ဟေရှာယအနာဂတ္တိကျမ်း ၁၄

၁၄:၁-၂ ဘုရားသခင်သည်ဣသရေလလူမျိုးအားကရုဏာတော်မပြတ်၊ သံယောဇဉ်အမျှင်တန်းနေသောကြောင့်မိမိတို့နေရပ်ဌာနေသို့ပြန်လည်ခြေချ ခွင့်ပြုမည်။ တပါးအမျိုးသားများသည်လည်းဘုရားသခင်ထံ၌ငြိမ်သက်ချမ်း မြေ့စွာစုစည်းကြမည်။ ဣသရေလများကိုပြန်လည်သိမ်းယူ၍ယခင်အတိုင်းဘုရားသခင်၏အစေခံများဖြစ်ကြမည်။

ယာကုပ်နှင့်ဣသရေလမိသားစုဆိုသည်မှာဗာဗုလုန်သို့အဖမ်းခံသွား သောဂျူးလူမျိုးများဖြစ်သည်။ ဘုရားသခင်ကရွေးချယ်ခြင်းဆိုသည်မှာဖမ်း ဆီးခြင်းခံရသောတိုင်းပြည်မှပြန်လည်ရွေးထုတ်ပြီး၊မွေးရပ်မြေသို့ပြန်လည်ပို့ ဆောင်မည့်အကြောင်းဖြစ်သည်။ တကျွန်းတနိုင်ငံသားများသည်ထိုယာကုပ် အမျိုး၌လာရောက်ဆည်းကပ်မှီခိုကြမည်။ မိမိနေရပ်ဌာနေသို့ပြန်ရောက်မည့် သူများဆိုသည်မှာ ရေရုမင်းအခြားသူများအကူအညီဖြင့်ပြန်လည်ရောက်ရှိမည့် ဂျူးလူမျိုးဖြစ်သည်။

၁၄:၃-၁၁ ညှဉ်းပန်းနှိပ်စပ်ခြင်း၊ဆင်းရဲကြပ်တည်းခြင်းဘေးဒဏ်မှလွတ် မြောက်လာသောဣသရေလတို့သည်ဗာဗုလုန်ဘုရင်အားဆန့်ကျင်သည့်သီချင်း များကိုအော်ဟစ်သီဆိုကြမည်။ ဗာဗုလုန်ဘုရင်၏တန်ခိုးအာဏာနှင့်စွမ်းပကာ များကိုဘုရားသခင်ကရိုက်ချိုးပစ်မည်။ အာဏာရှင်စနစ်ချုပ်ငြိမ်းမည်။ ကမ္ဘာ မြေနှင့်သစ်တောဝါးတောများသက်သာရာရကြမည်။ ဗာဗုလုန်စစ်သားများ လည်းငြိမ်ကျသွားမည်။ ဗာဗုလုန်၏အသံဗလံများကိုမရဏနိုင်ငံကနားငြီး၍ ရှုတ်ချနေပြီ။ ဗာဗုလုန်ဘုရင်၏အဆောင်အယောင်များနှင့်အခမ်းအနားများ သည်ပြည့်ဖုံးကာချခဲ့ပြီ။ နန်းတွင်းမှဂီတသံများ၊ကချေသည်များ၏အသံများ လည်းမကြားရတော့ပါ။ ပိုးကောင်များကိုမွေ့ယာထားလျက်တီကောင်များကို ခြုံစောင်အဖြစ်ထား၍အိပ်စက်နေရပြီ။

၁၄:၁၂-၁၇ ကဲ့ရဲ့ ပြစ်တင်ခြင်းသီချင်းများဆက်ကာဆက်ကာပေါ်လာသည်။ ဗာဗုလုန် ပြိုလဲကျရှံးခြင်းသည်စာတန်(လူစီဖာ)၂၅ ကိုယ်တိုင်ပြုတ်ကျခြင်း ဖြစ်သည်။ Ryrieက“ဤအကြောင်းသည်စာတန်ကိုရည်ညွှန်းခြင်းဖြစ်သည်။   ထိုအဖြစ် အပျက်များကိုခရစ်တော်ကိုယ်တိုင်က(လု၁၀:၁၈)တွင်ဆိုထားသည်။  ထို့အပြင်(ဟေရှာ၁၄:၁၃-၁၄)တွင်နှုတ်ဖြင့်အတိအလင်းဆိုထားသည်။ ထိုသူသည်စာတန်မာရ်နတ်ဖြစ်သည်(၁တိ၃:၆)နှင့်ယှဉ်ဖတ်)၂၆ ဟုဆိုသည်။ အဘယ့် ကြောင့်ဆိုသော်ထိုနံနက်သား၊မိုးသောက်ကြယ်သည်ဘုရားသခင်၏အထက်တွင်နေရာယူမည်တကဲကဲလုပ်နေသဖြင့်၊ကောင်းကင်မှပြုတ်ကျသည်။ အပိုဒ် ငယ်၁၃-၁၄တွင်စာတန်၏သရုပ်သကန်ကိုရှင်းပြထားသည်။ ငါ့ပလ္လင်ကိုငါချီး မြောက်မည်ဟုစာတန်ကဘုရားသခင်ကိုအန်တုဖက်ပြိုင်သည်။ ထို့ကြောင့်မရဏနိုင်ငံသို့ပစ်ချလိုက်သည်။ ကောင်းကင်ယံထက်ဘုရားသခင်ပေါ်သို့တက်ချင် သောမာနသခင်စာတန်မာရ်နတ်သည်အနိမ့်ဆုံးသောဘုံဘဝမရဏနိုင်ငံသို့ပစ် ချခြင်းခံရပြီ။

