ဟဗက္ကုတ်အနာဂတ္တိကျမ်း ၂

၄။ ဖြောင့်မတ်သောယုဒများရှင်သန်မည့်အကြောင်းနှင့် မတရားသောခါလဒဲများကို ဖျက်ဆီးမည့်အကြောင်း ဘုရားသခင်ဖြေကြားချက်(အခန်း၂)

(က) ဘုရားသခံထံတော်မှ အဖြေစကားစောင့်မျှော်ခြင်း (:)

ဟဗက္ကုတ်သည် မျှော်စင်ပေါ်မှ တိုင်းနိုင်ငံများအပေါ်စောင့်ကြည့်ခြင်းအားရပ်နားလျက် ဘုရားရှင်၏ပြန်ကြားချက်ကို စောင့်မျှော်သည်။ ဘုရားရှင်ထံမှ ဘုရားရှုထောင့်အမြင် အဖြေစကားရရန် တစ်ဦးတည်းစောင့်နေခြင်း ဖြစ်သည်။ ဤအလေ့အလာသည် ယနေ့ခေတ်ယုံကြည်သူများအတွက်လည်း အလွန်အရေးကြီးသည်။ “ဆိတ်ငြိမ်ချိန်”၊ “အာရုံပြုဆုတောင်းခြင်း”၊ “တစ်ဦးတည်းဘုရားနှင့် အချိန်ယူခြင်း”…စသည်ဖြင့် အမျိုးမျိုးအမည်ပေးထားသော ဘုရားသခင်နှင့်မိတ်သဟာယဝတ်သည် ယုံကြည်သူ ခရစ်ယာန်တိုင်းအဖို့ အထူးအရေးပါသော နေ့စဉ်ဝတ္တရားဖြစ်သည်။

() အဖြေစကားမှတ်တမ်းတင်ရန်နှင့် ပြည့်စုံမည့်အချိန်စောင့်မျှော်ရန်ညွှန်ကြားခြင်း (:)

: ဘုရားသခင်က ဟဗက္ကုတ်အား ဗျာဒိတ်ရူပါရုံကို သင်ပုန်းပေါ်မှာ အက္ခရာတင်ရေးခိုင်းသည်။ (ဟဗက္ကုတ်၏ မေးခွန်းကို ပြန်လည်ဖြေကြားချက်ဖြစ်သည်)။ ဖတ်သူသည် ပြေးလျက်ဖတ်နိုင်အောင် ဆိုခြင်းမှာ ဗာဗုလုန်ပြိုလဲခြင်း သတင်းကြောင့် ပြေးလွှားစဉ်မှာပင် ယုဒများပြန်လည်စုစည်းမည့်အကြောင်း အမြန်သိရှိကြဖို့ဖြစ်သည်။

          : A.J. Pollock က ဤအပိုဒ်ငယ်ကို ယုဒတို့၏ မျှော်လင့်ချက်ရောင်ခြည်အဖြစ် မှတ်ယူသည်။ လောကမြေကြီးပေါ်သို့ ခရစ်တော်ဆင်းသက်လာ၍ ရန်သူများနှိမ်နင်းမည့်အကြောင်း၊ နိုင်ငံတော်တည်ထောင်ဖို့အဟန့်အတားများကို ဖယ်ရှားမည့်အကြောင်း ဣသရေလများကို လူမျိုးတကာတို့၏ အထက်တွင် ထားရှိ၍  ယုဒနိုင်ငံတော်၏ ဥသျှောင်အဖြစ် ကိုယ်တော်တိုင် ဘုန်းတော်ဖြင့် အုပ်စိုးတေ်မူမည့်အကြောင်းတို့ ဖြစ်သည်။ အပိုဒ်ငယ် ၃ ကို ဟေဗြဲ၊၁၀:၃၇တွင် ပြန်လည်ညွှန်းဆိုရာ၌ “ထိုရူပါရုံ”ဟူသော စကားလုံးမှာ “သူ”(သခင်ဘုရား)ဖြစ်လာကာ၊ မဆိုင်းမလ့ဘဲမကြာမမြင့်မိ ရောက်လာမည်ဟု ဆိုထားသည်။ ဓမ္မသစ်ကျမ်း ရည်ညွှန်းချက် အနှစ်သာရမှာ ခရစ်ယာန်တို့၏ မျှော်လင့်ခြင်းတည်းဟူသော အသင်းတော်ချီဆောင်ခြင်းဖြစ်သည်။

() ဖြောင့်မတ်သူများသည် ယုဒကြည်ခြင်းကြောင့် အသက်ရှင်၍ မတရားသူ ခါလဒဲများ သေပွဲဝင်ကြခြင်း(:)

