ဟဂ္ဂဲအနာဂတ္တိကျမ်း ၂

၂။ ဒုတိယပရောဖက်ပြုချက်သတ္တမလ၏နှစ်ဆယ့်တစ်ရက်နေ့ (:)

(က) သူတို့နှင့်အတူ ဘုရားသခင်ရှိတော်မူကြောင်း ထပ်မံအားပေးခြင်း (:၁၅)

          သတ္တမလရောက်သောအခါ ပြည်သူလူထုကြီးသည် ကြုံတွေ့လာရသော အခက်အခဲအမျိုးမျိုးကြောင့် ဗိမာန်တော်ကို ဆက်လက်တည်ဆောက်ရန် အားလျှော့ကြသည်။ ယခင်ဗိမာန်တော်ဟောင်း အကြောင်းပြန်တွေးမိ သောအခါ စိတ်အားငယ်ကြသည်။ ဘုရားသခင်၏ဝိညာဉ်တော်က ခေါင်းဆောင်များအား စိုးရိမ်အားငယ်ခြင်း မရှိဖို့၊ အားယူကြဖို့ တိုက်တွန်းအားပေးကြသည်။

() ဗိမာန်တော် ဆက်လက်တည်ဆောက်ခွင့် မင်္ဂလာ (:)

ဘုရားသခင်က ယုဒခေါင်းဆောင်များအား အနာဂတ်ကာလ(အနှစ်တစ်ထောင်အုပ်စိုးခြင်း)၌ ဘုန်းကျက် သရေပြည့်ဝသောဗိမာန်တော်၌ စိုးစံရမည့်အကြောင်း နှစ်သိမ့်အားပေးလိုက်သည်။ လူမျိုးအပေါင်းတို့နှစ်သက် ဖွယ်သောအရာ ဟူသောကျမ်းစကားသည် မေရှိယသခင်နှင့် မေရှိယသခင် ဗိမာန်တော်သို့ တဖန်ပေါ်လာဦးမည့် အကြောင်း ဖြစ်သည်။ တိုင်းနိုင်ငံသားတို့၏ ရတနာဘဏ္ဍာ(NKJV Marg) ဖြစ်သည်။ သူတို့ပိုင်ဆိုင်သမျှသော ရွှေငွေများသည် ယေရုရှလင်ဗိမာန်တော် ချယ်သစရာ ဖြစ်လာကြမည်။ အပိုဒ်ငယ် ၉ကို “နောက်တည်မည့်ဗိမာန် တော်သည် ရှေးဗိမာန်တော်ထက် သာ၍တင့်တယ်သပ္ပါယ်မည်”ဟုဆိုလျှင် ပိုမိုသင့်လျှော်မည်။ ထိုဗိမာန်တော် နှစ်ခုစလုံးကို အိမ်တော်တစ်ခုတည်းအဖြစ် ခံယူရသည်။ ထို့ပြင် အနာဂတ်ကာလတွင် ဘုန်းကျက်သရေ ပြည့်စုံရုံ မျှမကဘဲ ငြိမ်သက်ခြင်းလည်း ရှိလိမ့်မည်ဟု ကတိပေးထားသည်။

၃။ တတိယပရောဖက်ပြုချက် နဝမလ၏နှစ်ဆယ့်လေးရက်နေ့ (:၁၀၁၉)

(က) ဗိမာန်တော် ပျက်စီးနေသရွေ့ ပူဇော်သက္ကာများ မစင်ကြယ် (:၁၀၁၄)

          နဝမလ၏ နှစ်ဆယ့်လေးရက်မြောက်နေ့တွင် တတိယပရောဖက်ပြုချက်ကို လက်ခံကြားသိကြသည်။ ဟဂ္ဂဲက ယဇ်ပရောဟိတ်ကို မေးခွန်း (၂)ခုမေးမြန်းရသည်။ သန့်ရှင်းသောအမဲသားကို ထုပ်ဆောင်သွားသော အဝတ်ဖြင့် အခြားစားစရာများကို ထိမိလျှင် ထိုအခြားစားစရာများသည် စင်ကြယ်ပါသလား ဟူသောမေးခွန်း ဖြစ်သည်။ ယဇ်ပုရောဟိတ်က မစင်ကြယ်ပါဟုရှင်းရှင်းလေး ဖြေလိုက်သည်။ ဒုတိယမေးခွန်းမှာ မစင်ကြယ် သောအရာ (ဥပမာ-အသေကောင်ကို ကိုင်တွယ်ခြင်း)နှင့် ထိမိလျှင် စင်ကြယ်ပါသလားဟူသော မေးခွန်းဖြစ်သည်။ ပရောဖက်၏အဖြေစကားမှာ မှန်ပါသည်။ မစင်ကြယ်တော့ပါဟူ၍ ဖြစ်သည်။

