ဟေရှာယအနာဂတ္တိကျမ်း ၂၇

၃။ ရွေးနှုတ်ထားသောဣသရေလများအတွက်

တေးသီချင်း(အခန်း၂၇)

၂၇:၁ ရောက်လာမည့်ဘုရားသခင်နေ့ရက်တွင် ပြေးတတ်သောမြွေ လဝိသန်(အာရှုရိ)၊ လိမ်သောမြွေလဝိသန်(ဗာဗုလုန်)၊ ပင်လယ်၌ရှိသောနဂါး(အဲ ဂုတ္တု) တို့ကိုယေဟောဝါဘုရားသုတ်သင်ဖယ်ရှားပေးမည်။ အချို့ကျမ်းစာပညာ ရှင်များကထိုမကောင်းဆိုးဝါးသုံးကောင်စလုံးသည်ဗာဗုလုန်ကိုရည်ညွှန်းသည်ဟုဆိုကြသည်။ အချို့ကစာတန်မာရ်နတ်ဟုဆိုကြသည်။ လောကတခွင်ကိုမွှေ နှောက်နိုင်စွမ်းရှိသောမြွေဆိုးသို့မဟုတ်နဂါးဖြစ်သည်ဟုဆိုကြသည်။  (က ၃:၁၊ ဗျာ၁၂:၃၊ ၁၃:၂၊ ၁၆:၃)။

၂၇:၂-၆ ထိုနေ့ရက်ကာလတွင် ဘုရားသခင်ရွေးနှုတ်ထားသောစပျစ်ဥယျဉ် (ဣသရေလ)သည်ဘုရားရှင်အားချီးမွမ်းသီဆိုကြမည်။ ဘုရားသခင်ကစပျစ်ဥ ယျာဉ်အားနေ့ညဉ့်မပြတ်စောင့်ကြပ်မည်။ အမျက်ဒေါသသင့်ခြင်းအလျဉ်းမရှိ စေရ။ အကယ်၍ထိုစပျစ်ဥယျာဉ်အားမျက်စောင်းထိုးရန်ညိုးဖွဲ့သူပေါ်ပေါက် လျှင်ဘုရားသခင်ကထိုရန်သူများအားပေါင်းမြက်ပင်၊ဆူးပင်များကဲ့သို့မီးရှို့ပစ် မည်။ ဘေးမသီရန်မခလုံခြုံအောင်ကွယ်ကာစောင့်ရှောက်မည်။ အနှစ်တစ်ထောင် ခရစ်တော်နိုင်ငံတော်တွင်ဣသရေလအမျိုးသည်ဖူးငုံသီးပွင့်မည်။ လောကနိုင်ငံ တစ်ခုလုံးတွင်ဣသရေလအသီးအပွင့်များပြည့်ဝဝေဆာစေမည်။

၂၇:၇-၉ ဘုရားသခင်သည်ဣသရေလအမျိုးအား အခြားသောတပါးလူ မျိုးကဲ့သို့သဘောမထားနိုင်။ ဣသရေလလူမျိုးအပေါ်ထားရှိသောသဘောထားသည် ရည်ရွယ်ချက်အကန့်အသတ်ရှိသည်။ ဘုရားကိုမချစ်ဘဲ၊ရုပ်တုဆင်းတု များကိုကိုးကွယ်ကြသောကြောင့်နိုင်ငံရပ်ခြားသို့မောင်းထုတ်ဆုံးမသည်။ ထိုသို့ အရေးယူအပြစ်ပေးခြင်းမှာဣသရေလလူမျိုးကိုရုပ်တုဆင်းတုဘုရားတုမကိုး ကွယ်ကြစေရန်ပညာပေးခြင်းဖြစ်သည်။ ဘုရားစစ်ဘုရားမှန်ထာဝရဘုရားကိုသာယုံကြည်ကိုးစားစေချင်သည်။

၂၇:၁၀-၁၁ ထိုကာလတွင်ယေရုရှလင်မြို့ပျက်သုန်းကြောင်းတွေ့ရမည်။  ထွက်လာသောရွက်နုမြက်သစ်များကနွားသငယ်များကစားကြမည်။ အခက်အ လက်များကိုအိမ်ရှင်မများကအခြောက်လှမ်း၍လောင်စာလုပ်ကြမည်။ အဘယ် ကြောင့်ဆိုသော်ထိုသူများသည်ဝိညာဉ်ရေးရာအသိတရားမပြည့်ဝကြ။

၂၇:၁၂-၁၃ ထိုနေ့ရက်ကာလ၌ဣသရေလတို့အဝင်၌စစ်မှန်သောအသီး နှင့်မကောင်းသောအသီးများကိုရွေးချယ်မည်။ မြစ်ရိုးတလျှောက်အပင်ရှိသမျှကိုလှုပ်ခါမည်။ အာရှုရိပြည်၊အဲဂုတ္တုအနှံ့တွင်ပြန့်ကြဲပျောက်လွင့်နေသောယုဒလူများကိုပြန်လည်စုစည်းမည်။ ယေရုရှလင်သို့ပြန်လည်ခေါ်ဆောင်၍ဘုရားသ ခင်ကိုအတူတကွဝတ်ပြုကိုးကွယ်ကြမည်။

Previous Article
Next Article