ဟေရှာယအနာဂတ္တိကျမ်း ၃၈

(ခ)ဟိဇကိမင်းဖျားနာခြင်းနှင့်နလံပြန်ထခြင်း(အခန်း၃၈)

၃၈:၁-၈ အခန်းကြီး၃၈သည်သမိုင်းကြောင်းအရအခန်းကြီး၃၇၏အ ဆက်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်အပိုဒ်ငယ်-၆တွင်အာရှုရိမင်းများလက် ထက်မှကယ်နှုတ်မည်ဟုကတိတော်ပြုထားသည်။ ပြီးခဲ့သောအခန်း၃၇အဆုံးတွင်အာရှုရိတို့၏ဘေးရန်ခြိမ်းခြောက်ခြင်းများအဆုံးသတ်သွားပြီဖြစ်သည်။

ဟိဇကိမင်းသည်အသဲအသန်ဖျားနာသောအခါအသက်ရှင်ချင်သေး ကြောင်းဆုတောင်းသည်။ ဒါဝိဒ်၏ဘုရား၊ဘုရားသခင်ကနောက်ထပ်(၁၅)နှစ် အသက်ရှင်ဖို့ရက်ထပ်တိုးပေးလိုက်သည်။ ထို့ကြောင့်ပြန်လည်ထူထောင်နလံထူ လာသည်။ သနာခရိပ်အားမောင်းထုတ်လိုက်သည်။ ဘုရားသခင်ကအာဟပ်မင်း၏နေနာရိအရိပ် အားဆယ်လှမ်းနောက်ပြန်ဆုတ်စေမည်ဟုဆိုသည်။ ဟေဗြဲကျမ်း တွင်ဤအပိုဒ်ငယ်၈သည်ဘာသာပြန်ရအခက်ဆုံးကျမ်းပိုဒ်ဖြစ်သည်။ သို့သော် နားလည်ရသည်မှာအာဟတ်မင်းလက်ထက်တွင်အချိန်နာရီသိရှိရန်နေနာရီပြု လုပ်ထားသည်။ ထိုနေနာရီလက်တံသွားသည့်အတိုင်းအချိန်နာရီရေတွက်ကြ သည်။ သို့ဖြင့်အာဟပ်မင်း၏နေနာရီလက်တံအားဘုရားသခင်ကနောက်ပြန် ဆယ်လှမ်းဆုတ်ခိုင်းသည်ဟုနားလည်ရသည်။

၃၈:၉-၁၅ ဟိဇကိမင်းသည်ပြန်လည်ကျန်းမာထူထောင်လာသည်။ နလံ ပြန်ထ၍စာရေးနိုင်သည်။ ထိုအကြောင်းကိုအဖြစ်အပျက်ကိုကဗျာတပုဒ်၊ဆာလံ သီချင်းတစုအဖြစ်ရေးထားသည်။ ဤအဖြစ်အပျက်သည်သီးသန့်ဖြစ်သည်။ ဓမ္မရာဇဝင်စတုတ္ထစာစောင်နှင့်မသက်ဆိုင်။ မွန်းတည့်ချိန်တွင်နေဝင်တော့မည်။ ဘဝတပါးသို့ပြောင်းရတော့မည့်အကြောင်းဆင်ခြင်သိရှိသောအခါဝမ်းနည်းကြေကွဲသည့်အကြောင်းဖြင့်သီချင်းအစပြုထားသည်။ YAH.ဘုရားသခင်ကိုမြင်ရ တော့မည်မဟုတ်။ ဘုရားသခင်၏ကောင်းမြတ်ခြင်းကိုကြုံတွေ့ရတော့မည်မ ဟုတ်။ လူ့ဘဝနှင့်အဆက်ပြတ်ကင်းဝေးရတော့မည်။ သိုးထိန်း၏တဲကုပ်ပြိုလဲသကဲ့သို့လူ့ဘဝအဆုံးသတ်တော့မည်။ ယက္ကန်းစင်မှအပ်ချည်ကြိုးဖြတ်သကဲသို့ ပြတ်စဲရတော့မည်။ အထီးကျန်မည့်အကြောင်း၊နာကျင်စွာခွဲခွာရမည်ဖြစ် ကြောင်းလူ့ဘဝအသက်တာကုန်ဆုံးမည့်အကြောင်းဘုရားသခင်၏ကူညီမစမှု မတွေ့မြင်တော့မည်အကြောင်းသီကုံးထားသည်။

