ဟေရှာယအနာဂတ္တိကျမ်း ၁၀

၁၀:၁-၄ အတင်းအဓမ္မကြံစည်သောမင်း၊ဆင်းရဲသားများကိုနှိပ်စက်သူ၊မတရားသဖြင့်စီရင်တတ်သောသူများသည်အမင်္ဂလာ(အကုသိုလ်ကောင်)များ ဖြစ်သည်။ ဘုရားသခင်၏တရားစီရင်ခြင်းနေ့ရက်ကာလ၌ထိုသူများသည်ရှိရှိ သမျှလက်လွှတ်ဆုံးကြမည်။ မူလရှိသည့်ချမ်းသာခြင်းများကိုလည်းပျက်စီးမည်။ စာရင်းထဲမှပါသွားမည်။

၁၀:၅-၁၁ ယုဒများအားအရေးယူစီရင်ရန်ဘုရားသခင်သည်အာရှုရိများကိုလက်နက်တန်ဆာအဖြစ်အသုံးပြုသည်။ သို့သော်အာရှုရိများသည်ထိုထက် ကြီးမားသောကိုယ်ပိုင်စီမံကိန်းရှိသည်။ ကမ္ဘာကြီးတစ်ခုလုံးကိုသိမ်းပိုက်ပိုင်ဆိုင် ချင်သည်။ ရှင်ဘုရင်မှူးမတ်များ(စစ်သူရဲကောင်းများ)အပေါ်ဂုဏ်ပြုကြွားဝါ ခြင်းသည်တိုက်ခိုက်သိမ်းပိုက်ထားသောတိုင်းနိုင်ငံများထက်ကြီ:ကျယ်သည်။  ဣသရေလနှင့်ယုဒပြည်များမှသိမ်းပိုက်မည့်ရုပ်တုဆင်းတုအရုပ်ဘုရားများ သည်ဖမ်းဆီးသိမ်းဆည်းထားသောအခြားနိုင်ငံများမှဘုရားရုပ်များနှင့်ယှဉ် လျှင်ပြောပလောက်စရာမရှိ။

၁၀:၁၂-၁၉ ရှင်ဘုရင်နှင့်စစ်သူကြီးများသည်အာရှုရိပြည်၏ဂုဏ်ယူဝင့် ကြွားရာဂုဏ်သိက္ခာဖြစ်သော်လည်းဘုရားသခင်အမြင်တွင်ရက်စက်သူများ ဖြစ်သည်။ ထို့ကြောင့်အာရှုရိမင်းများကိုဘုရားရှင်ကအရေးယူဒဏ်ပေးမည်။  ကျမ်းပိုဒ်နှောင်းပိုင်းတွင်အာရှုရိပြည်၏အင်အားကြီးမားပုံနှင့်ဉာဏ်ပညာ ပြည့်ဝပုံကိုဖော်ပြထားသည်။ ဘုရားသခင်လက်တော်ထဲမှကြိမ်လုံးနှင့်တောင် ဝှေးသည်ဂုဏ်ယူမာနကြီးခြင်းမဟုတ်။ အာရှုရိပြည်သားများဆုံးမဖို့ဖြစ်သည်။  သစ်တောအုပ်ကြီးသမျှအသီးအနှံကြွယ်ဝသောအာရှုရိပြည်ကိုအသီးအနှံတလုံး မှမကျန်အောင်ပြုလုပ်ဦးမည်။ ဣသရေလတို့၏အလင်းသည်ဘုရားသခင်၏ အလင်းတော်ဖြစ်သည်။ ဘုရားရှင်၏ဆူးခြုံတောနှင့်ပေါင်းမြက်ပင်များမှာအာရှုရိစစ်သားများဖြစ်သည်။ အာရှုရိစစ်သားများအရေအတွက်သည်များပြား လှသည်ဟုထင်မှတ်ကြသော်လည်းကလေးသူငယ်များလက်ချိုးရေမှတ်နိုင် အောင်ဘုရားသခင်ပြုလုပ်မည်။

၁၀:၂၀-၁၃ ထိုနေ့ရက်တွင်ကြွင်းကျန်သောဣသရေလလူနည်းစုသည် ဘယ်သောအခါမှအာရှုရိပြည်သားများတဖန်မှီခိုမည်။ အညံ့ခံမည်မဟုတ်။ အာ ခပ်မင်းကဲ့သို့လုပ်ကြမဟုတ်။ ဘုရားသခင်ကိုသာကိုးစားကြမည်။ ဤပရောဖက် ပြုချက်အများစုသည်ခရစ်တော်ဘုရားဒုတိယအကြိမ်ကြွလာမည့်အကြောင်း နှင့်သက်ဆိုင်သည်။

၁၀:၂၄-၂၇ အာရှုရိမင်းသည်ယေရုရှလင်ပြည်အားတိုက်ခိုက်သိမ်းပိုက် ရန်တဖန်ထပ်မံကြွလာလျှင်လည်းယုဒပြည်သားများကကြောက်လန့်စိုးရိမ်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော်ယုဒလူများဘက်တွင်ထာဝရဘုရားသည်ရပ်တည်မည်။ မေဒျန်းနှင့်အဲဂုတ္တုစစ်သားများအပေါ်အရေးယူပေးသကဲ့သို့အာရှုရိ သားများလက်တော်မှယုဒလူများအားလွတ်ငြိမ်းချမ်းသာခွင့်ပေးသည်။

၁၀:၂၈-၃၄ အာရှုရိသားများချီတက်လာသည့်လမ်းကြောင်းနှင့်ပထဝီအ နေအထားကိုမြေပုံပေါ်တွင်ရှင်းပြထားပါသည်။ ချီတက်ရာလမ်းကြောင်းတစ် လျှောက်တွင်စိုးရိမ်ထိတ်လန့်ဖွယ်ရာနှင့်မထင်မှတ်သောအန္တရာယ်များကြုံတွေ့ကြမည်။ နောက်ဆုံးတွင်ယေရုရှလင်တောင်ရိုးသို့ရောက်ရှိခြေချလာသည်။ ဘုရားသခင်ကကြားဝင်၍ထိုကျူးကျော်ရေးသမားများကိုချေမှုန်းဖျက်ဆီးသည်။  စစ်သားများ၊မှူးမတ်မင်းများနှင့်လူများကိုသုတ်သင်ပေးသည်။ တောင်ယာ ခုတ်ထွင်သကဲ့သို့ပြောင်သလင်းခါအောင်ထိုရန်သူတော်အုပ်ကြီးကိုရှင်းစေ သည်။

Previous Article
Next Article