ဟေရှာယအနာဂတ္တိကျမ်း ၂၉

၂။ အရီလ၊ယေရုရှလင်သို့အမင်္ဂလာ(အခန်း၂၉)

၂၉:၁-၄ အရီလ၊ယေရုရှလင်မြို့တော်သည် ဒါဝိဒ်မင်းနန်းစိုက်ရာအခွင့်အ ရေးထူးရသောနေပြည်တော်ဖြစ်သည်။ ထိုမြို့သူမြို့သားများသည်တနှစ်ပြီးတ နှစ်မိမိတို့ယုံကြည်ကိုးကွယ်ရာဘုရားရှင်ကိုကိုးကွယ်ခွင့်ရခဲ့သည်။ သို့သော် လည်းဘုရားရှင်သည်ထိုမြို့တော်သူမြို့တော်သားများအားဘာမှမကျန်အောင် စိတ်ဖိစီးခြင်းမျိုးစုံပေးသည်။ အရီလ(Ariel)ဟူသောစကားတွင်အဓိပ္ပါယ်(၂) မျိုးရှိသည်။             “ဘုရားသခင်၏ခြင်္သေ့”သို့မဟုတ်“ယဇ်ပလ္လင်” (ယေဇ၄၃:၁၅-၁၆ တွင် အရီလကိုယဇ်ပလ္လင်၏ရင်ပြင်ဟုဆိုသည်) ဟုအနက်ရသည်။ တချိန်က “ဘုရားသခင်၏ခြင်္သေ့”ဟုအနက်ရသောမြို့တော်သည်ယခုအခါယဇ်ပလ္လင် များဖြင့်ပြည့်နှက်နေသည်။ ထိုသူများသည်ယဇ်ပူဇော်သူများဖြစ်သည်။

၂၉:၅-၈ ရန်သူများကယေရုရှလင်မြို့အားတိုက်ခိုက်ချေမှုန်းဖို့ပြုကြစဉ် ဘုရားသခင်သည်ကြားဝင်၍ဖြေရှင်းပေးသည်။ ရန်သူများကိုမြေမှုန့်၊ ဖုံမှုန်ရှင်း လင်းသည့်ပမာသန့်စင်စေသည်။ အိပ်ယာမှလန့်နိုးသည့်အခါပျောက်လွင့်သည့် အိပ်မက်ကဲ့သို့ပျောက်ကွယ်သွားကြသည်။

၂၉:၉-၁၂ ထိုရပ်သူရွာသားများသည် အိပ်ချင်ယောင်ဆောင်သူအနိုးရခက် ကြသည်။ မမြင်ချင်၊မကြားချင်ယောင်ဆောင်ကြသည်။ မူးယစ်သောက်စား၍ တေလေဂျပိုးပြုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုစိတ်မဝင်စားကြ။ ဘုရားသခင်၏စကားများကိုဖတ်ခိုင်းလျှင်တံဆိပ်တော်ခတ်နှိပ်ထားသော ကြောင့် ဖတ်နိုင်စွမ်းမရှိဟုတစ်ယောက်ပြီးတစ်ယောက်ငြင်းဆိုကြသည်။

၂၉:၁၃-၁၄ အဘယ်ကြောင့်ဆိုသော် ဘာသာစကားကိုလူမြင်ကောင်း အောင်အပေါ်ယံမျှသာယုံကြည်လက်ခံကြသည်။ ဘုရားသခင်ကိုဘာသာရေး အယူဝါဒတစ်ခုအဖြစ်သာသိမှတ်ကြသည်။ ဘုရားသခင်သည်သဘာဝလွန်တရား စီရင်သူ၊ လူ့ဉာဏ်ပညာဖြင့်မမီနိုင်သောအသိဉာဏ်အရှင်သခင်ဖြစ်သည်။ အပိုဒ် ငယ်(၁၄)တွင်ပါရှိသည်။ အံ့ဩကြောက်မတ်ဖွယ်အမှုဆိုသည်မှာသနာခရိပ်ဝင် ရောက်လာခြင်းဖြစ်သည်။ ထို့အကြောင်းကို W.E.Vine ကဤသို့ဆိုထား သည်။