၃၈:၁၆-၂၀ အခန်းငယ်(၁၆)မူသင်ခန်းစာခေါင်းစဉ်ပြောင်းလဲသည်။ ဤ အတွေ့အကြုံများသည်လူသားတစ်ဦးအနေဖြင့်လူ့ဘဝတွင်မသွေကြုံတွေ့ရမည့် သင်္ခါရတရားဖြစ်ကြောင်းတရားဆင်ခြင်မိသည်။ ယခုမရဏာသေမင်းလက်ထဲမှဘုရားရှင်ကကယ်နှုတ်သည်။ လူ့ဘဝမှာပြုကျင့်ခဲ့သမျှသောအပြစ်ဒုစရိုက် များကိုဘုရားသခင်ကခွင့်လွှတ်ကြောင်းနားလည်သိရှိသည်။ အပိုဒ်ငယ်၁၈ သည်ဓမ္မဟောင်းသန့်ရှင်းသူများ၏ထူးခြားလေးနက်သောဘဝဒဿနဖြစ် သည်။ ယခုအချိန်တွင်အသက်ရှင်နေသေးသည်။ ဘုရားသခင်ကိုချီးမွမ်းနိုင် သည်။ သားသမီးများအားဘုရားသခင်ကိုယုံကြည်ကိုးစားဖို့မှာကြားနိုင်သည်။  ထို့ကြောင့်မသေသေးသည့်နေ့ရက်ကာလရှိသရွေ့ယေဟောဝါဘုရားသခင်ကို ချီးမွမ်းဖို့ဆုံးဖြတ်သည်။

၃၈:၂၁-၂၂ သမိုင်းကြောင်းဖြစ်စဉ်အရဆိုလျှင်ဤကျမ်းပိုဒ်များသည်အ ခန်းငယ်၆နှင့်၇အကြားတွင်ရှိသင့်သည်။ ဤနေရာတွင်ပါရှိခြင်းနှင့်ပတ်သက်၍ Kellyက “ဘုရားသခင်၏ကြံရွယ်ချက်သည်သူ့အကြောင်းနှင့်သူစိတ်ဝင်စား ဖွယ်ကောင်းပါသည်။ မည်သို့ပင်မပြည့်စုံခြင်းရှိစေကာမူဖြေရှင်းသည့်နည်း လမ်းရှိပါသည်။ ထို့ကြောင့်အမှတ်လက္ခဏာပေးခြင်းဖြစ်သည်။၄၅

ဤကျမ်းပိုဒ်နှင့်ပတ်သက်၍သင်ခန်းစာကောင်း(၂)ရပ်MatthewHenry ကထုတ်ပြထားသည်။

၁။ ဘုရားသခင်၏ကတိတော်များသည်မူလအကြောင်းတရားကိုပယ်ရှင်း၍အ စားထိုးပေးခြင်းဖြစ်သည်။ ထိုယုံကြည်ခြင်းဖြင့်ဟိဇကိမင်းသည်ပြန်လည်နလံထူလာသည်။ သင်္ဘောသဖန်းသီးကိုယူ၍(ငယ်၂၁)ကိုကြည့်ပါ။ ဆုတောင်းခြင်း သည်ဘုရားသခင်၏အဖြေပေးမပေးစုံစမ်းခြင်းမဖြစ်စေရ။ ယုံကြည်စိတ်ချစွာ ဆုတောင်းခြင်းဖြစ်သည်။

၂။ ဆုတောင်းခြင်း၏အန္တိမရည်ရွယ်ချက်သည်ကျန်းမာခြင်း၊အသက်ရှင်ခြင်း ဖြစ်သည်။ အမှန်မှာဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်ရသည်။ ကောင်းသော အကျင့်ကိုသိရှိကျင့်ကြံ၍ကျေးဇူးတော်ရေတွက်လျက်ကောင်းကင်နိုင်ငံ၌ပြန် လည်ဆုံစည်းကြမည့်အကြောင်းဖြစ်ရသည်။၄၆

Previous Article
Next Article