ဟေရှာယအနာဂတ္တိကျမ်း ၂၀

၂၀:၁-၆ အာရှုရိဘုရင်သာဂုန်၏စစ်သေနာပတိတာတန်သည်ဘီစီ (၇၁၁)ခုနှစ်တွင်ဖိလိတ္တိမြို့တော်အာနသုပ်မြို့ကိုတိုက်ခိုက်အောင်မြင်သည်။  ထိုအခိုက်တွင်ဘုရားရှင်သည်ဟေရှာယအားအဝတ်အစားမပါဘဲသွားလာ စေသည်။ (အမှန်တကယ်ကိုယ်လုံးတီးနေခြင်းမဟုတ်)။ ဘိနပ်မပါဘဲသွား လာခြင်းမှာအာရှုရိပြည်ကအဲဂုတ္တုနှင့်အဲသယောပိပြည်အားအောင်မြင်၍ အရှက်တကွဲအကျိုးနည်းကြမည့်အကြောင်းအမှတ်သင်္ကေ တဖြစ်သည်။  ထိုအဖြစ်ကိုကြည့်၍ယုဒလူမျိုးသည်အဲဂုတ္တုသားများ၏အာရှုရိရန်ကာ ကွယ်ကြပုံကိုတွေ့မြင်ကြသည်။ (အချို့ကအခန်းငယ်၅-၆သည်ဖိလိတ္တိလား၊ ယုဒလားဟုမသဲမကွဲ၍အငြင်းပွားချင်ကြသည်။ ပါလက်စတိုင်းဒေသတစ်ခု လုံးကိုရည်ညွန်းပါသည်။ )၂၉

Previous Article
Next Article