ယုဒအုပ်စိုးသူမင်းများသည်အဲဂုတ္တုပြည်လက်အောက်ခံကြသည်။ ထိုသို့ ပြုခြင်းသည်နိုင်ငံရေးပရိယာယ်ဟုဆိုနိုင်သော်လည်း ဘုရားသခင်၏အမြင် တွင်ဘုရားကိုပုန်ကန်ခြင်းဖြစ်သည်။ ဘုရားသခင်သည်ယုဒများအားနိုင်ငံရေး ပရိယာယ်ကြွယ်ဝစေလိုသည်မဟုတ်။ ဘုရားသခင်တစ်ပါးတည်းကိုသာကိုးစား စေချင်သည်။ ဘုရားသခင်၏အမှုတော်၌ပျော်မွေ့စေချင်သည်။၃၉

ယနေ့ခေတ်ကာလတွင်လည်းအံ့ဩကြောက်မက်ဖွယ်အမှုသည် ဧဝံဂေလိ သတင်းစကားအားဖြင့်ပြည့်စုံပြီ (၁ကော၁:၁၈-၂၅ကိုကြည့်)။

၂၉:၁၅-၁၆ အုပ်စိုးသူမင်းများက ဘုရားသခင်ကိုမမြင်ဘဲ၊ အဲဂုတ္တုတို့၏ လှည့်စားမှုခံပြီးမိဿဟာယပြုခြင်းသည်အမင်္ဂလာဖြစ်သည်။ အမှုကိစ္စတိုင်း တွင်ပုလင်းတူးဗူးဆို့ကြသည်၊။ အပြန်အလှန်အပေးအယူတည့်ကြသည်။ အိုးထိန်းသမားကို အိုးမြေကဲ့သို့ထင်မှတ်ကြသည်။ ထိုသို့ဖြင့်ဘုရားသခင်၏ဉာဏ်ပညာနှင့် ဘုန်းတန်ခိုးကိုငြင်းပယ်ကြသဖြင့်အမင်္ဂလာရှိကြသည်။

၂၉:၁၇-၂၁ သို့သော်ရွေးနှုတ်ရာနေ့ရောက်သောအခါ ထင်မှတ်သူဟူသမျှ အားလုံးဇောက်ထိုးပြောင်းပြန်မှောက်လှန်မည်။ ယခုကာလတွင်တောရိုင်းမြေ (ဝေဗဒုန်)သည်အသီးအနှံစည်ပင်ရာလယ်ဖြစ်မည်။ မျက်မှောက်ကာလတွင် အသီးအနှံဖြစ်ထွန်းသောမြေယာသည်ထိုနေ့ရက်တွင်အသီးအကင်းမျှပင်တွေ့ မည်မဟုတ်။ ဖုန်းဆိုးတောကဲ့သို့ဖြစ်မည်။ နားပင်းသောသူတို့သည်ကျမ်းစကားကိုကြားလိမ့်မည်။ မျက်စိကန်းသောသူတို့သည်မှောင်မိုက်ခြင်းနှင့်ကင်းလွတ်၍ အလင်းမြင်ကြလိမ့်မည်။ စိတ်နှိမ့်ချသောသူတို့သည်ထာဝရဘုရားကိုအမှီပြု၍ ဝမ်းမြောက်ခြင်း၊တိုးပွားကြလိမ့်မည်။ ဖိစီးနှိပ်စက်တတ်သူ၊ ဟော့ရမ်းမိုက်ရိုင်း သူလူတန်းစားရှိတော့မည်မဟုတ်။ မတရားသဖြင့်ပြုသောသူ၊ ထောင်ချောက် ဆင်သောသူများပပျောက်မည်။ ဖြောင့်မတ်ခြင်းကိုသာရှာဖွေကြိုးပမ်းကြမည်။

၁၉:၂၂-၂၄ ကျန်ကြွင်းသော ဣသရေလများကိုယာကုပ်အမျိုးဟု ဤ နောက်ဆုံးကျမ်းပိုဒ်တွင်အမွှမ်းတင်ထားသည်။ အရှက်အကြောက်နှင့်အန္တရယ် များကျော်ဖြတ်ကုန်ပြီ။ ယာကုပ်၏ သားသမီးများသည်ဘုရားစစ်ဘုရားမှန်ကိုသိရှိသွားကြ၍ ရှိခိုးကိုးကွယ်ကြမည်။ ဘုရားသခင်ကိုကြောက်ရွံ့ကြမည်။ နလဗိန်းတုံးလူမိုက်များဉာဏ်ပညာရရှိ၍ လူဆိုးများယဉ်ပါးလာကြမည်။

Previous Article
Next Article