ဝတ်ပြုရာကျမ်း ၁၄

() နူနာရောဂါစင်ကြယ်ခြင်း (အခန်း၁၄)

၁၄: နူနာရောဂါ ပျောက်ကင်းပြီးသော အခါ စင်ကြယ်ကြောင်း အသိအမှတ်ပြုခြင်း လုပ်ထုံးလုပ်နည်းနာ ရှင်းပြထားသည် ပထမဦးစွာ ယဇ်ပုရောဟိတ်က ထိုသူအား တပ်ပြင်တွင် သွားရောက် စစ်ဆေးရသည်။ အကယ်၍ အနာရောဂါပျောက်ကင်းကြောင့် တွေ့မြင်လျှင် စင်ကြယ်သောငှက်နှစ်ကောင် အား အာရဇ်သား၊ နီသောကြိုး၊ ဟုဿုပ်ပင်ညွှန့်တို့နှင့်အတူ ယဇ်ပူဇော်ရသည်။ အာရဇ်ပင်သည် သစ်ပင်ကြီးဖြစ်၍ ဟုဿုပ်ပင်သည် ပင်နိမ့်ဖြစ်သည်။ အထက်မိုးမြင့်ယံမှ ဘုရားသခင်သည် လောကမြေလွှာ လူသားများနှင့်အတူတကွ ပေါင်းဖက်သည်ဟု အဓိပ္ပါယ်ရသည်။ ကြိုးနီအကြောင်းကို ဟေရှာယ ၁:၁၈ တွင် အပြစ်ဒုစရိုက်သားများနှင့် ပတ်သက်ပုံကို ဆိုလိုသည်။ ရေစီးသောချောင်းရေထည့်ထားသည့် အိုးထဲတွင် ငှက်တစ်ကောင်၏ အသွေးကို ရောထည့်ရသည်။ ထိုရေထဲသို့ အာရဇ်သား ကြိုးနီနှင့် ဟုဿုပ်ပင်ညွှန့် တိုကို နှစ်ပြီး ထိုကျမ်းမာလာသူ ခန္ဓာကိုယ်ပေါ်သို့ ()ကြိမ်ပက်ဖြန်းရသည်။ အခြားငှက်တစ်ကောက်ကို လွတ်မြောက်ခြင်းအဓိပ္ပါယ်အဖြစ် မိုးယံသို့ လွှတ်ပေးရသည်။

နူနာရောဂါသည် အပြစ်ဒုစရိုက်ပေါင်းစုံရာဖြစ်သည်။ နူနာရောဂါဖြစ်၍ မစင်ကြယ်သောသူသည် ဘုရားသခင်၏ တပ်ပြင် လူ့အသိုင်းအဝိုင်းအပြင်ဘက်သို့ ပထုတ်ခြင်းခံရသည်။ စက်ဆုတ်ရွံရှာဖွယ်ရာ လူဖြစ်သည်။ ဤနေရာတွင် ငှက်သွေးသည် ခရစ်တော်၏အသွေးတော် စီးသောရေသည် သန့်ရှင်းသောဝိညာဉ်တော်၏ မနေမနားအမှုတော်ကို ပုံဆောင်သည်။ ယနေ့ခေတ်ကာလတွင်လည်း နောင်တရ၍ ယုံကြည်ခြင်းသစ္စာဖြင့် ဘုရားသခင်ထံသို့ ပြန်ရောက်လာသူသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း (ငှက်နှစ်ကောင်)အပေါ်၌ တည်သည်။ အသွေးသည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုး ပုံဆောင်၍ စင်ကြယ်သူဖြစ်သည်။

            လူသားအပေါင်းတို့ ခိုလှုံရာကျောက်ဆောင်

            အထံတော်သို့ ခိုနားပါရစေ။

            အထံတော်ပါးမှ အစဉ်စီးဆင်းသော

            ရေစီးနှင့်သွေးကို မှီဝဲပါရစေ။

            အကျွန်ုပ်အပြစ်များကို နှစ်ထပ်ဆေးကြောရာ

            အပြစ်နှင့်မှောင်မိုက်တန်ခိုးမှ စင်ကြယ်စေပါ။

                                                                        August M.Toplady.

