဝါးလာခြင်းမရှိလျှင် နောက်ထပ်()ရက် ထပ်မံစောင့်ကြည့်ရသည်။ ထိုသို့ စနစ်တကျ စောင့်ကြည့်စစ်ဆေးပြီး ပိုမို ဆိုးရွားခြင်းမရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုလူအား စင်ကြယ်ကြောင်း ကျေညာပေးရသည်။ အကယ်၍ ပထမ စစ်ဆေးစဉ်ထက် ဒုတိယစစ်ဆေးစဉ်တွင် ပိုမို ဆိုးရွားလျှင် မစင်ကြယ်ဟု ကျေညာမောင်းခတ်ရသည်။

၁၃:၁၁ ထိုနူနာသည် ကာလကြာညောင်းသည် သို့မဟုတ် နာတာရှည်ဖြစ်လျှင် ယဇ်ပုရောဟိတ်က မစင်ကြယ်ဟု ကျေညာပြီး မောင်းခတ်ရသည်။

၁၃:၁၂၁၃ သို့သော် ထူးထူးဆန်းဆန်း တစ်ကိုယ်လုံးဖြူသွားလျှင်ရောဂါလည်း ထပ်ပွားစရာမရှိလျှင် ယဇ်ပုရောဟိတ်က စင်ကြယ်သည်ဟု ကျေညာသည်။

          ၁၃:၁၄၁၅ ခန္ဓာကိုယ်ပေါ်တွင် စိုသောအနာပေါက်လျှင် ယဇ်ပုရောဟိတ်က မစင်ကြယ်ဟု သတ်မှတ်ရသည်။ အရိအချွဲ အပြည်ထွက်သောအနာသည် နူနာဖြစ်သည်။

          ၁၃:၁၆၁၇ သို့သော် ထိုစိုသောအနာသည် ပြန်လည်ခြောက်သွေ့၍ ပျောက်ကင်းသွားသည်။ အနာလည်းဖြူသွားလျှင် စင်ကြယ်သည်ဟု တဖန်သတ်မှတ်ရသည်။

၁၃:၁၈၂၃ အနာစိမ်း အနာဖုပေါက်ခြင်းကို (၃)မျိုး ခွဲခြားသတ်မှတ်ထားသည်။ ယဇ်ပုရောဟိတ်က စစ်ဆေး၍ ထိုအနာသည် ခန္ဓာကိုယ်အသားထဲသို့ ချိုင့်ဝင်၍ အဖြူကွက်ပေါက်လျှင် ထိုသူသည် မစင်ကြယ်(ငယ်၁၈-၂၀)။ နူနာရောဂါမှန်ကန်ကြောင်း သေချာရန် (၇)ရက်စောင့်ကြည့်ရသည်(ငယ်၂၁-၂၂)။ အကယ်၍ ကူးစက်ပြန့်ပွားခြင်းမရှိလျှင် နူနာမဟုတ်။ စင်ကြယ်သည်ဟု သတ်မှတ်ရသည်(ငယ် ၂၃)။

၁၃:၂၄၂၈ ဤနေရာတွင် မီးလောင်နာနှင့် ယှဉ်ပြသည်။ ရောဂါအရင်းသည် နူနာရောဂါလက္ခဏာမှန်လျှင် ယဇ်ပုရောဟိတ်က မစင်ကြယ်ဟု သတ်မှတ်ရသည် (ငယ်၂၄၊၂၅)။ ရောဂါပြန့်ပွားကူးစက်ခြင်းရှိမရှိ သေချာအောင်(၇)ရက် စောင့်ကြည့်ရသည်။ (ငယ် ၂၆၊၂၇)။ ခပ်မည်းမည်းဖြစ်၍ အနူကွက်မတွေ့လျှင် စင်ကြယ်သည် (ငယ်၂၈)

          ၁၃:၂၉၃၇ ဦးခေါင်းနှင့်မေးစေ့ကို ကြံကြံဖန်ဖန် စစ်ဆေးရန်ပြန်သည်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ နဂိုကတည်းက နူနာရောဂါဓာတ်ခံရှိလျှင် မစင်ကြယ်သည်မှာ သေချာလျှင် ()ရက်စောင့်ကြည့်ရသည်။ အကယ်၍ ရောဂါပြန့်ပွားခြင်းမရှိလျှင် အမွှေးအမျှင်များပြောင်အောင် ရိတ်ခိုင်းပြီးနောက်ထပ်()ရက်စောင့်ကြည့်ရသည်။ အကယ်၍ ပြန့်ပွားကြောင်းတွေ့လျှင် မစင်ကြယ်၊ မပြန့်ပွားလျှင်သာမန် အနာဖြစ်၍ စင်ကြယ်သည်။

