ဝတ်ပြုရာကျမ်း ၁၈

၇။ တစ်ဦးခြင်းဆိုင်ရာပညတ်ချက် (အခန်း ၁၈၂၂)

(က) ကာမစင်ကြယ်ခြင်း (အခန်း ၁၈၂၂)

          ၁၈: အခန်းကြီး (၁၈)တွင် တရားဝင်လက်ထပ်ထိမ်းမြားခြင်း မပြုဘဲ လင်မယားအဖြစ် အတူတူနေရသည့် အဲဂုတ္တုပြည်သားတို့၏ အကျင့်၊ ခါနန်ဒေသခံပြည်သူများ၏ အကျင့်မျိုးမကျင့်ကြရန် ကြိုတင်တားမြစ်ထားသည်။ ထိုကဲ့သို့ကျင့်ကြံခြင်း မပြုဘဲ၊ ဘုရားရှင်မိန့်မှာသည့်အတိုင်း ကာမစင်ကြယ်ဖို့ ပြဌာန်းထားသည်။

၁၈:၁၈ ဖုံးကွယ်ခြင်းမရှိဘဲ ကိုယ်လုံးတီးဖြစ်ခြင်းဆိုသည်မှာ ယောက်ျားနှင့် မိန်းမလင်မယား အဖြစ်နေခြင်းကို ဆိုလိုသည်။ အပိုဒ်ငယ် ၆သည် အားလုံး ခြုံငုံ၍ ဆိုခြင်းဖြစ်သည်။ သွေးနီးစပ်သူအချင်းချင်း လင်မယားမနေရ။ ဘခင်နှင့်သာဆိုင်သော မိန်းမ (ငယ်၇)၊ မိထွေး၊ အဒေါ်(ငယ်၈)၊ နှမ၊ တဝမ်းကွဲ မောင်နှမ(ငယ်၉)၊မြေး(ငယ်၁၀)၊ မိတူဘကွဲမောင်နှမ(ငယ်၁၁)၊ ကြီးတော်၊ အဒေါ်၊ အရီး(ငယ်၁၂၊၁၃)၊ ဦးလေး(ငယ်၁၄)တို့နှင့် လင်မယားမနေရ။ ခေတ်သစ်ဆေးပညာနှင့် စိတ်ပညာရှင်များက သွေးသားနီးစပ်သူများ၏ သားသမီးများသည် စိတ်ပိုင်းနှင့် ဉာဏ်ပိုင်းတွင် အားနည်းကြသည်။ ဖောက်ပြန်ကြသည်ဟု လေ့လာတွေ့ရှိကြသည်။ ထို့အပြင် ခင်ပွန်းသည်နှင့် အသွေးသား တော်စပ်သောသူများကိုလည်း တားမြစ်ထားသည် (ငယ်၁၄-၁၆)။ တစ်ခါတရံ သွေးသားမတော်စပ်သော်လည်း အမိုးတစ်ခုတည်းအောက်တွင် အတူတကွကြီးပြင်းလာသူများကိုလည်း ဆွေမျိုးဟုခံယူကြသဖြင့် ထိုသို့ခံယူသူများလည်း အကြုံးဝင်သည်။ အဘယ်ကြောင့်ဆိုသော် က၂:၂၄တွင် လင်မယားဟူသည်မှာ မိမိတို့မိဘများကို စွန့်လွှတ်၍ နှစ်ယောက်တစ်ဘဝထူထောင် ခြင်းဟုဆိုသည်။ ထိုသူများသည် တစ်အိမ်တည်းတွင် အတူတကွ ကြီးပြင်းလာသူများဖြစ်၍ မိဘများ အတူတူ ဖြစ်သည်ဟု ယူဆစရာရှိပါသည်။ မိမိချွေးမ၊ မယားပါသမီးနှင့် မြေးမများလည်း မပေါင်းသင်းရ (ငယ်၁၇)။ မိန်းမနှင့် အပြိုင်ခယ်မကိုလည်း မယူရ(ငယ်၁၈)။ ဟန္နနှင့် ပေနိန္နဇာတ်လမ်းကို ကြည့်ပါ (၁ရာ၁-၈)။ အပိုဒ်ငယ် ၁၆ကို နောင်တွင်တ ရား ၂၅:၅ တွင် မွမ်းမံထားသည်။ သားသမီးမထွန်းကားဘဲသေလျှင် ထိုအိမ်ထောင်ပြုခြင်းကို လေဝိစဉ် တစ်အိမ်ထောင်ဟုခေါ်စမှတ်ပြုကြသည်။

