ဟေရှာယအနာဂတ္တိကျမ်း ၂၂

၁၁။ ယေရုရှလင်(အခန်း၂၂)

၂၂:၁-၅ ဗျာဒိတ်ရူပါရုံချိုင့်ဝှမ်းသည်ယေရုရှလင်မြို့ကိုရည်ညွှန်းသည် (ငယ်၉၁၁ကိုကြည့်)ယေရုရှင်လင်မြို့တော်သည်ဝိုင်းရံခြင်းခံနေရသည်။ မြို့သူ မြို့သားများသည်အိမ်ခေါင်မိုးနှင့်မြို့ရိုးမျှော်စင်တက်၍လာရောက်ဝိုင်းရံသော ရန်သူများကိုလှမ်းကြည့်ကြသည်။ တချိန်ကပျားပန်းခတ်မျှစည်းကားခဲ့သော မြို့လယ်လမ်းမကြီးသည်ပလိပ်ရောဂါသည်များဖြင့်ဒုက္ခတောများဖြစ်ပြီ။ အုပ် စိုးသူမင်းများနှင့်မြို့သူမြို့သားများထိုဘေးရန်မှလွတ်မြောက်ဖို့ကြံစည်ရုန်း ကန်ကြသည်။ ထိုမြို့သားများထဲတွင်ဟေရှာယကိုယ်တိုင်လည်းပါဝင်သည်။  ဘုရားသခင်ကယေရုရှလင်မြို့တရားစီရင်မည့်အကြောင်းကိုအသဲတထိတ် ထိတ်ဖြင့်စိတ်ပူစောင့်ကြည့်နေရသည်။

၂၂:၆၁-၁ ဧလံနှင့်ကိရမြို့များသည်ဗာဗုလုန်စစ်သားများအင်အားစုစည်း ရာတောင်းပိုင်းနှင့်မြောက်ပိုင်းရပ်ဖြစ်သည်။ မြင်းရထားများနှင့်မြင်းစစ်သည် တော်များသည်ချိုင့်ဝှမ်းလွင်ပြင်တစ်ခုလုံးတွင်ပြည့်နှက်လျက်မြို့တော်ကိုဝိုင်းရံ ပိတ်ဆို့ထားကြသည်။ ဂျူးလူမျိုးများသည်ဝိုင်းဝန်းပိတ်ဆို့ခြင်းဘေးရန်မှလွတ် မြောက်အောင်အကြံထုတ်ကြသည်။ ကြံ့ကြံ့ခံနိုင်အောင်စီစဉ်ကြသည်။ အိမ်နံရံ များကိုဖျက်ဆီး၍မြို့ရိုးခိုင်ခံအောင်မွမ်းမံပြင်ဆင်ကြသည်။ ရေကန်ဟောင်းမှ ထွက်သောရေများကိုသွယ်တန်းသောက်သုံးကြသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အမျိုးမျိုးကြိုးစားပြင်ဆင်ကြသည်။ သို့သော်ရှေးကဖန်ဆင်းတော်မူသောသူကို မကြည့်မှတ်တတ်ကြ။

၂၂:၁၂-၁၄ ဘုရားသခင်သည်ထိုသူများကိုနောင်တရဖို့ခေါ်သောအခါပြက် ရယ်ပြုဟားတိုက်ခဲ့ကြဘူးသည်။ ဘုရားစကားကိုမထီလေးစားပြုခြင်းကိုဘုရားသခင်ကခွင်မလွှတ်နိုင်။

၂၂:၁၅-၁၉ ဟေဇကိမင်း၏ဘဏ္ဍာစိုးရှေဗနသည်သူ့အတွက်သင်္ချိုင်းဂူ ထွင်းလုပ်သည်။ ၎င်းသည်အချည်းနှီးဖြစ်သည်။ အကြောင်းဆိုသော်ထိုအမတ် မင်းသည်ထိုမြို့တွင်သေရမည်။ လောက်စာလုံးလွှဲပစ်သကဲ့သို့အဝေးသို့ရောက် မည်။ တိုင်းတပါးသို့ဖမ်းဆီးခြင်းခံရမည်။ ထို့အပြင်ရှေဗနသည်အဲဂုတ္တုပြည်၌ အဲဂုတ္တုမင်းနှင့်ပေါင်းဖက်သောကြောင့်ကျက်သရေယုတ်ကမ်းသည်မိမိဘုရင် ကိုသစ္စာဖောက်ခြင်းဖြင့်အရှက်ကွဲစေသည်။

၂၂:၂၀-၂၄ ရှေဗနလွန်မြောက်သောအခါသူ့နေရာတွင်ဘုရားသခင်က ဟိလခိသားဧလျာကိမ်အားနေရာပေးသည်။ ဧလျာကိမ်သည်ဘုရားသခင်ကချီး မြှောက်ထားသူဖြစ်သည့်အတိုင်းမင်းကျင့်တရားနှင့်အညီစီရင်တတ်သူဖြစ် သည်။ ဒါဝိဒ်၏အိမ်တော်သော့တံခါး၃၂ ကိုလည်းအပ်နှင်းထားသည်။ မင်းကျင့်သိက္ခာထိန်းသူဖြစ်၍နေပြည်တော်ကိုစောင့်ထိန်းသောအစေခံကောင်းဖြစ်သည်။  (ဗျာ၃:၇)တွင်သခင်ယေရှုကိုဒါဝိဒ်၏အိမ်တော်သော့ထိန်းအဖြစ်ဖေါ်ပြထား သည်။ ထို့ကြောင့်ဧလျာကိမ်သည်ဘုရားသခင်၏အမှုတော်တွင်လူမှန်၊ နေရာမှန်ရရှိ‌သူ၊ အမှုတော်ဆောင်ကောင်းဖြစ်ကြောင်းသိရှိရသည်။

၂၂:၂၅ ဘုရားရှင်ကဧလျာကိမ်ကိုမြဲသောအရပ်၌စွဲသောတံစိုကဲ့သိုသူ့ကို ငါစွဲစေမည်။ (ငယ်၂၃)ဟုဆိုသည်။ ထိုတံစို့နေရာမှရွှေ့ခြင်း၊ခုတ်လှဲခြင်းသည်ယုဒလူမျိုးများပြိုလဲပျက်စီး၍ဖမ်းဆီးခံရမည့်အကြောင်းအတိတ်နိမိတ်ပေးသည်။

Previous Article
Next Article