၁၃:၃၈၃၉ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ခန္ဓာကိုယ်ပေါ်တွင် အဖြူကွက်တွေ့တိုင်း၊ နူနာရောဂါဟု မသတ်မှတ်နိုင်။ Harrison ၏ ဆေးနည်းပညာအရဆိုလျှင် “အရေပြားပေါ်တိုင်း၌ အဖု၊ အချိုင့်များ ပေါ်ပေါက်နိုင်ပါသည်။၁၇

၁၃:၄၀၄၄ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ နဖူးပြောင်ခြင်းများသည် နူနာရောဂါနှင့် မသက်ဆိုင်။

၁၃:၄၅၄၆ နူနာရောဂါသည် စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်သဖြင့် တပ်ပြင်သို့ထုတ်ရသည်။ အဝတ်အစားများ ဆုတ်ဖြဲပြီ။ ကတုံးပြောင်အောင်ရိတ်ရသည်။ အကယ်၍ မသိနားမလည်သူများက သူ့အနားသို့ ချဉ်းကပ်မိလျှင် အပေါ်နှုတ်ခမ်းထိဖုံး၍ မစင်ကြယ်၊ မစင်ကြယ်ဟု အော်ရသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ဆေးပညာအရလည်း မှန်ကန်သည်။ ကူးဆက်တတ်သောရောဂါသည် လူအများနှင့် အတူတူမနေရ၊ သီးသန့်ထားရသည်။

၁၃:၄၇၅၉ နူနာရောဂါရှင်၏ ဝတ်ရုံသည် သိုးမွှေး၊ ပိတ်စချော၊ သားရေဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအဝတ်အစားပေါ်တွင် အရိအချွှဲ၊ အနာရောဂါပိုးများ ကပ်တွယ်နိုင်သည်။ ထိုအဝတ်အစားများကို မည်သို့မည်ပုံ ဖျက်ဆီးပစ်ရမည့်အကြောင်း Harrison ဤသို့ရှင်းပြသည်။

အဖုအချိုင့်များသည် ရောဂါပိုးများ ပေါက်ဖွားကြီးပြင်းရာဖြစ်နိုင်သည်။ လူသေကောင်၊           တိရိစ္ဆာန်အသေကောင်၊ ဟင်းသီးဟင်းရွက် အပုပ်များသည် အထူးသဖြင့် ရောဂါပိုးအထူထပ်ဆုံး နေရာဖြစ်သည်။၁၈

ထို့ပြင်အဖြစ်အပျက်ကို ဝိညာဉ်ရေးရာ ရှုထောင့်ဖြင့်လည်း သင်ခန်းစာယူနိုင်သည်။

ရောဂါပိုးများသည် မိမိနေရာမှ ပတ်ဝန်းကျင်သို့ ပျံ့နှံ့ကူးစက်တတ်သည့် အားလျော်စွာ မူလအပြစ် ဒုစရိုက်များ လူ့အကျင့်စရိုက်သို့ ကူးစက်ပုံကို သင်ခန်းစာယူကြည့်နိုင်သည်။၁၉

ယေဟောဝါဘုရားသခင်၏ လူများသည် ပြင်ပလက္ခဏာသာမက စိတ်နှလုံးကိုလည်း သန့်ရှင်းစင်ကြယ်ရသည်။

အိုင်အရှင်၊ စိတ်နှလုံးသားဖြင့် ချီးမွမ်းပါသည်

            နှလုံးစိတ်ဝမ်းအပြစ်ကင်းစင်သည်၊

            အကျွန်ုပ်အတွက် သွန်းလောင်းသော အသွေးတော်ကို

            စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်သစ္စာရှိပါသည်။

 

            ယဉ်ကျေး၊ အောက်ကျို့၊ နှိမ့်ချသောနှလုံးသား

            ယုံကြည်ခြင်းဖြင့် စင်ကြယ်ပါစေ။

            သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊

            ကိုယ်တော်ထံပါး၌သာ တည်လိုသည်။

Charles Wasley

Previous Article
Next Article