၁၄:၂၀ နူနာရောဂါပျောက်ကင်းကြောင်း ကြေငြာခြင်းခံရလျှင် အဝတ်အစားများကို လျှော်ဖွတ်ရသည်။ မွှေးအမျှင်များရိတ်ရသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပြောင်စင်အောင်ရေချိုးရသည် (ငယ်၈)။ သို့သော် မိမိတဲသို့ ချက်ချင်းဝင်ခွင့်မရသေး။ ()ရက်စောင့် ရသေးသည်။ (၇)ရက်စေ့သောအခါ တဖန် အထူးရေမိုးချိုးပြီး ပြောင်စင်အောင် ရိတ်ရပြန်သည် (ငယ်၉)။ ()ရက်မြောက်နေ့တွင် ဘုရားသခင်ထံသို့ ယဇ်ပူဇော်စရာယူဆောင်လာရသည် (ငယ်၁၀၊၁၁)။ ဒုစရိုက်ဖြေရာယဇ် (ငယ်၁၂၊၁၈)။ အပြစ်ဖြေရာယဇ် (ငယ်၁၉) မီးရှို့ပူဇော်ရာယဇ် (ငယ် ၂၀) ပူဇော်ရသည်။ ယဇ်ပုရောဟိတ်က ယဇ်ကောင်၏ အသွေးဖြင့် ထိုသူ၏ နားရွက်၊ လက်နှင့်ခြေထောက်များကို သုတ်လိမ်းသည် (ငယ်၁၄)။ ထိုသို့ပြန်လုပ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြားနာခြင်း အလိုတော်အတိုင်းလုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ပြသောလမ်းအတိုင်း လျှောက်လှမ်းရမည့် အမှတ်လက္ခဏာဖြစ်သည်။

၁၄:၂၁၃၂ အကယ်၍ ထိုယဇ်ကောင်များ မပူဇော်နိုင်လောက်အောင် ဆင်းရဲမွဲတေနေလျှင် ချိုး(သို့)ခိုငှက်နှစ်ကောင် ယူဆောင်လာရသည်။ အတောင်ကို အပြစ်ဖြေရာယဇ်၊ တစ်ကောင်ကို မီးရှို့ပူဇော်ရာယဇ်ကောင်အဖြစ်ပူဇော်ရသည်။ သို့သော် ဒုစရိုက်ဖြေရာယဇ်အဖြစ် သိုးထီးတစ်ကောင်ကို မဖြစ်မနေ ယူဆောင်လာရသည်။

ဒုစရိုက်ဖြေရာယဇ်၊ မီးရှို့ရာယဇ်အသီးသီး ပူဇော်ပြီးနောက်တွင် ဘောဇဉ်ပူဇော်ခြင်းမရှိစေရန် ပြဌာန်းထားသည်။ အထူးသဖြင့် ကတိတော်ပေးထားသော ခါနန်ပြည်တွင် နေထိုင်ကြသောအခါ တစ်သက်လုံးနေမည့် ထိုအိုးအိမ်သည် နူနာရောဂါကင်းရှင်း၍ စင်ကြယ်နေရမည်။ အိမ်တွင်နူနာစွဲကပ်ခြင်း ဆိုသည်မှာ အထူးသဖြင့် မှိုတက်ခြင်း ပင့်ကူမျှင်ခွဲခြင်း၊ ချိုင့်ခွက်ရာများရှိခြင်း၊ အုတ်နံရံများ ပဲ့ချိုင့်ခြင်းတို့ ဖြစ်သည်။ ယဇ်ပုရောဟိတ်အကြည့်အရှုမကြွမီ အိမ်ခန်းထဲရှိ ပစ္စည်းပစ္စယများကို ဖယ်ရှားထားရသည် (ငယ်၃၆၊၃၈)။ ပထမဦးစွာ မကောင်းသော ကျောက်တုံးကို ဖယ်ရှားရသည်။ အကယ်၍ နူနာရောဂါဆက်စွဲနေလျှင် တစ်အိမ်လုံးဖြိုလှဲ ဖျက်ဆီးပစ်ရသည် (ငယ်၃၉-၄၅)။ ယဇ်ပုရောဟိတ် နောက်တဖန်ကြည့်ရှုစဉ်က နူနာရောဂါကင်းစင်ကြောင်း တွေ့ရှိအသိအမှတ်ပြုလျှင် လူနာရောဂါသည် စင်ကြယ်စေသည် နည်းနာထုံးစံအတိုင်း ယဇ်ပူဇော်ရသည် (ငယ်၄၈-၅၃)။

          ၁၄:၅၄၅၇ ဤကျမ်းချက်သည် အခန်းကြီး ၁၃နှင့် ၁၄ကို အကျဉ်းချုံး၍ ပြန်လည်ရှင်းပြခြင်းဖြစ်သည်။

Previous Article
Next Article