၁၈:၁၉၂၁ အမျိုးသမီး ရာသီလာနေစဉ် ပေါင်းသင်းခြင်းမပြုရ။ အိမ်နီးနားချင်းများနှင့် လူမှုဖောက်ပြန်ခြင်းမပြုရ။ မိမိသားသမီးငယ်များကိုလည်း မောလုတ်ဘုရားအား မီးပူဇော်ခြင်းမပြုရ။ (၄ရာ ၂၃:၁၀)၊ ယော ၃၂:၃၅)။ မောလုတ်ဘုရားသည် အာမ္မုန်နစ်များ၏ ဘုရားဖြစ်သည်။ ထိုဘုရားတုသည် ဟိနုန်ချိုင့်ဝှမ်း၌ ရှိသည်။ ထိုအကြောင်းကို Franics Schaeffer က ဤသို့ရှင်းပြသည်။

ဤသို့အဆိုရှိခဲ့သည်။ ကြေးရုပ်တုကြီးကျောဖက်မှ အပေါက်ကြီးဖောက်ထားပြီး၊ ထိုထဲတွင် မီးရှိသည်။ ကလေးမိဘများသည် ထိုနေရာမှ သားသမီးဦးကို ခေါ်ဆောင်လာသောအခါ မောလုတ်ဘုရားသည် လက်နှစ်ဖက်ဖြင့် လှမ်းဆွဲသည်။ ထို့ကြောင့် မိဘများသည် သားသမီးများအား ထိုမောလုတ်ဘုရားထံသို့ ခေါ်သွားလိုခြင်းမရှိကြ။ ဗုံသံလည်း ကျယ်လောင်စွာသီးခတ်ကြသဖြင့် ကလေး၏ အော်သံမကြားရ။ ထိုသို့ဖြင့် မောလုတ်လက်ထဲတွင် ကလေးများ သေဆုံးကြရသည်။၂၂

၁၈:၂၂၂၃ လိင်တူအချင်းချင်းသော်၎င်း၊ တိရစ္ဆာန်နှင့်သော်၎င်း၊ ကာမဆက်ဆံခြင်းကို တားမြစ်သည်။ ထိုသို့လိင်တူဆက်ဆံခြင်းသည် ယနေ့ခေတ်ကာလတွင် AIDS ဟုလူသိများလာသည့် ရောဂါဆိုးကို ဘုရားသခင်က သိရှိသောကြောင့် တားမြစ်ခြင်းဖြစ်သည်။

၁၈:၂၄၃၀ အပိုဒ်ငယ် ၁-၂၃သည် တားမြစ်ချက်၊ ရောင်ပြန်စရာများဖြစ်၍ အပိုဒ်ငယ် ၂၄-၃၀တွင် အဘယ်ကြောင့် ထိုကဲ့သို့ မပြုရမည့်အကြောင်း ရှင်းပြထားသည်။ မစင်ကြယ်ခြင်းသည် မတော်တဆမှုမဟုတ်ပါ။ ရုပ်တုဆင်းတု ဘုရားတု ကိုးကွယ်ခြင်းသည်လည်း အတူတူဖြစ်သည်။ (အခန်း ၂၀)ကိုလည်း ကြည့်။ လူတစ်ဦး၏ ကိုယ်ကျင့်သိက္ခာ အသီးအပွင့်သည် ဘုရားတရားသိရှိခြင်းအပေါ်တွင် မူတည်သည်။ ခါနန်သားများသည် ရုပ်တုဆင်းတု ဘုရားတုများကို ထုတ်လုပ်ကြသောကြောင့် အကုသိုလ်များကြသည် (ငယ် ၂၄-၂၇)။ ထိုခါနန်မြေအား ဣသရေလတို့ သိမ်းပိုက်သောအခါ ယေဟောဝါ ဘုရားသခင် ညွှန်ကြားချက်အတိုင်း ဖျက်ဆီးကြသည်။ ခါနန်ပြည်သားများ၏ ကိုယ်ကျင့်တရား နိမ့်ကျပုံကို အငယ် ၂၄-၃၀တွင် ဖော်ပြထားသည်။        ထိုသို့နိမ့်ကျသည့်အတိုင်း ဘုရားသခင်က အရေးယူအပြစ်ပေးခဲ့သည်။

Previous Article
Next Article