၁၄:၁၈-၂၁ ဗာဗုလုန်အကြောင်းကိုပြန်လည်ရှင်းပြသည်။ ရှင်ဘုရင်များ သည်မိမိတို့သုဿန်အသီ:သီးတွင်အကျအနသင်္ဂြိုလ်ခံရလေ့ရှိကြသော်လည်း ဗာဗုလုန်မင်းသည်ထိုအခွင့်အရေးမရ။ သုဿန်မှာသင်္ဂြိုလ်ခြင်းမခံရ။ သားသမီးများသည်လည်းထီးမွေနန်းမွေမခံရ။ သမိုင်းမှတ်တမ်းမှတ်ရာမထားခဲ့။ အုတ် ကြားမြက်ပေါက်၊ရေမျှောကမ်းတင်ဘဝဖြင့်ဘဝနိဂုံးချုပ်မည်။

၁၄:၂၂-၂၃ ပျက်စီးသွားသောဗာဗုလုန်မြို့တွင်အကြွင်းအကျန်၊အမှိုက်သ ရိုက်တစ်စမျှမကျန်အောင်တံမြက်စည်းဖြင့်လှဲချပစ်မည်။ ဗာဗုလုန်နှင့်ပတ်သက်သောအရာတစ်ခုမှမကျန်ရှိစေရ။

၂။ အာရှုရိအမျိုး(၁၄:၂၄-၂၇)

အာရှုရိပျက်စီးသည့်အကြောင်းသင်ခန်းစာခေါင်းစဉ်ပြောင်းထားသည်။  အာရှုရိစစ်သားများသည်ဣသရေလတောင်ပေါ်တွင်ချေမှုန်းခြင်းခံနေကြရပြီ။၂၇

ဤပရောဖက်ပြုချက်သည်ဘေးဒဏ်ကြီးကာလ၊မြောက်ပိုင်းနိုင်ငံတစ်ခု  လုံးပြားပြားဝပ်၍တံမြက်စည်းလှည်းပြီးဧမာနွေလတိုင်းပြည်ဖြစ်သည့်အချိန် ကာလတွင်ပြည့်စုံမည်။

၃။ ဖိလိတ္တိအမျိုး(၁၄:၂၈-၃၂)

၁၄:၂၈-၃၁ အာခတ်မင်းနတ်ရွာစံသော်လည်းဖိလိတ္တိအမျိုးသည်မပျော် ရွှင်နိုင်။ ထိုမင်းသည်ဥဇယိမင်း၏မြေး၊ ဖိလိတ္တိအမျိုးကိုနှိပ်ကွပ်သူ(ဤနေရာ တွင်ကြိမ်လုံးဟုဆိုသည်)ဖြစ်သည် (၆ရာ၂၆:၆၊၇)။ ထိုမင်းဆက်ခံသူဟေဇကိ မင်းကဖိလိတ္တိလူမျိုးကိုမြွေပွေး၊မြွေဟောက်ပမာတိုက်ခိုက်ပေါက်သတ်မည် (၄ရာ၁၈:၈)။ ငတ်မွတ်ခေါင်းပါး၍အချင်းချင်းလုယက်သတ်ဖြတ်ခွင့်ပြုသော် လည်းလုံခြုံစေမည်။ နယ်ချဲ့ကျူးကျော်ရေးသမားအာရှုရိတို့အားမီးခိုးတိမ်လိပ် သဖွယ်မြောက်အရပ်မှဝင်လာစေမည်။ သို့သော်လည်းဘုရားသခင်၏လူများကို ယေရုရှလင်တွင်လုံခြုံစွာသိမ်းဆည်းထားမည်။

၁၄:၃၂ ထိုအကျိုးအကြောင်းအားတပါးအမျိုးသားများကမေးမြန်းလာ ကြလျှင်ဘုရားသခင်၏ကတိတော်များပြည့်စုံလာပြီဟုဖြေကြားမည်။ ဇိအုန် တောင်နှင့်ပတ်သက်သောကတိတော်များပြည့်စုံ၍ကိုယ်တော်၌ဆင်းရဲသား များသည်ယေရုရှလင်ကိုမှီခိုကြမည်။

Previous Article
Next Article