ဗာဗုလုန်ဘုရင်၏ စိတ်ဝိညာဉ်သည် မိုးမမြင်လေမမြင် မာနထောင်လွှားသောကြောင့် သေရမည်။ ဘုရားဝတ်၌ မွေ့လျော်သော ကျန်ကြွင်းသူဣသရေလများမူ ယုံကြည်ခြင်းကြောင့် အသက်ရှင်ရမည်။ အပိုဒ်၄ကို ဓမ္မသစ်ကျမ်းတွင် သုံးကြိမ်တိတိပြန်လည်ဖော်ပြသည်။ ၎င်းတွင်− ဖြောင့်မတ်သူ၊ ယုံကြည်ခြင်:၊ အသက်ရှင်လိမ့်မည်ဟူသော စကားစု(၃)စုပါဝင်၍ ဓမ္မသစ်ကျမ်းတွင် သင့်လျော်လျောက်ပတ်စွာ သုံးစွဲထားရာ၊ ရော ၁:၁၇တွင် အထူးသဖြင့် “ဖြောင့်မတ်သောသူ”၊ ဂလာ ၃:၁၁ တွင် အထူးသဖြင့် “အသက်ရှင်လိမ့်မည်” ဟူသောစကားစုအသီ:သီးကို လေးနက်စွာမီးမောက်ထိုးပြထားသည်။ စာပေသဒ္ဒါအတိအကျ လုံးကောက်ပြန်ဆိုလျှင် ဟဗက္ကုတ်ကျမ်းပိုဒ်ကို “မိမိယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူသည် အသက်ရှင်လိမ့်မည်” ဟုဆိုရမည်။ “ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ခြင်းရရှိသူသည် အသက်ရှင်လိမ့်မည်” ဟုလည်းဆိုနိုင်သည်။

() ခါလဒဲတို့၏အပြစ်ဒုစရိုက်များ (:၁၉)

၁။ အောင်ပွဲအပေါ်အာသာမပြေနိုင်ခြင်း(:)

: ဝိုင်အရက်ကို စွဲလမ်းစွာသောက်သုံးခြင်းသည် နေဗုခပ်နေဇာအုပ်စိုးသော ဗာဗုလုန်နိုင်ငံသားတို့၏ အမျိုးသားလုံးနှင့်ဆိုင်သော ဒုစရိုက်မှုဖြစ်သည်။  Keil က “ဒံယေလအခန်း ၅ တွင် မှူးမတ်တို့နှင့်အတူ ဝရုန်းသုန်းကားသောက်စား ပျော်ပါးသည့်ညဉ့်တွင်း ချင်းမှာပင် ဗေလရှာဇာမင်းကြီး (အသက်ဆုံးရုံမက၊)ဗာဗုလုန်နိုင်ငံတော်ကြီးလည်း (မေဒိ-ပေရသိလက်အောက်) ကျရှုံးခဲ့လေသည်” ဟုဆိုထားသည်။ ဗေလရှာဇာမင်းသည် အာသာမပြေနိုင်သော အောင်ပွဲ ဆာငတ်သူတစ်ဦးဖြစ်သည်။

          : အပိုဒ်ငယ် ၆ သည် ဗာဗုလုန်သားများအား သရော်ထားသည်။ ပထမအမင်္ဂလာမှာ အင်ပါယာကြီ:ထွားဖို့ လောဘဇောတိုက်မှုကို သရော်သည်။ ကိုယ့်ချွေးနှီးစာမပါ။ ကိုယ်မပိုင်သောအရာများကို စစ်ခင်းတိုက်ခိုက်လုယက်သော နေဗုခ်နေဇာအား တိုင်းနိုင်ငံများက တစ်နေ့ အကြွေးပြန်ဆပ်ရလိမ့်မည်ဟု သရော်လိုက်ခြင်း ဖြစ်သည်။ သူတို့ သူတပါးတို့ထံမှ တိုက်ခိုက်လုယက်ခဲ့သည်နည်းတူ ဝဋ်လည်သည့်အခါ ဗာဗုလုန်သည်လည်း လုယက်ဖျက်ဆီးခံရလိမ့်မည်။

၂။လောဘနှင့်မာန (:၁၁)

ဒုတိယအမင်္ဂလာမှာ နေဗုခပ်နေဇာ၏ လောဘဇောတိုက်တပ်မက်မှုကို မာနထောင်လွှားခြင်းဖြစ်သည်။ သူ၏အင်ပါယာကြီးကို ပိုကြီးသည်ထက်ကြီးမားအောင် ကြိုးပမ်းတည်ဆောက်သလို၊ ဖျက်ဆီးသူတို့ဘေးရန်မှ ကင်းဝေးပြီ:၊ လုံခြုံစိတ်ချအောင် မည်သူတို့ပင် လုပ်ဆောင်သော်လည်း မတရားစီးပွားဥစ္စာနှင့်၊ အဓမ္မအမှုတို့က သူတို့လှောင်ပြောင်သရော်နေလိမ့်မည်။