တနည်းအားဖြင့် ဤသို့နားလည်နိုင်သည်။ စင်ကြယ်ခံပြီးသောအရာ (လူ)သည် အခြားအရာများအား စင်ကြယ်ခြင်း ကူမပေးနိုင်သော်လည်း ညစ်ညူးသောအရာက အခြားအရာသို့ ညစ်ညူးမှုကူးစက်စေပါသည်။ နောက်တနည်းပြောရလျှင်- အမှုတော်ဆောင်ရွက်ခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းဖြင့် အပြစ်ကိုမစင်ကြယ်စေနိုင် သော်လည်း အပြစ်တရားက အမှုဆောင်ရွက်ခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းကို ညစ်ညူးစေနိုင်သည်။ ဤကား ဗိမာန်တော်ပျက်စီးနေသ​ရွေ့ လူများမစင်ကြယ်နိုင်သလို ပူဇော်သက္ကာများလည်း စင်ကြယ်မည်မဟုတ်ဟု သတိပေးခြင်းဖြစ်သည်။

() ဗိမာန်တော်အုတ်မြစ်မချမီ ဆင်းရဲငတ်မွတ်ကြခြင်း (:၁၅၁၇)

          ဗိမာန်တော်တည်ဆောက်ရန် အစမပျိုးသရွေ့ကာလပတ်လုံး ခါးသည်းသော အတွေ့အကြုံကို ခါးစည်း ခံရမည်။ ဆန်ရေစပါးအထွက် ကျမည်။ စပျစ်ပင်များ အသီးနည်းမည်။ နှင်းခါးနှင့်မိုးသီးများက အသီးအပွင့်များ ကို ခြွေချပစ်မည်။ ဗိမာန်တော်တည်ဆောက်ရန် လက်တွန့်နှောင်းနှေးနေလျှင် ဆင်းရဲကြပ်တည်းခြင်းနှင့် ငတ်မွတ် ခေါင်းပါးခြင်းဘေးဒဏ် ဆက်လက်ခံစားရကြမည်။

() ဗိမာန်တော်တည်ဆောက်လျှင် ကောင်းကြီးမိုးရွာသွန်းမည် (:၁၈၁၉)

          သို့သော် ဗိမာန်တော်ကို အုတ်မြစ်ပန္နက်ချလျှင် ထိုနေ့ရက်မှစ၍ ဘုရားရှင်ထံမှ ကောင်းကြီးမင်္ဂလာ ခံစားကြရမည်။

၄။ စတုတ္ထပရောဖက်ပြုချက်နဝမလ၏နှစ်ဆယ့်လေးရက်နေ့ (:၂၀၂၃)

တပါးအမျိုးသားတို့ကို တွန်းလှန်ဖြိုဖျက်၍ မေရှိယနိုင်ငံတော် ပေါ်ထွန်းမည့်အကြောင်း လူမျိုးတော်များ သို့ ကတိတော်ပေးခြင်းဖြင့် တိုက်တွန်းအားပေးသည်။

ဤကျမ်းပိုဒ်တွင် ပါရှိသည့် ဇေရုဗဗေလမှာ ယေရှုခရစ်တော်ကို ကိုစားပြုသည်။ ကမ္ဘာပေါ်ရှိ တပါးအမျိုး သားများ၏ တိုင်းနိုင်ငံများကို ဖျက်ဆီး၍ ခရစ်တော်၏ မေရှိယနိုင်ငံတော်ပေါ်ထွန်းစေမည်။ တံဆိပ်လက်စွပ်ကဲ့ သို့ ခန့်ထားမည် ဆိုသည်မှာ မေရှိယသခင်ထံ ဘုရားသခင်၏ အခွင့်အာဏာ အလုံးစုံ လွှဲအပ်ကြောင်း အချက်ပေး သည်။

မှတ်စု

(နိဒါန်း) Dr. Howard Hendricksက ဤကျမ်းစကားရိုးရိုးအားဖြင့် တရားဒေသနာအဆုံး၌ အောင်မြင်သောဓမ္မဆရာများ ပေါ်ထွက်လာခြင်းကို “ပိုးမွှားပွဲတော်၏ဘုန်းကျက်သရေ”ဟု အမွှမ်းတင် ထားသည်။

(၂:၆-၉) NKJV ကျမ်းမူတွင် အင်္ဂလိပ်စာလုံးကြီးသည် အစဉ်အလာအနက်ဖွင့်ဆိုချက်ဖြစ်သည်။ သို့သော် စာလုံးငယ်များမှာ “လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာ”ဟူသော စကားရပ်ကို အမြင်တမျိုး သုံးနှုန်းထားသည်။

(၂:၁၀-၁၄) William Kelly, Lectures Introductory to the study of the Minor Prophets.p.247.

(နိဒါန်း) Donald Campbell, အခြားအချက်အလက်များ မရရှိပါ။

Next Article