ဟေရှာယအနာဂတ္တိကျမ်း ၁၉

၇။ အဲဂုတ္တုအမျိုး(အခန်း၁၉-၂၀)

၁၉:၁-၃ ဘုရားသခင်ကအဲဂုတ္တုပြည်အားတရားစီရင်သောအခါရုပ်တုဆင်းတုများတုန်လှုပ်မည်။ အဲဂုတ္တုပြည်သူပြည်သားများ၏စိတ်နှလုံးသည် ထိုရုပ်တုများထဲတွင်အရည်ပျော်ဝင်သွားကြမည်။ စစ်မီးငြိမ်းသွားသောအခါ လူတို့၏အသိဉာဏ်ဦးနှောက်ထက်မြက်ခဲ့သမျှသည်အချည်းနှီးဖြစ်ကြောင်း အသိတရားရရှိကြမည်။ ပြုစားခြင်းနှင့်မှော်အတတ်ပညာများသည်လည်းပ ပျောက်ကုန်မည်။

၁၉:၄-၁၀ ရက်စက်ကြမ်းကြုတ်သောမင်းများကတိုင်းပြည်အုပ်ချုပ် လာကြမည်။ မိုးခေါင်သဖြင့်အစိုဓာတ်ခမ်းခြောက်မည်။ ရေအလုံလောက် မရရှိကြသဖြင့်သီးနှံများပျက်စီးမည်။ ယက္ကန်း သည်နှင့်အထည်အလိပ်စက်ရုံ များအလုပ်လက်မဲ့ဖြစ်ကြမည်။ တံငါသည်များပိုက်ကွန်ချစရာရေရှာတွေ့ မည်မဟုတ်။ ပြည်သူများငတ်မွတ်ဆူပူကြမည်။ အုပ်စိုးသူမင်းကလည်းမ ဖြေရှင်းနိုင်သဖြင့်အကြမ်းနည်းဖြင့်ငေါက်ငမ်းအုပ်ချုပ်မည်။

၁၉:၁၁-၁၅ ဖာရော့ဘုရင်၏အကောင်းဆုံးအကြံပေးအရာရှိ၊မင်းတိုင်အမတ်များ၊ဇောနမင်းနှင့်နောဖမင်းများကလည်းအကြံဉာဏ်မပေးနိုင်။  ဉာဏ်ပညာမမီကြ။ အကြံဉာဏ်မထွက်။ ထို့ကြောင့်အဲဂုတ္တုပြည်၏အခြေအ နေသည်မျှော်လင့်ချက်လျော့နည်းကုန်ခမ်းသွားမည်။

ပထမပိုင်းအပိုဒ်ငယ်(၁၅)ခုပရောဖက်ပြုချက်များသည်ပြည့်စုံခဲ့သည်။ ဟေရှာယပရောဖက်ပြုချက်အတိုင်းမင်းဆိုးမင်းယုတ်Tirhakahအုပ်စိုးခဲ့ စဉ်တပြည်လုံးစစ်ဘေးဒဏ်သင့်ခဲ့သည်။ ငတ်ပြတ်ဆင်းရဲခဲ့ကြသည်။ အာရှုရိလူများက(၁၂)ပြည်ကွဲအောင်အစိပ်စိပ်အမွှာမွှာလုပ်ခဲ့သော်လည်း Psammetichusလက်ထက်တွင်ပြန်လည်စုစည်းကြမည်။ ဤအခန်း၏ပ ရောဖက်ပြုချက်များသည်အားလုံးမပြည့်စုံသေး။

၁၉:၁၆-၁၇ ဘုရားသခင်၏လက်တော်အနည်းငယ်လှုပ်ရှားသည်နှင့်အဲ ဂုတ္တုပြည်သည်တုန်လှုပ်ခြောက်ခြားမည်။ ဘုရားသခင်သည်။ ယုဒပြည် ဘက်၌ပါရှိသောကြောင့်အဲဂုတ္တုပြည်ကယုဒပြည်အားကြောက်ရွံ့ခန့်ညား မည်။ ယုဒပြည်စကားဟူသမျှကိုနားစိုက်သည်။

၁၉:၁၈-၂၀ အဲဂုတ္တုပြည်ကိုလည်းပြန်လည်စုစည်းကြမည့်အကြောင်း ကတိတော်ပြုထားသည်။ မြို့ကြီးငါးမြို့သည်ယေဟောဝါဘုရားအားရှိခိုးကိုး ကွယ်ကြရာသာသနာ့မြို့တော်များဖြစ်လာမည်။ ထိုမြို့ကြီးများထဲတွင် Heliopolis(နေဘုရားကိုးကွယ်ရာ)လည်းပါဝင်သည်။ ပျက်စီးခြင်းမြို့တော် ဟုလည်းခေါ်ဝေါ်ကြသည်။ ပြည်အစွန်အနားတွင်ထာဝရဘုရားအဖို့မှတ် တိုင်ရှိမည်။ ထိုမှတ်တိုင်သည်အဲဂုတ္တုပြည်တွင်နိမိတ်လက္ခဏာဖြစ်မည်။  ထာဝရဘုရား၏ သက်သေလည်းဖြစ်မည်။ အပိုဒ်ငယ်(၁၉)ပရောဖက်ပြုချက် များသည်ဘီစီ(၁)ခုနှစ်တွင်ပြည့်စုံခဲ့ပြီ:ပြီဟုယောရှုဖတ်ကဆိုသည်။ ယဇ်ပုရောဟိတ်ကြီးOniasယေရုရှလင်မှအဲဂုတ္တုပြည်သို့ထွက်ပြေးရောက်ရှိခဲ့စဉ် အဲဂုတ္တုပြည်တွင်ယဇ်ပလ္လင်တစ်ခုတည်ခဲ့သည်။ သို့သော်လည်းပရောဖက်ပြု ချက်များအားလုံးသည်အနှစ်တစ်ထောင်အုပ်စိုးခြင်းကာလ၌ပြည့်စုံမည်ဟုယုံ ကြည်ရသည်။

၁၉:၂၁-၂၂ အဲဂုတ္တုပြည်တွင်ဘုရားသခင်၏တရားစီရင်ခြင်းကျရောက် သော်လည်းဘုရားသခင်ကိုကိုးကွယ်ကြသောလူနည်းစုသည်ငြိမ်သက်ချမ်း သာရရှိကြမည်။

၁၉:၂၃ ထိုကာလတွင်အဲဂုတ္တုပြည်မှအာရှုရိပြည်သို့အဝေးပြေးလမ်းမကြီးဖွင့်သောကြောင့်လူအများဥဒဟိုသွားလာကြမည်။ ယေဟောဝါဘုရားကို အတူတကွကိုးကွယ်ရှိခိုးကြမည်။

၁၉:၂၄-၂၅ ဣသရေလ၊အဲဂုတ္တုနှင့်အာရှုရိပြည်တို့သည်ပုလဲနံပသင့် လျက်သုံးယောက်ပေါင်းလောင်းကျော်၊သုံးလွန်းတင်ဖြစ်ကြမည်။ မဟာမိတ် ပြုကြမည်။ ခရစ်တော်၏နိုင်ံတော်၌ ကောင်းကြီးမင်္ဂ လာအတူတကွခံစား ကြမည်။ ထိုနေ့ရက်ဟုထပ်ခါထလဲလဲသုံးထားသည်ကိုသတိပြုပါ (ငယ်၁၆၊၁၈၊၁၉၊၂၁၊၂၃၊၂၄)

Previous Article
Next Article