၃။ သွေးချောင်းစီ:၍ကြွယ်ဝစေခြင်း(:၁၂၁၄)

တတိယအမင်္ဂလာမှာတိုင်းနိုင်ငံများအားစစ်ခင်း တိုက်ခိုက် သတ်ဖြတ်၍ သွေးချောင်းစီးစေခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသော သုံ့ပန်းကျေးကျွန်းများဖြင့် ဗာဗုလုန်မြို့တော်ကို တည်ဆောက်ကြသည်။ မငြိမ်းနိုင်သော လောဘမီးအလိုကို လိုက်ခဲ့ကြသည်။ နောက်ဆုံးတနေ့၌ လောကသည် ယေဟောဝါသည်သာ ဘုရားစစ်မှန်ဖြစ်ကြောင်း သိမြင်လာစေသည်။

လူတိုင်းလူတိုင်း စစ်မှန်သောဘုရားကိုသိကျွမ်းမည့် နေ့ရက်ရောက်လာဦးမည်။ ထိုဘုန်းတော်ထွန်းလင်းမည့်အချိန်အခါကို အပိုဒ် ၁၄ တွင် လင်္ကာတေးသွားအဖြစ် ဤသို့ဖွဲ့ပြထားသည်။ “ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားဘုန်းတော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။”(၂:၁၄)

၄။ အိမ်နီးနားချင်းတို့အပေါ် အကျင့်ပျက်ပြားခြင်း(:၁၅၁၇)

စတုတ္ထအမင်္ဂလာမှာ နေဗုခပ်နေဇာမင်း၏ အိမ်နီးချင်းယုဒပြည်နှင့် ယေရုရှလင်မြို့ကို တိုက်ခိုက်ဖျက်ဆီးခြင်းဖြစ်သည်။ ထိုနိုင်ငံသားများအပေါ်မစမှုမရှိ၊ ညှာတာမှုကင်းမဲ့စွာ သုံ့ပန်းကျေးကျွန်များအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်။ အချုပ်ဆိုရလျှင် နေဗုခပ်နေဇာ၌ ယနေ့ခေတ်၏ ရာဂနှိုးဆွသောစာပေနှင့် အသတ်အဖြတ် ရုပ်ရှင်ဗွီယိုဇာတ်လမ်း နှစ်မျိုးစလုံးပေါင်းဖက်ပါဝင်နေသည်။ ဟီရိသြတ္တပ္ပစိတ် ကင်းမဲ့လျက် ကာမဂုဏ်၌ လွန်ကျူးသူ၊ ရက်စက်ကြမ်းကြုတ်မှုကို ခုံမင်နှစ်ခြိုက်သူဖြစ်သည်။

၅။ ရုပ်တုဆင်းတုကိုးကွယ်ခြင်း(:၁၈၁၉)

ပဉ္စမအမင်္ဂလာမှာ ဗာဗုလုန်ဘုရင်၏ ဘုရားသခင်ထံမှလမ်းလွဲ၍ ရုပ်တုဆင်းတုအမျိုးစုံကို  သွန်းလုပ် ကိုးကွယ်ကြခြင်းဖြစ်သည်။ ရွှေစင်၊ငွေသားကျောက်မျက်ရတနာများဖြင့် အပေါ်ယံတန်ဆာဆင်မွမ်းမံ သွန်းလုပ်ထားသော်လည်း အသက်မဲ့သောသစ်သားကျောက်ရုပ်များက မည်ကဲ့သို့ကောင်းကျိုး ချမ်းသာပေးနိုင်မည်နည်း။

() ဘုရားသခင်၏တရားစီရင်ခြင်း မုန်တိုင်းကျခါနီးတွင် ငြိမ်ဆိတ်ခြင်း(:၂၀)

နှစ်လိုဖွယ်ရာ ဤကျမ်းပိုဒ်ငယ်အား သာယာငြိမ့်ငြောင်းသော သံစဉ်ထည့်သွင်း၍ အသင်းတော်များတွင် တရားဒေသနာဟောကြားမှု မစတင်မီ စည်းဝေးပရိသတ်များ၏ အာရုံစုစည်းငြိမ်သက်စေဖို့ ချီးမွမ်းသီဆိုလေ့ ရှိသည်။ တစ်ခုရှိသည်မှာ ကျမ်းစာသားက ဘုန်းတန်ခိုးဖြင့် တရားစီရင်မည့်အကြောင်းပြောခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း မြေကြီးသားအပေါင်းတို့ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြရမည်။

Previous Article
Next Article